By Sint Sint, Shweproperty.com
Updated at 7 November 2020
ရေခဲသေတ္တာဆိုတာ အစားအစာတွေ ကိုလတ်ဆတ်စေဖို့၊ မပုပ်မသိုးစေ ဘဲ တာရှည်ခံဖို့၊ ကျန်းမာရေးနဲ့ညီ ညွတ်စေဖို့ဆိုပြီး အပူချိန်လျှော့ချ၍ အအေးခံ သိမ်းဆည်းထားတဲ့နေရာလေးဖြစ်တာမို့ ဇိမ် ခံပစ္စည်းမဟုတ်ဘဲ အိမ်တစ်အိမ်အတွက် မရှိ မဖြစ်ပစ္စည်းတစ်ခုလေးပဲ ဖြစ်ပါတယ်။
အိမ်ရှင်မများအတွက် သက်မဲ့အတွင်းရေးမှူး (လက် ထောက်)ဆိုလည်း မမှားပါဘူး။ သို့သော် သ ဘာဝနဲ့ဆန့်ကျင်ပြီး အပူချိန်လျှော့ချကာ အ အေးခံပေးထားတာဖြစ်လို့ အစားအစာ (အား လုံး)ကိုတော့ ရေခဲသေတ္တာထဲထည့်သိမ်းလို့ မရနိုင်ပါဘူး။ တချို့အစားအစာတွေကို အေး ခဲထားလိုက်တဲ့အခါ မူလအနံ့အရသာကို ပျက် ပြယ်သွားစေတဲ့အပြင် အချိန်မတိုင်ခင် ပုပ်သိုး နွမ်းအိသွားစေတတ်ပါတယ်။ ရေခဲသေတ္တာထဲကို သိမ်းမထားသင့်တဲ့ အစားအစာ (၇) မျိုးနဲ့ တစ်ခုချင်းစီရဲ့ အကျိုးသက်ရောက် ပုံများကို ဖော်ပြပေးလိုက်ပါတယ်............
(၁) အာလူး
အာလူးတွေက အလင်းသိပ်မကြိုက်ကြ ပါဘူး။ ခြောက်သွေ့တဲ့နေရာနဲ့ သဘာဝအခန်း အပူချိန်ကိုသာ ကြိုက်ကြပါတယ်။ အကယ်၍ အာလူးကို ရေခဲသေတ္တာထဲထည့်လိုက်တဲ့အခါ သူ့ရဲ့မူလအရသာများ ပျက်စီးသွားပါတော့ တယ်။ ဒါ့အပြင် ချက်ပြုတ်တဲ့အခါ တော်တော် နဲ့မနူးအိလာတော့ဘဲ စားတဲ့အခါမှာ မာဆတ် ဆတ် ဖြစ်သွားပါတယ်။ အာလူးအခွံပေါ်မှာ အစိမ်းရောင်သန်းနေရင် (လုံးဝ)မဝယ်ပါနဲ့။ အဆိပ်ဖြစ်စေတတ်လို့ပါ။ (ထိုနည်းတူစွာပင် ပိန်းဥ၊ ကန်စွန်းဥတွေကိုလည်း ရေခဲသေတ္တာ ထဲ သိမ်းမထားသင့်ပါဘူး)
(၂) ကြက်သွန်နီ
ကြက်သွန်နီတွေကို ပုံမှန်အခန်းအပူချိန် ထဲမှာသာ ထားပေးရပါမယ်။ ကြက်သွန်နီတွေ ကြာကြာခံစေဖို့အတွက် ဇာကွက်/ပိုက်ကွန် အိတ်တွေက အကောင်းဆုံးပါပဲ။ နောက်ထပ် အရေးကြီးဆုံးအချက်က ကြက်သွန်နီတွေနဲ့ အာလူးတွေကို အတူတူရောမထားသင့်ပါဘူး။ ကြက်သွန်ထဲမှာပါတဲ့ သဘာဝဟင်းခတ်အမွှေးအကြိုင်ရနံ့တွေကို အာလူးက စုပ်ယူပစ် လို့ပါ။ ဒါ့အပြင် ကြက်သွန်နဲ့အာလူးများအား လုံး တစ်ခဏတွင်းမှာပင် ပုပ်သွားစေပါတယ်။
(ကြက်သွန်နီတွေကို တစ်နေ့တာချက်ပြုတ်ဖို့ အတွက် လိုအပ်သလောက်သာ အခွံနွှာပါ။ အကယ်၍ အခွံနွှာထက်ခြမ်းခြမ်းပြီးတော့မှ ပိုလျှံ၍ နောက်နေ့မှသုံးတဲ့အခါ အစာအိမ်ကို အဆိပ်ပြုစေပြီး အော့အန်စေနိုင်ပါတယ်။ အဲဒီ လိုပြဿနာမဖြစ်ရလေအောင် အခွံနွှာပြီးသား ပိုလျှံနေတဲ့ ကြက်သွန်နီတွေကို အပူပေးဆီ သတ်၍အအေးခံပြီးနောက် ဘူးထဲမှာလေလုံ အောင်ဖုံးပြီးမှသာ ရေခဲသေတ္တာထဲ ထည့်သိမ်း ပေးပါ။ ဘူးလေလုံဖို့အရေးကြီးပါတယ်။ လေ မလုံပါက ရေခဲသေတ္တာတစ်ခုလုံး အနံ့ဆိုးထွက် ပြီး အထဲရှိတခြားပစ္စည်းများအားလုံးကို အနံ့ ကူးကာ လတ်ဆတ်မှု မရှိစေတော့ပါဘူး)
(၃) ကြက်သွန်ဖြူ
ကြက်သွန်ဖြူတွေကိုလည်း ကြက်သွန်နီ တွေလိုပဲ ဇာကွက်/ပိုက်ကွန်အိတ်တွေထဲထည့် ပြီး အခန်းအပူချိန်မှာသာ သိမ်းထားသင့်ပါတယ်။
(၄) ခရမ်းချဉ်သီး
အိမ်ရှင်မတိုင်းလိုလိုက ခရမ်းချဉ်သီးတွေ ကို ရေခဲသေတ္တာထဲသိမ်းထားမှ ကြာကြာခံ တယ်လို့ထင်မှတ်မှားနေကြပါတယ်။ အဲဒီလို သိမ်းထားခြင်းက ခရမ်းချဉ်သီးရဲ့ အနံ့အရသာ တွေ(အားလုံး)ပျက်ယွင်းသွားစေလို့ အင်မတန် မှားယွင်းတဲ့အပြုအမူဖြစ်ပါတယ်။ အကောင်း ဆုံးကတော့ ခရမ်းချဉ်သီးတွေကို ပလတ်စတစ် အိတ်ထဲ လေလုံအောင်ထည့်၍ ပုံမှန်အခန်း အပူချိန်မှာသာ သိမ်းထားရပါမယ်။ (အကယ် ၍ ခရမ်းချဉ်သီးတွေကို မြန်မြန်မှည့်စေချင်ရင် စက္ကူအိတ်မှာ သိမ်းပေးပါ)
(၅) ငှက်ပျောသီး
ရခိုင်၊ ဖီကြမ်း၊ သီးမွှေး၊ ရွှေငှက်ပျော စတဲ့ ဘယ်ငှက်ပျောသီးအမျိုးအစားတွေကို မဆို ရေခဲသေတ္တာထဲ(လုံးဝ)သိမ်းမထားသင့် ပါဘူး။ အဲဒီလိုသိမ်းထားလိုက်တဲ့အခါ မကြာ မီအတွင်းမှာပင် ငှက်ပျောသီးကိုအအေးရိုက် ၍ ငှက်ပျောခွံတွေမည်းတက်လာပြီး အနံ့အရ သာ၊ ကျန်းမာရေးဂုဏ်သတ္တိတွေအားလုံး ဓာတ် ပြယ်သွားစေပါတယ်။ ငှက်ပျောသီးရဲ့သဘော တရားက မကြာခဏထိကိုင်မိတဲ့အခါ အပူ လောင်ပြီးပျော့လာတတ်တာမို့ ငှက်ပျောသီး အခိုင်တွဲကို အလယ်ကနေ ကြိုးခွချည်ပြီး တိုင် မှာချိတ်ထားပေးပါ။ ငှက်ပျောသီးရဲ့အညှာကို ပလတ်စတစ်အစနဲ့တုပ်ချည်ပေးခြင်းက နောက် ထပ်လေးရက်(သို့)ငါးရက်လောက် အထား ခံပါတယ်။(ငှက်ပျောခွံပေါ်မှာ အမည်းအစက် အပြောက်ပါတဲ့အသီးတွေက အပင်ပေါ်မှာ ကြာကြာရင့်မှည့်လာတာမို့ အရသာပိုကောင်း ပြီး ဆေးစွမ်းပိုထက်ပါတယ်)
(၆) သခွားသီး
သခွားသီးကို ရေခဲသေတ္တာထဲမှာသိမ်း ထားလို့တော့ ရပါတယ်။ ဒါပေမဲ့ လှီးလက်စ သခွားသီးအပိုင်းအစကို ရေခဲသေတ္တာထဲသိမ်း မိတဲ့အခါမှာ ထင်သလောက်တာရှည်မခံတော့ ပါဘူး။ သခွားသီးတစ်လုံးကို တစ်ခါတည်း ကုန်အောင်မသုံးဖြစ်သေးပါက ထက်ခြမ်းမခွဲ ပါနှင့်။ ခါးလယ်ကဖြစ်စေ၊ သင့်တော်ရာနေ ရာကဖြစ်စေ လိုသလောက် ဓားနဲ့ဖြတ်တောက် ပါ။ ကျန်တဲ့အပိုင်းကို လတ်လတ်ဆတ်ဆတ် သုံးနိုင်ဖို့အတွက် ရေအနည်းငယ်ထည့်ထား သော ပန်းကန်လုံးထဲမှာ ဓားနဲ့ဖြတ်ပြီးတဲ့အ ပိုင်းကို အောက်ကထား၍ ထောင်ထားပေးပါ။ အံ့သြဖွယ်ကောင်းလောက်အောင် တာရှည်ခံပါတယ်။
(၇) သံပရာသီး
ရက်ကြာရှည်စွာ သံပရာသီးတွေ မပုပ် အောင် ထားလို့ရပါတယ်။ ပန်းကန်ပြားပက် ပက်ထဲမှာ သံပရာသီးများကိုထည့်ပြီး ဖန်ခွက် နဲ့အုပ်ထားပါ။ အသီးတွေကို အသုံးမလိုခင် ဖန်ခွက်ကို(လုံးဝ)မဖွင့်ပါနဲ့။ ဖွင့်မိတဲ့အခါ သံပရာသီးများကို လေသလပ်သွားတာကြောင့် ပုပ်သွားတတ်ပါတယ်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
သင့်အိမ်မှာ ခြင်ဆေးခွေနှင့် ပရုတ်လုံးတွေ အသုံးပြုနေပါက ဒီစာစုလေးကို မဖြစ်မနေ သိထားသင့်ပါတယ်
သင့်အိမ်မှာ ရွှေလာငွေလာဂမုန်းအပင် စိုက်ထားခြင်းရဲ့ အကျိုးကျေးဇူးတွေ
အိမ်ထဲတွင် စွမ်းအင်ကောင်းတွေ ဖန်တီးပေးတဲ့ အပင် (၇) မျိုး
သင့်အိမ်မှာ မှိုတွေစွဲနေတာ ရှိလား ရှာကြည့်ပါ
Ref : Efftimes
Photo Credit : Google
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties