By Sint Sint, Shweproperty.com
Updated at 6 October 2020
မိမိကိုယ်မိမိ အသက်ရှည်ရာ အနာမဲ့စေလိုလျှင် လူတို့ ဦးခေါင်းထားပြီး အိပ်စက်ရာ အရပ်သည် မှန်ကန်ဖို့လို......
ရှေးကလူကြီး များသည် မိမိတို့ နေရမည့်အိမ် ဆောက်လုပ်ရာတွင် မည်သည့် အရပ်ကို မျက်နှာပြုရသည်ဖြစ်စေ ဘုရားစင် ထားရှိရမည့် အရပ်။
အိပ်လျှင် ဦးခေါင်းပြုရမည့်အရပ် ၊ မျက်နှာတို့ကို ရွေးချယ်လေ့ရှိကြသည်။
ဖြစ်သလို အိမ်ဆောက်ခြင်း ၊ နေထိုင် အိပ်စက်ခြင်း မရှိကြပေ။
ရှေးလူကြီးများ၏ အသက်ရှည်ရာ အနာမဲ့ကြောင်း ဓလေ့ကောင်းများကို လေ့လာဖော်ထုတ် လိုက်နာခြင်းအားဖြင့် အကျိုးယုတ်စရာ အကြောင်းမရှိပေ။
သိပ္ပံနည်းမကျဟု ဆိုကြသူများ ရှိသော်လည်း သိပ္ပံပညာ ထွန်းကားလာသည်နှင့် လူ့သက်တမ်း များ တိုလာသည်မှာလည်း စဉ်းစားစရာ အချက်ဖြစ်ပေသည်။
ရှေးထုံးကိုလည်း မပယ်နှင့် ဈေးသုံးလည်း မလွယ်နှင့် ဟူသော စကားသည် အမှန်ပင် ဖြစ်သည်။
ရှေးကလူကြီး များသည် အိပ်ရာဝင်ချိန်တွင် ဦးခေါင်းချရာ အရပ်ကို (၁)အရှေ့အရပ်၊ (၂) တောင်အရပ်တို့ကို ဦးခေါင်းပြု၍ အိပ်စက်ရမည်။ ထိုသို့ ဦးခေါင်းပြု အိပ်စက်ခြင်းဖြင့် ကောင်းစွာ အိပ်ပျော်စေသည် ။
ကောင်းသော အိပ်မက်ကို မြင်မက်စေသည် ။ အိပ်ပျော်နေချိန်တွင် အစာကြေခြင်းကို ဖြစ်စေသည်။ မလိုအပ်သော အပုပ်၊ လေ၊ ဝမ်း တို့သည် ညင်သာစွာဖြင့် အောက်သို့ သက်စေသည် ။
စမြင်းဒေါသမှ ကင်းစေသဖြင့် အနာရောဂါလည်း ကင်းစေသည် ။ နံနက်အိပ်ရာထချိန်တွင်လည်း ကောင်းစွာနိုးထစေနိုင်သည်ဟု ယူဆကြသည် ။
(၃) မြောက်အရပ်၊ (၄) အနောက်အရပ် တို့သို့ ဦးခေါင်းပြု၍ မအိပ်ကောင်းပေ။ ထိုသို့ ခေါင်းပြု အိပ်သူများသည် ကောင်းစွာ အိပ်စက် မပျော်နိုင်။
လေပွခြင်း ၊ ဟောက်ခြင်း ၊ အသက်ရှူ မဝခြင်း ၊ လန့်၍နိုးခြင်း ၊ ကောင်းသော လေ ၊ အပုပ်တို့ အထက်သို့ ဆန်ခြင်း ၊ မျက်စိ ပွင့်လျက် အိပ်ခြင်း ၊ လျှာကိုက် မိခြင်း ၊ နှုတ်နှင့် ခံတွင်းမှ အာပုပ်ရည်တို့ စီးကျခြင်း ၊ကယောင် ကတမ်း ပြောခြင်း၊ အိပ်မက်မက်ရာတွင် အမြင့်မှ ချောက်ကမ်းပါးမှ ပြုတ်ကျသည်ဟု မက်ခြင်း စသော အပြစ်များစွာ ရှိသည့်အပြင် ညဦးက စားထားသော အစာများမှာလည်း မကြေမကျက်သဖြင့် ဝမ်းတွင်း စမြင်းခံခြင်း၊ ဒူလာ လိပ်ခေါင်း ရောဂါဖြစ်ခြင်းတို့ ဖြစ်နိုင်သည်ဟုဆိုသည်။
ဗုဒ္ဓဖြစ်တော်စဉ် ကျမ်းစာများတွင်လည်း ဘုရားရှင်၏ လဲလျောင်းနေသော ရုပ်ပွားတော်များ ထုလုပ် ကိုးကွယ် သောအခါ သတိပြုရမည့် စာညွှန်းမှာ ထိုရုပ်ပွားတော်၏ ဦးခေါင်းတော်ထားရှိရာကို ရည်ညွှန်းလျက်
( ၁ ) အရှေ့ ရွှေသာလျောင်း၊
( ၂ ) တောင် ပေါင်းလောင်း၊
( ၃ ) မြောက်စောင်းကုဿိနာဟု ဆိုသဖြင့် အရှေ့အရပ်သို့ ဦးခေါင်းထားလျှင် ရွှေသာလျောင်း ဆင်းတု တော်၊ တောင်အရပ် သို့ ဘုရား ဦးခေါင်းပြု ထားလျှင် ပေါင်းလောင်းတော်၊ မြောက်အရပ်သို့ ခေါင်းပြုထားလျှင် ပရိနိဗ္ဗာန် ပြုသည့် ကုဿိနာရုံမှ ဆင်းတုတော်ပုံတူဟုမှတ်ယူရမည် ဖြစ်သည်။
အနောက်တိုင်း ဆေးပညာရှင် ကြီးတစ်ဦးက ဟောပြော ရာတွင်လည်း သွေးတိုးရောဂါ ရှိသူများသည် မြောက်အရပ် သို့ ဦးခေါင်းပြု၍ မအိပ်ရ ။
သွေးတိုးတက်၍ ညအိပ်ရာထဲတွင် လေဖြတ်နေစေနိုင်သည်ကို သတိပြုဟု ဟောပြောသည်ကို မှတ်သားရဖူးပါသည်။
နေ့စဉ်ပြု နေကျ နေ၊ ထိုင်၊ စား၊ အိပ် အမှားများကြောင့် လူတို့ အသက်တိုခြင်းကို ဖြစ်စေသဖြင့် သာမန် အသေး အဖွဲ ဟု မမှတ်ယူ ကြဘဲ မိမိကိုယ်မိမိ အသက်ရှည်ရာ အနာမဲ့ကြောင်း စောင့်ရှောက်ကြစေရန် နည်းမှန်လမ်းမှန် ဖြစ်စေရန် တင်ပြလိုက်ရပေသည်......
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
မိသားစုအတွက်ကံကောင်းခြင်းတွေကို ယူဆောင်ပေးနိုင်မယ့် အိမ်အလှဆင်နည်း(၇)မျိုး
ကျန်းမာရေးကို ထင်မထားလောက်အောင်ထိခိုက်စေနိုင်တဲ့ အိမ်တိုင်းမှာရှိတတ်တဲ့အရာ(၅)မျိုး
အိမ်နေရာ အရွေးမမှားစေဖို့ ရှောင်ရန် ဆောင်ရန်များ
အိမ်မှာမထားသင့်တဲ့ လာဘ်လာဘပိတ်စေနိုင်တဲ့အရာများနှင့် အပြုအမူများ
Credit : Shweyoemm
Photo Credit : Grandandamanhotel
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties