သည်စကားပုံလေး ငယ်စဉ်ကပင် ကြားဖူးခဲ့ပါ၏။ သို့သော် ဆိုလိုရင်းကို ဝေဝါးစွာပင် ….


အိမ်ထောင်ကျပြီး ဘူးစိုက်ရင် လူမိုက်လား…? လူလိမ္မာ မှ စိုက်ရမည်လား …? စသဖြင့်..


အမှတ်မထင် ဆရာကြီး(စစ်ကိုင်းဦးဖိုးသင်း)၏ ဆောင်းပါးကို ဖတ်မိ၍ ဆိုလိုရင်း အမှန်ကို သိရတော့သည် ။


ဘူးပင်ကို အိမ်ဝင်းများအတွင်း မိုးအခါ စိုက်ပျိုးတတ်သည် ။ ဆောင်းအခါတော့ ကိုင်းဘူးပေါ့ ။မိုးတွင်း လေတိုက်ခတ်ရာ အရပ်မှာ တောင်လေ၊ အနောက်တောင်လေများ တိုက်ခတ်ပါသည် ။


ဘူးပင်သည် နေ့အခါ နိုက်ထရိုဂျင်ကို ရှူသွင်းပြီး အောက်စီဂျင်ကို ထုတ်ပါသည် ။ည အခါတွင်မတော့ အောက်စီဂျင်ကို ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်လွှတ်ပါသတဲ့ ။





ကာဗွန်ဒိုင်အောက်ဆိုဒ်သည် အဆိပ်ဓါတ်။


ထို့ကြောင့် အိမ်တောင်ဘက်တွင် ဘူးပင် စိုက်မိလျှင် ညအခါ ဘူးပင်မှလာသောလေသည် (လေဆိုး ) အဆိတ်ဓါတ်ပါပဲ ။ကြာသောအခါ ကျန်းမာရေးထိခိုက် ရောဂါမျိုးစုံ ဝင်နိုင်ပါသတဲ့ ။


သည်အကြောင်းကြောင့်ပင် မိမိအိမ်တွင် ဘူးပင်စိုက်ပျိုးပါက အိမ်၏တောင်ဘက်အရပ်တွင် ဘူးပင် မစိုက်ပျိုးသင့်ကြောင်းကို…“အိမ်တောင်လူမိုက် ဘူးမစိုက်နှင့်” ဟူသော စာချိုးဖြင့် ရှေးပညာရှိများက ဆုံးမခဲ့ပါကြောင်း ။ ။


လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ


သင့်အိမ်မှာ ဒီအပင်တွေရှိရဲ့လား


အညံ့ မရှိအောင် အိမ်ဆောက်နည်း


အိမ်တွင် ပင်စိမ်းပင် စိုက်ထားသင့်သော အကြောင်းအရင်း


အိမ်တွင်းမှာ မထားသင့်တဲ့ စီးပွားရေးကျဆင်းစေပြီး ကံဆိုးစေတဲ့အရာ (၆) မျိုး


Credit : Apannpyaymedia
Posted By : Sint Sint (ShweProperty.com)