By The Kumudra, Shweproperty.com
Updated at 13 January 2015
မြို့နယ်စုံမှာ အိမ်ငှားခတွေ ဈေးမြင့်လာတာကြောင့် ဈေးနှုန်းသင့်တဲ့နေရာတွေကို ပိုငှားချင်ကြတယ်လို့ အကျိုးဆောင်တချို့ထံမှ သိရပါတယ်။
အငှားဈေးကွက်က ငှားချင်သူများပြီး တစ်လငှားခပါ ဈေးတက်လာတယ်။ မြို့နယ်အစုံမှာ အိမ်ငှားခက ကျပ် ၁၀၀,၀၀၀ အောက်ကနည်းပြီး အိမ်ရှာရတာလည်း အိမ်အလွတ်နည်းတာကြောင့် ခက်တယ်လို့သိရပါတယ်။
"အခုက ငှားချင်တဲ့သူက များနေတယ်၊ အိမ်လွတ်က ရှားတော့ မြို့နယ်စုံမှာ အိမ်ရှာကြတဲ့သူတွေ အများစုက ဈေးသင့်တဲ့ နေရာလေး၊ ဈေးသက်သာမယ့်နေရာ ဒါမျိုးတွေ အမေးများကြတယ်"လို့ ကျောက်တံတားမြို့နယ်မှ အကျိုးဆောင် ဦးသီဟက ပြောပါတယ်။
အိမ်ငှားခက အရင်ဈေးမြင့်ရာကနေ အခုထပ်ပြီး ဈေးတက်လာတာပါ။ တချို့နေရာတွေမှာ ၃၀,၀၀၀၊ ၄၀,၀၀၀ အထိ ဈေးတက်တယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။ မြို့ထဲပိုင်းမှာ အိမ်ငှားဈေးမြင့်လာတာကြောင့် တချို့က အနီးက မြို့နယ်တွေဘက်ကို ငှားနေကြာတာတွေရှိတယ်လို့ သိရတယ်။
ရွှေအိမ်ကမ္ဘာအကျိုးဆောင်မှ ဦးသိန်းလှညိုက "အငှားဈေးကွက်တွေက မြို့ထဲမှာ အေးနေတယ်၊ ဈေးမြင့်တာ မတတ်နိုင်ကြတော့ တတ်နိုင်တဲ့ဒေသတွေမှာ သွားပြီးငှားနေကြတော့တယ်၊ မြို့ထဲအငှားက ပိုပြီးဈေးမြောက်တဲ့ အတွက်ကြောင့် အဲ့လိုတွေဖြစ်နေတာ"လို့ ရှင်းပြပါတယ်။
မြို့ထဲပိုင်းမဟုတ်တဲ့ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သာကေတ၊ ဒေါပုံ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ လှိုင်သာယာ၊ ရွှေပြည်သာစတဲ့ နေရာတွေဘက်ကို ပြောင်းရွှေ့ငှားနေကြတာတွေ များလာတယ်လို့ သိရပါတယ်။
မြို့ထဲပိုင်းမှာ ပိတ်ထားတဲ့အခန်းတွေ တော်တော်များတယ်လို့ သိရတယ်။ အရင်ကထက် ဈေးပိုတောင်းလာတာတွေကြောင့် ဆက်မငှားတော့လို့ ပိတ်ထားတာတွေ များလာတယ်လို့ သိရတယ်။
ဒဂုံသီးသန့်အကျိုးဆောင် မဇင်မာက "မြို့ထဲနေရာတွေမပြောနဲ့ ဒဂုံတောင် အိမ်ငှားခတွေ ဈေးတက်လာလို့ ဆိုင်ခန်းတွဲနေရာတွေမှာ ငှား ပြီးနေရတာတွေရှိတယ်၊ ဆိုင်ခန်းဆိုတော့ တစ်လကို ကျပ် ၂၀,၀၀၀၊ လူနေဆိုင်ခန်း (အခန်းကျယ်နှစ်ထပ်) တွေဆို တစ်လကို ကျပ် ၆၀,၀၀၀၊ ၅၀,၀၀၀ နဲ့ နေလို့ရတော့ စုနေကြရတာတွေ ရှိတယ်၊ လုံးချင်းငှားမနေနိုင်တဲ့သူတွေက အဲ့လိုနေရာမှာ ငှားနေရတဲ့ ဘဝကို ရောက်သွားတယ်"လို့ ပြောပါတယ်။
Ref : The Kumudra
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties