By Ra Wai, Shweproperty.com
Updated at 13 June 2022
ဒကာ တစ်ယောက်က “ အရှင်ဘုရား ဝါဆိုချိန်နီးလာပြီ ဆိုတော့ မြန်မာလူမျိုးများ ရဲ့ ဝါတွင်းကာလ မှ အိမ်မပြောင်းရ ၊ အိမ်မရွေ့ရ စတဲ့ အယူ အဆတွေကြောင့် ဝါမဆိုခင်ကတည်း ဒီကိစ ္စအတွက် အပြီးလုပ်နေကြတာကိုတွေ့ရ ပါတယ် ။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘုရားဟောထားတာ ရှိ သလား၊ ဒီအယူအဆတွေ ကို လိုက်ပြီးလုပ်သင့် သလား ၊ မလုပ်သင့် ဘူးလား စသဖြင့် ဆောင်ရန်ရှောင်ရန်တွေ ကို သိလိုပါတယ်ဘုရား ” စသဖြင့် မေးလျှောက်ဖူး လို့ ပြန်ပြီးဖြေပေးဖူး ပါတယ်။ ဟုတ်ပါတယ်။ အဲဒီဒကာမေးလျှောက်သလိုပဲ မြန်မာနိုင်ငံ မှာ ဝါတွင်းကာလ နဲ့ ပတ်သက်တဲ့ အရိုးစွဲနေတဲ့ အမှားတွေ အများကြီး ရှိပါတယ် ။ ဘာသာရေး နဲ့ မသက်ဆိုင်တဲ့ အယူအဆ အမှားတွေဟာ ကြာတော့ ဘုရား ပဲ ဟောသလိုလို ကျမ်းဂန်တွေ မှာပဲ ပါသလိုလို ဖြစ်ကုန်တာတွေ အများကြီးပါပဲ။ ဒီအများကြီးတွေထဲက မေးခွန်းရှင်မေးထားသလို၊ ဝါတွင်းကာလ အိမ်မပြောင်းရ၊ အိမ်မရွေ့ရ၊ အိမ်မဆောက်ရ စတာတွေလည်း ရှိသလို ဝါတွင်းကာလ အိမ်ထောင် မပြုရ ဆိုတာတွေတောင် ပါနေပါသေးတယ်။ ဒီအယူအဆတွေဟာ ဘုရားဟောထဲ မှာ မပါတဲ့ ၊ ဘုရားဟော နဲ့ မသက်ဆိုင်တဲ့ လောကီအယူအဆတွေပဲ ဖြစ် ပါတယ်။ ဝါတွင်းကာလ အိမ်မပြောင်းရ၊ အိမ်မရွေ့ရ၊ အိမ်မဆောက်ရ၊အိမ်ထောင် မပြုရဆိုတာ မှန်ကန်ပါသလား – Online – စာကြည့်တိုက် ဝါတွင်းကာလမှာ အိမ်ပြောင်းရင်၊ အိမ်ရွှေ့ရင် ဘာဖြစ်မယ် ၊ ညာဖြစ်မယ်ဆိုတဲ့ ရှေးရိုးစွဲ အယူအဆတွေ ၊ လောကဓာတ် ဆရာတွေရဲ့ ဟောပြောမှုတွေကြောင့် အခုနောက်ပိုင်းမှာ လူအတော်များများက ရက်ကောင်းရက်မြတ်ရွေး တာတို့ ၊ ဝါမဆိုခင်၊ ဒါမှမဟုတ် ဝါကျွတ်ပြီး မှ လုပ်တာတို့ စတာတွေ ဖြစ်လာကြတာ ဖြစ်ပါတယ်။ ဝါတွင်းကာလ မှာ အိမ်အပြောင်းအရွှေ့မလုပ်ကောင်းဘူးလို့ မြတ်စွာဘုရား ဟောခဲ့လား…?ရှေးတုန်းကတော့ ရာသီဥတု အနေအထားအရ ဝါတွင်း ဆိုတာ မိုးတွင်း ကာလ ဖြစ်တဲ့အတွက် မိုးရွာနေတဲ့အချိန်မှာ အပြောင်းအရွှေ့ လုပ်ရင် ပိုပြီးဒုက္ခများနိုင်တဲ့အတွက် ချောက်ချောက်သွေ့သွေ့ဖြစ်တဲ့ မိုးမကျခင် ကာလ ဒါမှမဟုတ် မိုးရာသီပြီးမှ လုပ်ကြတဲ့ အစဉ်အလာတွေ ရှိကြပါတယ်။ ဒါက ရာသီဥတု အခြေအနေကြောင့် ဖြစ်ပါတယ်။ခုနောက်ပိုင်းတော့ ဗေဒင်ဆရာ၊ ယတြာဆရာ၊ နက္ခတ္တဆရာ စတဲ့လောက ဓာတ် ဆရာတွေ ရဲ့ အာဘော်တွေ၊ ဒီလောကဓာတ် ဆရာတွေရဲ့ အယူအဆကို ယုံကြည်သူတွေကြောင့် ဝါတွင်းကာလ အိမ်မပြောင်းကောင်းတာတို့၊ အိမ်မရွှေ့ကောင်းတာတို့၊ အိမ်မဆောက်ကောင်းတာ တို့၊ အိမ်ထောင် မပြုကောင်းတာတို့ စတာတွေ ဖြစ်လာတာ ဖြစ် ပါတယ်။ ဒီလိုခေတ်စားလာ တာတွေဟာ ဘုရားဟောမှာ ပါလို့ လုပ်ကြတာတော့ မဟုတ်ကြပါဘူး ။ဗုဒ္ဓစာပေတွေမှာတော့ ဒီလိုကိစ္စတွေ နဲ့ ပတ်သက်ပြီး ဘယ်အချိန်မှာမလုပ်ကောင်းဘူး၊ ဘယ်အချိန်မှာ လုပ်ရမယ် စသဖြင့် ဟောထားတာမရှိပါဘူး။ ဘယ်လိုမင်္ဂလာ၊ ဘယ်လိုနက္ခတ်တွေနဲ့ အညီမှ လုပ်ရမယ် ဆိုတာ မရှိပါဘူး ။ ဒီလို နည်းတွေကိုလည်း ဘုရားမြတ်စွာကအားမပေးပါဘူး။ အဲ နက္ခတ်၊ မင်္ဂလာ စတဲ့အယူအဆတွေသိပ်ပြင်းပြနေတယ်ဆိုရင်တော့ ကောင်းတဲ့အကျင့်ကို များများကျင့်ကြဖို့ပဲ မိန့်တော်မူ ပါတယ်။ ဒီစကားတော်ကို ပရိတ်ကြီး၊ ပုဗ္ဗဏှသုတ်မှာ လာတဲ့စကားတော်က အထင်းအရှား ဖြစ်ေ စပါတယ်။ အဲဒီသုတ်တော်မှာ ဘုရားရှင်က “ကောင်းမြတ်သောအကျင့်ကို ကျင့်နေသူများအဖို့ အမြဲတမ်း နက္ခတ်ကောင်း ပါတယ် ၊ အမြဲတမ်း ကျက်သရေမင်္ဂလာ ရှိပါတယ်၊ အမြဲတမ်း ကောင်းသော မိုးလင်းခြင်း ဖြစ်ပါတယ်၊ အမြဲတမ်း ကောင်းသော အိပ်ရာထခြင်း ဖြစ်ပါတယ်၊ အမြဲတမ်း ကောင်းသော အချိန် အခါ ဖြစ်ပါတယ် ၊ အမြဲတမ်း ကောင်းသော ပူဇော်ခြင်း ဖြစ် ပါတယ်” လို့ ဟောကြားတော်မူထားတာ ကို တွေ့ရမှာ ဖြစ် ပါတယ် ။ နောက် အိမ်အပြောင်းအရွှေ့ ပြုလုပ်ကြတာ နဲ့ ပတ်သက်ပြီး ဗုဒ္ဓစာပေတွေမှာ အထူးမိန့်တော် မူထားတာ မရှိပေမယ့် အိမ်သစ်တက်တဲ့ အခါ၊ မြို့ရွာအသစ်တည် တဲ့ အခါတွေ နဲ့ ပတ်သက်ပြီးတော့ မဟာပရိနိဗ္ဗာနသုတ် မှာ မိန့်တော်မူထားတဲ့ ဘုရားစကားတော် ရှိပါတယ်။ ဒီသုတ်တော် မှာ ဘုရားရှင်က “ပညာရှိသည် အကြင်အရပ် ၌ အိမ်ရာဆောက်လုပ်နေထိုင် ၏၊ ဤအရ ပ်၌ သီလရှိသော၊ ကိုယ်နှုတ်နှလုံး စောင့်သုံးသော၊ မြတ်သောအကျင့်ကို ကျင့်သောပုဂ္ဂိုလ် တို့ကို ဆွမ်းကျွေးပြီး လျှင် ထိုအရ ပ်၌ ရှိသောနတ်တို့အား အလှူ ၏ အဖို့ကို အမျှဝေရာ ၏၊ ဤသို့ အမျှပေးဝေလတ်သော် နတ်တို့သည် ပူဇော်ခံရသဖြင့် ထိုအမျှပေးဝေသူ ကို အတုန့်ပြန် ၍ ပူဇော်ကုန်၏၊ မြတ်နိုးခံရသဖြင့်လည်း အတုန့်ပြန်၍ မြတ်နိုးကုန် ၏၊ ထို့ကြောင့် မိခင်သည် ရယ်ဝယ်သားကို စောင့်ရှောက်သကဲ့သို့ ထိုအမျှဝေသူကို စောင့်ရှောက်၏၊ နတ်တို့စောင့်ရှောက်ခံရသောသူသည် အခါခပ်သိမ်း ကောင်းခြင်းမင်္ဂလာ တို့ကိုသာ တွေ့မြင်ရလေ၏” လို့ဟောကြားတော်မူထားတာကို တွေ့ရပါတယ်။ ဒီစကားတော်အရ အိမ်အသစ်တက်တဲ့ အခါ၊ နေရာအသစ် ပြောင်းတဲ့အခါ မှာ အိမ်တက်အလှူစတာတွေ လုပ်ကြခြင်း ဖြစ်ပါတယ်။ ဒီလိုအလုပ်မျိုးကတော့ ဘုရားရှင် ရဲ့ တရားတော်နဲ့ လည်း ညီညွတ်လှတဲ့ အတွက် ကောင်းတဲ့ အစဉ်အလာ လို့ ပြောရမှာ ဖြစ် ပါတယ်။ ဒါပေမယ့် ဘယ်အချိန် ၊ ဘယ်ကာလမာှ ဘာမလုပ်ကောင်းဘူး ဆိုတာတွေကတော့ ဘုရားဟော နဲ့ မညီသလို၊ ကိုယ့် ရဲ့ ကံတရားတွေ ကို မယုံကြည်ကြလို့ပဲလို့ ပြောရမှာ ဖြစ်ပါတယ်။ တကယ်လို့သာ အခါကာလတွေ ပြောကြကြေးဆိုရင် ဝါးတွင်း ဝါပတွေ ရွေးစရာမလိုပါဘူး။ မကောင်းတာလုပ်တဲ့ သူတွေအတွက် အချိန်တိုင်းဟာ မကောင်းတာတွေ ဖြစ်နေမှာဖြစ်ပြီး ကောင်းတာလုပ်တဲ့သူတွေအတွက် အချိန်တိုင်းဟာ အကောင်းတွေပဲ ဖြစ်နေကြမှာ ဖြစ်ပါတယ်။ ဘယ်အချိန်အိမ်ပြောင်းပြောင်း ကိုယ်ကမကောင်းဘူးဆိုရင် မကောင်းတာတွေကို တွေ့ကြုံလာရမှာ ဖြစ်ပြီး ကိုယ်ကကောင်းနေမယ်ဆိုရင် ဝါတွင်းမှမဟုတ်ပါဘူး ဘယ်အချိန်ပဲ ဖြစ်ဖြစ် ကောင်းနေကြမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ဝါတွင်းကာလ ၊ အိမ်မပြောင်းရ၊ အိမ်ထောင်မပြုရ စတဲ့အယူအဆတွေဟာ ဘုရားဟောအရ လုပ်ကြတာမဟုတ်ဘဲ၊ ရှေးရိုးစွဲအယူအဆတွေကြောင့်နဲ့ ခေတ်စားလာတဲ့ လောကဓာတ် ဆရာတွေ ရဲ့ အယူအဆတွေကြောင့် မလိုအပ်ဘဲ အယူသည်း လာကြတာ ဖြစ်ကြောင်း၊ ဘုရားဟောအနေနဲ့ကတော့ တကယ်လို့ နက္ခတ်၊ မင်္ဂလာတွေ ရွေးကြကြေးဆိုရင် ကောင်းတဲ့ အကျင့်တွေ လုပ်နေခြင်းဟာ ကောင်းတဲ့နက္ခတ်၊ ကောင်းတဲ့မင်္ဂလာ စတာတွေ ဖြစ်နေကြမှာ ဖြစ်ပြီး မကောင်းတဲ့ အလုပ်တွေ လုပ်နေတဲ့အချိန်ဟာ မကောင်းတဲ့ အတိတ်နိမိတ်တွေ ဖြစ်နေကြမှာ ဖြစ်ကြောင်း မှတ်သားကြရမှာ ဖြစ်ပြီး ဒီလို ဘယ်အချိန်၊ ဘယ်ကာလစတာတွေ ရွေးကြဖို့ထက် ဘယ်လိုမကောင်းမှုကို ဘယ်လိုရှောင်ကြဉ်ကြည့်ကြမယ်၊ ဘယ်လိုကောင်းမှုမျိုး ကို ဘယ်လိုရှာပြီး လုပ်ကြမယ် စသဖြင့် ရွေးချယ်ခြင်း ကသာ ဗုဒ္ဓ အလိုတော်ကျ ဖြစ်ကြောင်း ဆိုလိုချင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဝါတွင်းကာလ ဘာမလုပ်ရ ၊ ညာမလုပ်ရ စတဲ့အ ယူအဆ တွေဟာ အရိုးစွဲနေတဲ့ ရှေးအယူအဆများ နဲ့ ဗေဒင်နက္ခတ် စတဲ့ လောကဓာတ်ဆရာတွေရဲ့ အယူအဆများသာ ဖြစ်ပြီး ဘုရားဟော အယူအဆ မဟုတ်တဲ့ အပြင် ဘုရားဟောနဲ့လည်း မညီတဲ့အလုပ်များ ဖြစ်တဲ့အတွက် ဒီလိုအယူအဆတွေမှာ အာရုံမထားကြဘဲ တကယ် အလေးထားရမှာက မိမိတို့ ရဲ့ လုပ်ရပ်များကိုသာ အလေးထားရမှာ ဖြစ်ကာ ကောင်းတဲ့ အလုပ်၊ ကောင်းတဲ့ အကျင့်များ လုပ်နေကြတဲ့ အချိန်တိုင်း ဟာ ကောင်းတဲ့ ရက်ကောင်းရက်မြတ် အချိန်ကောင်းများပဲ ဖြစ်ပြီး မကောင်း တဲ့ အလုပ်များ ကို လုပ်နေ တဲ့ အချိန်တွေဟာ မကောင်းတဲ့ နက္ခတ်၊ အမင်္ဂလာ အချိန်တွေသာ ဖြစ်တဲ့အတွက် ဝါတွင်းကာလ ဘာမလုပ်ရ၊ ညာမလုပ်ရ စတဲ့ အခြေအမြစ်မရှိတဲ့ အယူအဆတွေ လိုက်နေကြမယ့် အစား ကိုယ့်ကိုယ် ကိုသာ အကောင်းဆုံး ဖြစ်အောင် နေကြည့်ကြဖို့ပဲ ဖြစ်ပါကြောင်း အမေးကြည့်၍ အဖြေညှိပေးရင်း လွဲနေတတ် တဲ့ အလွဲတစ်ခု အဖြစ် အလွဲပြ၍ အမှန်မျှဝေလိုက်ရ ပါတယ်။ “မနာပ ဒါယီ အရှင်ဝိစိတ္တ” Credit By : mentertainmentzone Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties