(၁)အိမ်ပုခတ်အိမ်၏ 

ခေါင်းရင်းနေအိမ်သည် မိမိအိမ်ထက်မြင့်မည်။ ခြေရင်းအိမ်သည်လည်း မိမိအိမ်ထက်မြင့်ပါက ကိုယ်နေသောအိမ်သည် အမိုးနိမ့်နေလျှင် “အိမ်ပုခက်” ဟုခေါ်သည်။

နေသောမိသားစုသည် စီးပွားတက်၏။သို့သော် မနေသင့်ပေ။
မိမိရဲ့ နေအိမ် အိမ်ပုခတ်ထဲ ပါဝင်နေပါက စည်းရိုးနားတွင် မြောင်းငယ်တစ်ခု ခြားထားပါ။

(၂) အိမ်မြင့်မိုရ်ကိုယ့်အိမ် 

ခေါင်းရင်းအိမ်က အမိုးနိမ့်မည်။ကိုယ့်အိမ်ခြေရင်းကလဲ အမိုးနိမ့်မည်။
ကိုယ့်အိမ်က အလယ်မှ အမိုးမြင့်မားနေပါက “အိမ်မြင့်မိုရ်”ဟုခေါ်သည် ။
လူကြီးမိဘတို့ကို ခေါင်းရင်းဘက်ထား၍ပြူ စုလုပ်ကျွေးအား သဒ္ဓါပြည့်ကအထူးကောင်းမွန်၏။

(၃)အိမ်တောင်တန်း

ကိုယ့်အိမ်၏ခေါင်းရင်းကမြင့်မည်။ကိုယ့်အိမ်၏ ခြေရင်းက ကိုယ့်အိမ်ထက်နိမ့်နေပါက”အိမ်တောင်တန်း”ဟုခေါ်သည် ။
တစ်စိမ့်စိမ့်စီးပွားဖြစ်၏။



(၄)ရေဆန်အိမ်

ကိုယ့်အိမ်၏ခေါင်းရင်းကနိမ့်၍ ကိုယ့်အိမ်၏ ခြေရင်းအိမ်က မြင့်နေပါက စီးပွားအသည်းအသန် ရှာရတတ်သည်။ “ရေဆန်အိမ်”ဟုခေါ်သည်။ ရှေးလူကြီးများက မဝယ်သင့်ဟုဆိုကြ၏။ကိုယ့်အိမ်၏ ခေါင်းရင်းနားတွင် မီးဖိုအကြီးကြီးဖြင့် စီးပွားရှာသောအိမ်ရှိနေပါက ထိုအိမ္ကို ဘုရားဆောင်ရွှေ့ခြင်း သို့မဟုတ်အိမ်အမိုးထပ်မြှင့်ခြင်းပြု အပ်၏။မကျန်းမမာဖြစ်တတ်၏ ။

ဦးခေါင်း အပူတိုက်ဟုခေါ်ကြသည်။သတိထားအပ်၏။ကိုယ့်အိမ်၏ ဘေးဘယ်ညာအိမ်တို့မှ ဆူညံစကား ပြင်းသောအသံချဲ့စက်ဆောင်းဘောက်စ်အသံ အဆဲအဆိုနူတ်ကြမ်းတမ်းခြင်းပြု လုပ်နေပါက ထိုအိမ်သည် “နတ်ဆိုးလှည်းအိမ်”ဟုခေါ်သည် ။ အမင်္ဂလာအသံကြားတွင်ညပ်နေ၍ဖြစ်၏။ 

မေတ္တသုတ် မပြတ်သရဇ္ဈယ်အပ်၏။အလွန်စပ်စပ်စုစုနိူင်သော အိမ်နီးပါးချင်း ငွေအချေးအငှား အလွန်ပက်စက်၍ ပြန်ဆပ်လျှင် လက်အလွန်ခက်သောသူတို့နှင့်နေထိုင်ရပါက မရွိပါ ဟူသောစကားကိုလိမ်ညာပြောတတ်ရ၍ သီလ မလုံသောကံကို စီရင်ဖန်တီးမိနေတတ်၍ အလိမ္မာဖြင့် ဝစီကံ ထိမ်းထိမ်းသိမ်းသိမ်းသတိထား ပြောရတတ်၏။ ဝစီဗေဒထိတိုင်းရှ ဟူသည်နှင့်အညီ ကိုယ်ပါ ဆင်းရဲနွမ်းပါးလာတတ်၏။

ဖတ်ရှုမှုအများဆုံး အိမ်ခြံမြေဗဟုသုတများ
 
အိမ်ဝင်းအတွင်း မစိုက်အပ်သောအပင်များနှင့် အိမ်ဆောက်တဲ့အခါ မဖြစ်မနေ သိထားသင့်တဲ့ အရေးကြီးတဲ့အချက်များ
 
အိမ်နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ ဖုန်းရွှေ ပညာရပ်ဆိုင်ရာ အယူအဆများ
 
အရပ်မျက်နှာ၊ နေရာဒေသအလိုက် ပျားစွဲအဟော
 
မိမိအိမ်မှာ အိမ်မြှောင်စုတ်ထိုးသံ ကြားရရင် ဘာဖြစ်နိုင်သလဲ

Credit By :maythadin
Posted By : Chan Myae (ShweProperty.com)