၁ ။ ပင်စိမ်း အရွက်ကို နေတိုင်း စားပေးခြင်း အားဖြင့် အူလမ်းကြောင်း ဝမ်းဗိုက်နှင့် ပါးစပ်တွင်ဖြစ် တက်သောရောဂါများ ကင်းဝေးပီး အစာခြေ စနစ်ကို ကောင်းမွန်စေပါသည် ။


၂ ။ ပင်စိမ်း အရွက်ကို ရေထဲတွင် စိမ်ပြီး နေတိုင်း သောက်လာပါက ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်ပေးသည်။


၃ ။ ပင်စိမ်း အရွက်ကို ပထမရက် ရေချိုးမည့်ရေတွင် စိမ်ထားပြီး နောက်နေ့ ရေချိုးပါက ချွေးအနံ့ မထွက်အောင် ကာကွယ်ပေးသည်။


၄ ။ ပင်းစိမ်း အရွက်ကို သံပုရာရည် ရော၍ ကျိတ်ပြီး အရေပြားပေါ်တွင် လိမ်းပေးပါက အရေပြား ရောဂါများဖြစ်သော ဝဲ နှင်းခူ နှင့် ယားနားများ ပျောက်ကင်းသည် ။


၅ ။ ပင်စိမ်း စေ့ကို ကောင်းစွာ ကျိတ်ပြီး စားပေးလျှင် ဆီးနှင့် ပတ်သက်သော ရောဂါများ ပျောက်ကင်းသည်။





၆ ။ ပင်စိမ်း သတ္တုရည်ကို သံပုရာရည် ရောပြီ တစ်ပတ်တကြိမ် ခေါင်းလျှော်ပေးပါက သန်း ဗောက်ဖက်များ ကင်းဝေးမည်။


၇ ။ သန့်ရှင်းသော မြေအိုး ရေထဲတွင် ပင်စိမ်း အရွက်ထည့်၍ နေ့တိုင်းသောက် လာပါက ရောဂါများ ကင်းဝေးမည်။


၈ ။ ပြက်ရာ ရှရာများကို ပင်စိမ်း အရွက်ထည့်ပေးလာပါက လျှင်မြန်စွာပျောက်ကင်းသည်။


၉ ။ အိမ်တွင် ပင်စိမ်းအရွက်များ ထားခြင်း(သို့) အိမ်ပတ်ပတ်လည်တွင် စိုက်ထားလျှင် ခြင် ၊ယင် ၊ပိုးကောင် ၊ မြွေများ ကင်းဝေးမည် ထို့ကြောင့်အိမ်တွင် ပင်စိမ်း အပင်စိုက်ခိုင်းခြင်းဖြစ်သည်။


၁၀ ။ တစ်ရက်တွင် နာရီပေါင်း20 Oxygen ထုတ်လွတ်ပေးသောကြောင့် အိမ်တွင် စိုက်ရန် အကောင်းဆုံး အပင်တစ်ပင် ဖြစ်ပါသည် ။


လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ


နေအိမ်တွင်းမှာ မစိုက်သင့်တဲ့ နဂါးစက်ဂမုန်း


အိမ်တွေမှာ အလှစိုက်နေကြတဲ့ ရွက်လှပင်အကြောင်း ကြောက်စရာ


သင့်အိမ်မှာ ရွှေလာငွေလာဂမုန်းအပင် စိုက်ထားခြင်းရဲ့ အကျိုးကျေးဇူးတွေ


အိမ်မှာအပင်စိုက်ဝါသနာပါတဲ့သူတွေ သိထားသင့်တဲ့ အပင်နိမိတ်


Credit : Social Media
Photo Credit : myanmarbreakingnews
Posted By : Sint Sint (ShweProperty.com)