By Sint Sint, Shweproperty.com
Updated at 18 August 2021
သင် အရမ်းကြိုက်တဲ့ အဝတ်အစားတစ်ခုခုမှာ အရောင်တစ်ခုခု ဒါမှမဟုတ် ပစ္စည်းတစ်ခုခု စွန်းပေသွားတဲ့အခါ နှမြောတသ ဖြစ်နေစရာ မလိုတော့ပါဘူးနော်။ ဘာဖြစ်လို့လဲဆိုတော့ စွန်းသွားတဲ့အရာအလိုက် ချွတ်နည်း အမျိုးမျိုး ရှိနေလို့ပါ။ အောက်မှာ ဖော်ပြ ပေးလိုက်ပါတယ်နော်။ ၁. နှုတ်ခမ်းနီပေသွားခဲ့ရင် အဝတ်စနဲ့ အရက်ကိုတို့ပြီး ပေသွားတဲ့နေရာကို ပွတ်တိုက်ပေးပါ။ ၂. မြက်ပေါ်မှာ ထိုင်တာ ကြာလို့ မြက်တွေ စွန်းသွားရင် ရှာလကာရည်ထဲကို နာရီဝက်ခန့်စိမ်ပြီး လျှော်ပေးလိုက်ပါ။ ၃. ဝိုင်နီပေသွားခဲ့ရင် ဝိုင်ဖြူနဲ့ ပြန်ဖျက်ပေးနိုင်ပါတယ်။ ၄. မှင်စွန်းသွားခဲ့ရင် နွားနို့ထဲကို စိမ်လိုက်ပါ။ ၅. အမဲဆီစွန်းသွားခဲ့ရင် အဝတ်လျှော်တဲ့အထဲ ကိုကာကိုလာ ထည့်လျှော်ပါ။ ၆. သွေးစွန်းသွားခဲ့ရင် စွန်းသွားတဲ့နေရာကို ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် လောင်းပေးပါ။ ၇. ချွေးစွန်းသွားခဲ့ရင် Aspirin ဆေးပြား ၃ပြားကို ရေနွေးနဲ့ရောပြီး အဲ့ဒီ့အရည်ထဲကို တစ်နာရီခန့်စိမ်လိုက်ပါ။ ၈. အာလူးစွန်းသွားခဲ့ရင် ရှာကာရည်နဲ့ရေကိုရောပြီး အဝတ်စနဲ့တို့ကာ စွန်းသွားတဲ့နေရာကိုပွတ်တိုက်ပေးပါ။ ၉. ကော်ဖီစွန်းသွားခဲ့ရင် ကြက်ဥအနှစ်၊ ရေနွေးနဲ့ အရက်တို့ကိုရောကာ အဝတ်စနှင့်တို့ပြီး ပွတ်တိုက်ပေးပါ။ ၁၀. မိတ်ကပ်စွန်းပေသွားခဲ့ရင် Shaving cream နဲ့လျှော်ပေးပါ။ ၁၁. အဆီတစ်ခုခုစွန်းသွားခဲ့ရင် စွန်းသွားတဲ့နေရာကို Baby ပေါင်ဒါဖြူးပြီး တစ်ည ထားပေးလိုက်ပါ။ နောက်နေ့လျှော်ပေး လိုက်ရုံပါပဲ။ ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ နိမိတ်ကောင်းများ ရောင်ပြန်ဟပ်စေမည့် အိမ်ခန်း မှန် ချိတ်ဆွဲနည်း အညံ့များဆက်တိုက်ဖြစ်စေ၍ အိမ်တွင်မထားအပ်သောပစ္စည်းများ သင့်ရဲ့ အိပ်ယာမျက်နှာမူပုံနဲ့ ကျန်းမာရေးဆက်စပ်နေပုံ နေအိမ်များတွင်မစိုက်သင့်သော အဆိပ်ရှိသောဂမုန်းပင် Credit By: Aunty May Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties