By Sint Sint, Shweproperty.com
Updated at 8 October 2020
ကြမ်းပိုးတွေဟာ နေ့လည်နေ့ခင်းဆိုဘယ်ရောက်နေမှန်းမသိအောင်အပုန်းကောင်းပြီး ညဘက်ဆိုဘယ်ကထွက်လို့ထွက်လာမှန်းမသိတဲ့အပြင် ဖမ်းရခက်၊ ရှင်းရခက်တဲ့အကောင်တွေဖြစ်ပါတယ်။ အိမ်တစ်အိမ်မှာ ကြမ်းပိုးတစ်ကောင်ရှိပြီဆိုတာနဲ့ ကြမ်းပိုးတွေအများကြီးဖြစ်လာပြီး ရှင်းလို့မနိုင်အောင်ဖြစ်လာတဲ့အခါ စိတ်အညစ်ကြီးညစ်ရတာပါ။ ကဲ ဒီတော့ ကြမ်းပိုးတွေကြောင့်စိတ်ညစ်နေရသူတွေအတွက် လူကိုအန္တရာယ်ဖြစ်စေတဲ့ပိုးသတ်ဆေးတွေသုံးစရာမလိုဘဲ အလွယ်ဆုံးနဲ့အကောင်းဆုံးကြမ်းပိုးရှင်းထုတ်နည်းတွေကို အခုပဲဖော်ပြလိုက်ပါပြီ။
(၁) Hair Dryer
ကြမ်းပိုးတွေကို တစ်ကောင်ချင်းလိုက်ရှာပြီးဖမ်းဖို့ဆိုတာ မလွယ်ပါဘူး။ ဒီတော့ အပူပေးတဲ့နည်းနဲ့သူတို့ကိုရှင်းပစ်ပါ။ Hair Dryer ကို လေပူထွက်အောင်လုပ်ပြီး အိပ်ယာတလျှောက်ထပ်ခါထပ်ခါ မှုတ်ပေးလိုက်ပါ။ အဲ့ဒါက ကြမ်းပိုးတွေကို သေစေတဲ့အပြင် သူတို့ရဲ့ ဥတွေကိုပါတစ်ခါတည်းရှင်းသွားစေပါတယ်။
(၂) ရှာလကာရည်
ရှာလကာရည်မှာပါဝင်တဲ့ acetic acid က အင်းဆကေ်တွရဲ့အာရုံကြောကိုတုံ့ဆိုင်းသွားစေပြီး သေဆုံးစေနိုင်ပါတယ်။ ဒါကြောင့် စပရေးဗူးတစ်ခုထဲကို ရှာလကာရည်ထည့်ပြီး ကြမ်းပိုးတွေရှိလောက်မယ့်နေရာတွေမှာလိုက်ဖျန်းပေးပြီးတော့ အခြောက်ခံထားလိုက်ပါ။ နှစ်ခေါက် သုံးခေါက်လောက်ထပ်လုပ်ပေးလိုက်ရုံနဲ့ ကြမ်းပိုးတွေရှင်းသွားပါလိမ့်မယ်။
(၃) နေလှန်းပါ
ကြမ်းပိုးရှိတဲ့နေရာက အသုံးအဆောင်တွေကို နေပူထဲထုတ်လှန်းပါ။ အဝတ်အစားနဲ့ အိပ်ယာခင်း၊ခေါင်းအုံးစွပ် စတာတွေကို အမည်းရောင်ကြွပ်ကြွပ်အိတ်ထဲထည့်ပြီး တစ်ရက်လောက်နေလှန်းပြီးမှ လျှော်လိုက်မယ်ဆိုရင် ကြမ်းပိုးတွေနဲ့သူတို့ရဲ့ဥတွေရှင်းသွားပါလိမ့်မယ်။ နေလှန်းဖို့အဆင်မပြေတဲ့ပစ္စည်းတွေကိုတော့ အပေါ်ကနည်းလေးတွေသုံးပါ။
(၄) Silica gel
အစားအသောက်၊ဆေး၊ အဝတ်အစား၊အိတ်နဲ့ ဖိနပ်အသစ်တွေဝယ်တဲ့အခါမှာ ပါလာတတ်တဲ့ Silica Gel အထုပ်လေးတွေထဲက Silica gel အစိလေးတွေကို ကြမ်းပိုးတွေလာတတ်တဲ့နေရာတွေမှာ ထားထားပေးလိုက်ပါ။ Silica gel က အင်းဆက်တွေရဲ့ခန္ဓာကိုယ်ထဲက အစိုဓာတ်ကိုစုပ်ယူနိုင်စွမ်းရှိတာကြောင့် သူတို့ကိုတဖြည်းဖြည်းအားနည်းပြီးသေဆုံးသွားစေပါလိမ့်မယ်။ ဒါပေမယ့် အိမ်မှာ ကလေးငယ်တွေရှိရင်တော့ ဒီနည်းကိုမသုံးပါနဲ့။
(၅) ရေခဲခြောက်၊ ပေါင်ဒါမှုန့်
ရေခဲခြောက်က အပြင်မှာဒီတိုင်းထားရင် ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုထုတ်လွှတ်ပေးတာကြောင့် အင်းဆက်တွေကို အားနည်းစေပါတယ်။ ဒါကြောင့် ကြမ်းပိုးတွေရှိတဲ့နားမှာ ရေခဲခြောက်နေ့တစ်ဝက်လောက်ထားပြီး အဲ့ဒီနေရာတွေမှာ ကိုယ်လိမ်းပေါင်ဒါမှုန့်တွေဖြူးထားပေးလိုက်မယ်ဆိုရင် ကြမ်းပိုးတွေ ရှင်းသွားပါလိမ့်မယ်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
ကံနိမ့်နေတဲ့အချိန် အိမ်မှာ မထားကောင်းတဲ့ ပစ္စည်းများ
အိမ်မှာခြင်ဆေးခွေ အမြဲလိုလိုသုံးမိနေပြီဆိုလျှင် မဖြစ်မနေ သိထားရမည့် အချက်များ
မိသားစုအတွက်ကံကောင်းခြင်းတွေကို ယူဆောင်ပေးနိုင်မယ့် အိမ်အလှဆင်နည်း(၇)မျိုး
သင့်အိမ်ထဲမှာ မကောင်းတဲ့ အမှောင့်ပယောဂတွေရှိမှန်း သိနိုင်မယ့် လက္ခဏာ (၆) မျိုး
Credit : Aunty May
Photo Credit : shangri-la
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties