By 7daydaily, Shweproperty.com
Updated at 16 February 2016
မီးလောင်မှုများ ဆက် တိုက် ဖြစ်ပေါ်နေသောကြောင့် ရန်ကုန်တိုင်းရှိ နေအိမ်များကို အ ထူးစီမံချက်ဖြင့် တစ်အိမ်တက် ဆင်း လိုက်လံစစ်ဆေးရန် ပြည် ထောင်စုအစိုးရအဖွဲ့ရုံးနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က ညွှန်ကြားချက်များ ထုတ်ပြန်ထား ကြောင်း ရန်ကုန်တိုင်းမီးသတ်ဦး စီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသော်တာကပြောကြားသည်။
မီးဘေးကြိုတင်ကာကွယ်မှု အတွက် မီးဖိုနှင့် မီးသွယ်တန်း သည့်ကြိုးများ စနစ်တကျ ရှိ၊ မရှိ လိုက်လံစစ်ဆေးမည်ဖြစ်ကြောင်း ဦးသော်တာကပြောသည်။
‘‘ပြည်ထောင်စုအစိုးရရုံးက ရော ပြည်ထဲရေးဝန်ကြီးဌာနတို့က ပါ ညွှန်ကြားချက်ထုတ်ထားတာ ပေါ့။ အရင်နှစ်တွေကလည်း တစ် အိမ်ဆင်းတစ်အိမ်တက် လိုက်လံ စစ်ဆေးတာရှိခဲ့ပေမယ့် ဒီနှစ်က တော့ အထူးစီမံချက်ဆိုပြီး ညွှန် ကြားထားတာပေါ့။ မီးကိုပေါ့ဆစွာ မသုံးဖို့ရာတွေ၊ အကြံပေးဆောင် ရွက်ဖို့၊ စစ်ဆေးဖို့ လုပ်ဆောင်ရ တာပေါ့။ ညတွေမှာလည်း အသံ ချဲ့စက်တွေနဲ့ မီးဘေးဆော်သြတဲ့ ဟာတွေ ဆောင်ရွက်ဖို့ပေါ့။ တစ် အိမ်တက်ဆင်း စစ်တာတွေ လည်း အရှိန်အဟုန်မြှင့်ပြီးတော့ ခါတိုင်းနှစ်တွေလိုမဟုတ်ဘဲ အ ကြိမ်တွေများအောင် ဆောင်ရွက် နေပါတယ်’’ဟု ဦးသော်တာက ပြောသည်။
ယခုနှစ်တွင် အယ်လ်နီညို ရာသီဥတုကြောင့် အပူလွန်ကဲမည်ဖြစ်၍ မီးဘေးထိန်းသိမ်းနိုင်ရန် မီးသတ်ရဲဘော်များအား စွမ်းရည်မြှင့်တင် သင်ကြားထား ကြောင်း ဦးသော်တာက ဆက်လက်ပြောကြားသည်။
‘‘ပြည်သူလူထုက ဥပဒေကို လက်တစ်လုံးခြား မပြုလုပ်ဘဲ တိတိကျကျ လိုက်နာသင့်တယ်။ အဆောက်အအုံတွေအတွက် စည်ပင်သာယာကနေ မီးသတ်ထောက်ခံချက်ယူပါဆိုပြီး ရုံးကို လာလုပ်တယ်။ ကိုယ်စားလှယ်ကို လွှတ်လိုက်တယ်။ ပိုင်ရှင်က မ လာဘူး။ မီးသတ်ဆေးဘူး အသုံး ပြုဖို့ သင်လိုက်တာက လာဝယ်တဲ့ ကိုယ်စားလှယ်ကိုပဲ သင်မိတယ်။ အိမ်ကလူတွေက တကယ်ကျ တော့ မသုံးတတ်တော့ဘူး’’ဟု ၎င်းကပြောသည်။
မီးလောင်မှုများသည် ပေါ့ ဆမီးကြောင့် အများဆုံးဖြစ်ပြီး မီး သတင်းပေးမှု နောက်ကျခြင်းများ ကြောင့် မီးမငြှိမ်းသတ်နိုင်မှုများ ကြုံတွေ့နေရခြင်းဖြစ်ကြောင်းဦး သော်တာက ပြောသည်။ အိမ် တိုင်းတွင် မီးသတ်ဆေးဘူးများ ထားရှိသင့်ကြောင်း ၎င်းက အ ကြံပြုသည်။
‘‘ရေတွေစုထားရတော့မယ်။ မြို့လယ်၊ ရွာလယ်တွေမှာမီးသတ် ရေကန်တွေ ရှိသင့်တယ်။ မြို့ပြ စီမံကိန်း ရေးဆွဲစဉ်ကတည်းက အဲဒါတွေပါဖို့ ထည့်စဉ်းစားသင့် တယ်။ မီတာ ၁၀၀ အကွာတွေမှာ ရေငုတ်တစ်ငုတ် ထားရှိရမယ်။ အဲဒါမှ ရေသယ်တဲ့အခါ အဆင် ပြေမယ်’’ဟု ဦးသော်တာက ပြော သည်။
ရန်ကုန်တိုင်းတွင် ယခု ဖေ ဖော်ဝါရီလနှစ်ပတ်အတွင်း မီး လောင်မှု (၁၂)ကြိမ် ဖြစ်ပွားခဲ့ ကြောင်း ရန်ကုန်တိုင်းမီးသတ်ဦး စီးဌာနမှ သတင်းရရှိသည်။
ဖေဖော်ဝါရီ ၁၄ ရက်က လည်း အင်းစိန်မြို့နယ် ထန်းပင် ကုန်းရပ်ကွက် သဇင်လမ်းတွင် မီး လောင်မှုဖြစ်ပွားရာ နေအိမ်ငါး လုံး မီးလောင်ဆုံးရှုံးခဲ့သည်။
ကော့မှူးမြို့တွင်လည်း မီး ဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန် ကော့ မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်က ဖေဖော်ဝါရီ ၁၅ ရက်စွဲဖြင့် ညွှန်ကြားချက်ထုတ်ပြန်ထားသည်။
ကော့မှူးမြို့နယ် အုပ်ချုပ် ရေးမှူးက မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ လူနေထူထပ်သည့် ရပ်ကွက်၊ ဈေး၊ ကျောင်း၊ ဆေးရုံ၊ ရုံး စသည့်နေရာများတွင် လျှပ်စစ်မီးသွယ်တန်းမှု စနစ်တကျ ရှိ၊ မရှိ စစ်ဆေးရန်၊ လုပ်ငန်းရှင်များ လောင်စာဆီသိုလှောင်မှု အခြေ အနေများနှင့် ဓာတ်ဆီဆိုင်များ ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လောင်စာဆီထားရှိမှု စိတ်ချလုံ ခြုံရေး ကြိုတင်ကာကွယ်ရန် စ သည့်အချက်များ လုပ်ဆောင်ရန် ဖော်ပြထားသည်။
Ref : 7daydaily
Photo Credit : hotels-myanmar
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties