By Myanmar Builders Guide, Shweproperty.com
Updated at 23 April 2019
ကျန်စစ်မင်းတန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာအပိုင်း(၁)၏ ကျန်ရှိနေသည့် တိုက်ခန်းပေါင်း ၁၈၀ ကို အိမ်ရာချေးငွေစနစ်ဖြင့် ရောင်းချပေးမည်ဟု သိရသည်။
လှိုင်သာယာမြို့နယ်၊ ကျန်စစ်သားလမ်းမကြီးအနီးရှိ မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနပိုင် ကျန်စစ်မင်းတန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာအခန်းများကို ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံဖြိုးရေးဘဏ်တွင် အိမ်ရာစုဆောင်းငွေစာရင်း ပြည့်မီသူများကို ရောင်းချပေးသွားမည်ဖြစ် ကြောင်း သိရသည်။
လက်ရှိတွင် စုဆောင်းငွေကျပ်သိန်း ၃၀ နှင့်အထက် ပြည့်မီသူဦးရေ ၃,၀၄၂ ဦးရှိပြီး ၎င်းတို့အနေဖြင့် ချေးငွေစနစ်ဖြင့် ဝယ်ယူလိုပါက ဧပြီ ၂၂ ရက်မှ ၂၆ ရက်အတွင်း ဌာနသို့ အမည်စာရင်းလာရောက်ပေးသွင်းရမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
"အခုထပ်ရောင်းပေးတာက ကျန်စစ်မင်းအိမ်ရာအပိုင်း(၁)ရဲ့ လက်ကျန်အခန်းပေါင်း ၁၈၀ပါ။ အဲ့ဒီမှာ တန်ဖိုးသင့်အခန်းတွေကိုတော့ ကနဦးပေးသွင်းငွေ Downpayment ၅၀ ရာခိုင်းနှုန်း၊ တန်ဖိုးနည်းအခန်းတွေကိုတော့ ကနဦးပေးသွင်းငွေ Downpayment ၃၀ ရာခိုင်းနှုန်းနဲ့ ကျန်ငွေကိုတော့ ဘဏ်ချေးငွေစနစ်နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်" ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၂၂ ရက်က ပြောကြားထားကြောင်းသိရသည်။
မဲနှိုက်ဝယ်ယူခွင့်ရရှိသူများ၏ စာရင်းကို ဧပြီ ၂၉ ရက်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရုံးတွင် အသိပေးကြော်ငြာသွားမည်ဖြစ်ပြီး မေ ၃ ရက်တွင် မဲနှိုက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိမဲနှိုက်ရောင်းချပေးခဲ့သည့် အခန်းတန်ဖိုးများမှာ ရှစ်ခန်းတွဲ ငါးထပ်တိုက်ရှိ အခန်းတစ်ခန်းကို ကျပ် ၁၀၂ သိန်း၊ ၁၀၉ သိန်း၊ ၁၁၂ သိန်း၊ ၁၁၉ သိန်း၊ ၁၂၂ သိန်း၊ ၁၂၉ သိန်း၊ ၁၃၂ သန်း၊ ၁၃၉ သိန်းနှင့် ၁၄၂ သိန်းတို့ဖြစ်ပြီး အခန်းအကျယ်အဝန်းမှာ ၄၈၄ စတုရန်းပေပတ်လည်နှင့် ၅၂၂ စတုရန်းပေ ပတ်လည်ရှိကြောင်း သိရသည်။
ထိုနည်းတူ လေးခန်းတွဲ ငါးထပ်တိုက်ရှိ အခန်းတစ်ခန်းလျှင် ၂၁၄ သိန်း၊ ၂၂၉ သိန်း၊ ၂၄၄ သိန်း၊ ၂၅၉ သိန်းနှင့် ၂၇၄ သိန်းတို့ဖြစ်ပြီး အခန်းအကျယ်အဝန်းမှာ စတုရန်းပေ ၆၅၀ ပတ်လည်ရှိကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties