By Sint Sint, Shweproperty.com
Updated at 8 October 2020
အိမ်သုံးဆားဆိုတာ အိမ်တစ်အိမ်ရဲ့ မီးဖိုချောင်ထဲမှာ မရှိမဖြစ်တဲ့ အရာဖြစ်ပြီး အစားအသောက်တွေ ချက်ပြုတ်တဲ့နေရာမှာ မပါမဖြစ် အရေးပါတဲ့ ပစ္စည်းဖြစ်ပါတယ်။ အိမ်သုံးဆားကို ဟင်းချက်ဖို့တစ်ခုတည်းအတွက်ပဲ အသုံးပြုနိုင်တာလားဆိုတော့ မဟုတ်ပါဘူးနော်။ တစ်ခြားသော နည်းလမ်းတွေနဲ့ အိမ်သုံးဆားရဲ့ အသုံးဝင်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
အဝတ်အစားတွေ အရောင်မှိုင်းခြင်းမှ ကာကွယ်ပေးတယ်
ဝယ်တာမှ ဘယ်လောက်မှ မကြာသေးဘူး အကျီ ၤအရောင်က မွဲခြောက်ခြောက်ကြီး ဖြစ်သွားရင် နှမြောလို့ကို မဆုံးဖြစ်ရတယ်ဟုတ်။ ဒီလိုမျိုး မွဲခြောက်ခြောက်ဖြစ်နေတဲ့ အဝတ်အစားတွေ၊ ဟောင်းနွမ်းလာလို့ ဆေးကျပြီး တောက်တောက်ပြောင်ပြောင်မရှိတော့တဲ့ အဝတ်အစားတွေကို ပြန်ပြီး သစ်လွင်သွားစေမယ့် နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။ နည်းလမ်းလေးကတော့ လျှော်ခါနီး အဝတ်အစားတွေကို ဆားရည်ထဲမှာ ထည့်စိမ်ထားလိုက်ပါ ဒါမှမဟုတ် လျှော်နေတဲ့အချိန်မှာ ခွက်ရဲ့လေးပုံတစ်ပုံခန့်ရှိတဲ့ ဆားကို တည့်လျှော်ပေးရမှာဖြစ်ပါတယ်။ ဒီနည်းလမ်းလေးက သင့်အဝတ်အစားရဲ့ အရောင်ကို သစ်လွင်တောက်ပ သွားစေမှာပါနော်။
အသားအရေ ကြေးချွတ်ဖို့
ဈေးကွက်မှာ ရောင်းနေတဲ့ ကြေးချွတ်ပစ္စည်းတွေမှာ chemical တွေပါဝင်ပြီးတော့ ဈေးတွေအများကြီး ပေးဝယ်ရတတ်ပါတယ်။ အိမ်မှာပဲ လွယ်လွယ်ကူကူနဲ့ ငွေကုန်ကြေးကျသက်သာမယ့် နည်းလမ်းလေးကတော့ ဆားနဲ့ကြေးချွတ်ခြင်းပါ။ ဆားက ကြေးချွတ်ဖို့အတွက် အကောင်းဆုံးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။ ကြေးချွတ်တဲ့နေရာမှာ အိမ်သုံးဆားထက်၊ ပင်လယ်ဆားက ပိုမိုကောင်းမွန်ပါတယ်။ ဆားကို ခန္ဓာကိုယ်အနှံ စက်ဝိုင်းပုံ ညင်သာစွာ scrub လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဆားပွင့်လေးတွေက ကြမ်းတမ်းတဲ့အတွက် ညင်ညင်သာသာလေးပဲ လုပ်ပေးရမှာပါ။
လည်ချောင်းနာခြင်းကို သက်သာစေတယ်
အိမ်သုံးဆားက ဆောင်းတွင်းလို အေးတဲ့ရာသီနဲ့ ရာသီဥတုအပြောင်းလဲမှာ ဖြစ်တတ်တဲ့ လည်ချောင်းနာခြင်းကို သက်သာပျောက်ကင်းစေပါတယ်။ ဆားက ချွဲကျပ်ခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေပြီး လည်ချောင်းနာခြင်းကို ဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ ရေတစ်ဖန်ခွက်ထဲကို ဆားအနည်းငယ်ထည့်ဖျော်ပြီး ပလုတ်ကျင်းပေးရမှာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းက လည်ချောင်းနာခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
ဝိုင်နီလို အစွန်းတွေကို ဖယ်ရှားပေးတယ်
အကျီ ၤတွေမှာ ဖျက်ရခက်တဲ့ ဝိုင်နီတွေစွန်းပယ်သွားတဲ့အခါ အိမ်သုံးဆားကို အသုံးပြုပြီး အလွယ်တကူပဲ ဖျက်ပေးလို့ ရပါတယ်။ ပထမဆုံးအနေနဲ့ ဝိုင်နီစွန်းပယ်သွားတဲ့နေရာကို ရေအနည်းငယ်လောင်းချပေးပြီးနောက် အိမ်သုံးဆားကို စွန်းပယ်နေတဲ့နေရာမှာ ဖြူးပေးလိုက်ပါ။ ဆယ်မိနစ်၊ ဆယ်ငါးမိနစ်ခန့်ထားပြီးရင်တော့ ဆားတွေအနည်းငယ် အရည်ပျော်သွားအောင် ပွတ်တိုက်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ပုံမှန်လျှော်နေကျအတိုင်း လျှော်လို့ရပါပြီ။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
ကံနိမ့်နေတဲ့အချိန် အိမ်မှာ မထားကောင်းတဲ့ ပစ္စည်းများ
အိမ်မှာခြင်ဆေးခွေ အမြဲလိုလိုသုံးမိနေပြီဆိုလျှင် မဖြစ်မနေ သိထားရမည့် အချက်များ
မိသားစုအတွက်ကံကောင်းခြင်းတွေကို ယူဆောင်ပေးနိုင်မယ့် အိမ်အလှဆင်နည်း(၇)မျိုး
လေကောင်းလေသန့်တွေထုတ်ပေးလို့ အိမ်ထဲမှာစိုက်ထားသင့်တဲ့အပင်လေးများ
Credit : Aunty May
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties