By Ra Wai, Shweproperty.com
Updated at 1 March 2022
မိမိအိမ်တွင်အောက်ဖော်ပြပါအပင်လေးများကိုစိုက်ပျိုးခြင်းဖြင့်စီးပွားလာဘ်လာဘတိုးပွားစေကာကျန်းမာကြွယ်ဝခြင်းကိုအံဩလောက်အောင်ပေးနိုင်စွမ်းရှိပါသည်။ အိမ်တွင်စိုက်ပျိုးကြသည့်အပင်များထဲမှကံလည်းကောင်း၊လေလည်းသန့်စင်ပေးနိုင်တဲ့အောက်ဖော်ပြပါအပင်(3)ပင်အကြောင်းကိုဖော်ပြပေးပါမည် ဝါးပင်ဖု ( Lucky Bamboo) ဝါးပင်ဖု ( Lucky Bamboo) ပင်များသည်ပြည်စုံကြွယ်ခြင်း၊ကံကောင်းြခင်းတွေကိုဖိတ်ခေါ်နိုင်စွမ်းရှိသဖြင့်အိမ်တွင်စိုက်ပျိုးသင့်သောအပင်အဖြစ်သတ်မှတ်ခြင်းခံရသည်။ အိမ်၏အရှေ့တောင်ဘက်အရပ်တွင်စိုက်ပျိုးပေးခြင်းဖြင့်ထူးခြားသောစွမ်းအင်များကိုပေးစွမ်းနိုင်သည်ဟုပင်ယုံကြည်သက်ဝင်ကြမည်။( lucky Bamboo)ပင်၏ထူးခြားချက်မှာသူ၏ရိုးတံအပေါ်မူတည်ပြီးအဓိပ္ပါယ်ကွာခြားသွားပေသည်။ ငွေပင် ( Money Tree Plant ) ၄င်းအပင်ဖြစ်ပေါ်လာပုံမှာယုံတမ်းပုံပြင်တစ်ပုဒ်အဖြစ်ထူးဆန်းလှပါသည်။ သူဆင်းရဲတစ်ယောက်သည်ပိုက်ဆံရရန်အတွက်ဆုတောင်းရာမှထူးဆန်းသောအပင်ငယ်ကိုတွေ့ရှိသွားကာအိမ်သို့ယူဆောင်စိုက်ပျိုးရင်းထိုအပင်ငယ်မှအစေ့များကိုရောင်းချရာမှချမ်းသာကံကောင်းသွားလေသည်ဟုရိုးရာပုံပြင်ရှိဖူးလေသည်။ ထိုကြောင့်တရုတ်လူမျိုးများက( Money Tree Plant)သည်ဝင်ငွေများတိုးပွားလာအောင်ပြုလုပ်ပေးနိုင်စွမ်းရှိသည်ဟုသက်ဝင်ယုံကြည်နေကြခြင်းဖြစ်သည်။ ကျောက်စိမ်းပင် (Jade Plant) Japavese Cherry (or) Dollar Plantလို့လူသိများပြီးသူရဲ့သိပ္ပံအခေါ်မှာ Crassula Ovataဖြစ်ပါသည်။ စားပွဲတင်အလှထားစိုက်ပျိုးနိုင်ပြီးလာဒ်ရွှင်ငွေဝင်တိုးကာအလုပ်အကိုင်အဆင်ပြေသောကြောင့်လည်းDollar Plantဟုတင်စားခေါ်ဝေါ်ခြင်းဖြစ်သည်။ ကျောက်စိမ်းပင်သည်အေးမြသောဆောင်းရာသီချိန်တွင်အပွင့်များပွင့်တက်ပြီးကြယ်ပုံစံအပွင့်အဖြူ (သို့)ချယ်ရီပန်းကဲ့သို့ပန်းရောင်အဆင်ပွင့်လေ့ရှိပါသည်။ အရွက်ဝိုင်းဝိုင်းအသွင်ကြောင့်ပိုက်ဆံအကြွေစေ့နဲ့ဆင်တူခြင်းကြောင့်လည်းကြွယ်ဝခြင်းနမိတ်ဆောင်ခြင်းဟုဆိုပါသည်။ အပွင့်လည်းလှအပင်အရွယ်အစားအားဖြင့်လည်းသေးငယ်သောကြောင့်အလုပ်စားပွဲတွင်လည်းအလှစိုက်ပျိုးနိုင်ပါသည်။ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ တရုတ် FENG SHUI (ဖုန်းရွှေ) ပညာအရ သင့်အိမ်ရဲ့အရေးကြီးတဲ့ နေရာများ အိမ်ခြံမြေ ဝယ်ယူ/ရယူ/လွှဲပြောင်းပြီးအမည်ပေါက် ပိုင်ဆိုင်နိုင်ရန် ဆောင်ရွက်ရမည့်အချက်များ မြေပေးမိန့်ရမြေ (သို့) ပါမစ်မြေအကြောင်း ကြွယ်ဝချမ်းသာခြင်းတွေ ယူဆောင်လာပေးနိုင်တဲ့ အိမ်တွင်း အလှစိုက်အပင်ငယ်များ Credit By: Real Residence Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties