ပင့်ကူမျှင်နဲ့ဖုန်များ

အိမ်ထဲမှာပင့်ကူမျှင်နဲ့ဖုန်တွေများနေတဲ့အခါ  သေသေချာချာရှင်းလင်းပေးဖို့လိုပါတယ်။ ဒါတွေရှိလို့ဘာမှမဖြစ်ဘူးလို့မထင်လိုက်ပါနဲ့။ ပင့်ကူမျှင်တွေနဲ့ဖုန်တွေများလာတဲ့အခါ အသက်ရှူလမ်းကြောင်းထဲလွယ်လွယ်ဝင်ရောက်နိုင်ပြီး ပန်းနာရင်ကျပ်ရောဂါကိုဖြစ်စေနိုင်ပါတယ်။ဒါ့အပြင် ဓာတ်မတည့်ခြင်းနဲ့ အရေပြားရောဂါတွေအထိဖြစ်စေနိုင်ပါတယ်။
 


ကြမ်းပြင်၊ရေချိုးခန့်သန့်စင်ဆေးရည်များ၊ချွတ်ဆေးများ
 
ကြမ်းပြင်သန့်စင်ဆေးရည်၊ ရေချိုးခန်း၊အိမ်သာသန့်စင်ဆေးရည်တွေနဲ့ ချွတ်ဆေးတွေရဲ့ အနံ့တွေက နာတာရှည်ခေါင်းကိုက်ရောဂါကိုဖြစ်စေနိုင်ပြီး ကလေးတွေနဲ့ထိတွေ့တဲ့အခါမှာလည်း အန္တရာယ်များပါတယ်။ ဒါကြောင့် အဲ့ဒီအရာတွေကို အသုံးပြုတဲ့အခါ mask တပ်ထားတာ၊လေဝင်လေထွက်ကောင်းအောင်အိမ်တံခါးတွေဖွင့်ထားတာမျိုး၊ကလေးတွေလက်လှမ်းမမီတဲ့အမြင့်နေရာမှာထားတာမျိုးတွေကို  သတိထားလုပ်ပေးဖို့လိုပါတယ်။ဖြစ်နိုင်ရင်တစ်ခါသုံးလောက်ဝယ်သုံးတာမျိုးပြုလုပ်သင့်ပါသည်။



အဝတ်လျှော်စက်များ
 
အိမ်ထဲကအသုံးအဆောင်တွေထဲမှာ မီးဖို၊ရေပူ၊ရေအေးစက်၊ အဝတ်အခြောက်ခံစက်တွေကနေ ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့တွေထုတ်လွှတ်ပါတယ်။ ဒါကြောင့် ဒါတွေကိုအသုံးပြုပြီးအိမ်ကိုလုံနေအောင်ပိတ်ထားမယ်ဆိုရင် အိမ်ထဲမှာ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့တွေစုဝေးလာပြီး ခေါင်းမူးခြင်း၊ လေးလံထိုင်းမှိုင်းနေခြင်း၊ အမြဲလိုလိုမလန်းဆန်းခြင်းနဲ့ သေဆုံးသည်အထိဖြစ်စေနိုင်ပါတယ်။ သို့ဖြစ်ပါအသုံး၍ ထိုအရာများကို အသုံးပြုနေတဲ့အခါ၊ အသုံးပြု ပြီးတဲ့အခါများတွင်လည်း အိမ်ထဲကိုလေဝင်လေထွက်ကောင်းစေရန် သတိထားရပေမည်။
 
စိုထိုင်းမှု
 
အိမ်အတွင်းမှာစိုထိုင်းနေတာက သာမန်မျက်စိနဲ့မမြင်ရတဲ့မှိုတွေကိုပေါက်ဖွားစေပြီး ကျန်းမာရေးပြဿနာတွေအများကြီးဖြစ်စေနိုင်ပါတယ်။ စိုထိုင်းတဲ့နေရာတွေမှာဖြစ်လာတဲ့မှိုတွေက ၂၄ နာရီအတွင်းမှာ မယုံနိုင်လောက်အောင်ပြန့်ပွားလာတက်ပါတယ်။ အိမ်ထဲမှာပျံ့နှံနေရင် ပန်းနာရင်ကျပ်ရောဂါ၊ ဓာတ်မတည့်ခြင်းနဲ့ တခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေကိုဖြစ်စေတက်ပါတယ်။ ဒါကြောင့် အိမ်တွင်းမှာ တတ်နိုင်သလောက်ခြောက်သွေ့နေအောင်ထားဖို့၊ အထူးသဖြင့် မီးဖိုချောင်၊ ရေချိုးခန်း၊အိမ်သာတွေကို အမြဲတမ်းစိုစိုစွတ်စွတ်ဖြစ်မနေအောင်ထားဖို့လိုပါတယ်။


ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


အိမ်အတွင်းပိုင်း၌ ကြည့်မှန်ထားခြင်းရည်ရွယ်ချက်နှင့် ရှေးအယူများ
အခန်းတွင် ရေမွှေးဖယောင်းတိုင်များထွန်းခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ
နေအိမ်အလှကို ဖျက်ဆီးစေနိုင်သော အသုံးအဆောင်ပစ္စည်းများ
 
Posted By : Sint Sint (ShweProperty.com)