By The Modern, Shweproperty.com
Updated at 1 April 2016
အစိုးရသစ်အနေနဲ့ အိမ်ရာအသစ်တွေဖော်ဆောင်ရေးလုပ်ငန်းတွေမှာ ယခင်အစိုးရဟောင်းလုပ်ဆောင်ခဲ့တဲ့ အတွေ့အကြုံနဲ့ ပြဿသနာတွေ ကိုကြည့်ပြီး ပိုမိုကောင်းမွန်တဲ့နည်းလမ်းတွေနဲ့ ဆောင်ရွက်သင့်တယ်လို့ အိမ်ခြံမြေကျွမ်းကျင်သူတွေထံက သိရပါတယ်။
"အိမ်ရာဖော်ဆောင်ရေးလုပ်ငန်းတွေမှာ ဝန်ကြီးဌာနတွေက စတင်ဆောက်တုန်းကအားလုံးလိုလို တန်ဖိုးနည်းလို့ပြောပြီးဆောက်တယ် ၊ တကယ်တမ်းရည်မှန်းချက်မပြည့်တော့ တန်ဖိုးသင့်ဆိုပြီးဖြစ်လာတယ် နဂိုကတည်းက ဒီကအနေအထားတွေကို စီစဉ်ပြီးဖြစ်ရမှာ ၊ သင်ခန်းစာတွေယူဖို့တော့ လိုအပ်ပါလိမ့်မယ်" လို့ မဏ္ဏိုင်အကျိုးဆောင်မှ ဦးသန်းဦးက ပြောပါတယ်။
ယခင်အစိုးရဟောင်းလက်ထက်မှာ ဆောက်လုပ်အကောင်အထည်ဖော်ခဲ့တဲ့ အိမ်ရာအားလုံးလိုလိုဟာ ကျပ်သိန်း ၁၀၀ ကျော်ကနေ သိန်း ၁၂၀၀ လောက်အထိဈေးကွက်တွေရှိပြီး တန်ဖိုးနည်းအိမ်ရာအနေနနဲ့ ရွှေပြည်သာအိမ်ရာနဲ့ ရွှေလင်ပန်းအိမ်ရာတို့ဖြစ်ပြီး ဈေးနှုန်းကတော့ ကျပ်သိန်း ၁၂၀ ဝန်းကျင်နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ် ။ လက်ရှိမြန်မာနိုင်ငံက လူတန်းစာားအများစု စိတ်ဝင်စားတဲ့ အိမ်ရာအမျိုးုအစား တွေကတော့ တန်ဖိုးနည်းနဲ့ အငှားအိမ်ရာတွေဖြစ်ပြီး လက်လှမ်းမမီနိုင်တဲ့အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။ အိမ်ရာဖော်ဆောင်မှုမှာ လက်ရှိမြေတန်ဖိုးကြီးမြင့်မှုတွေကြောင့် နောက်ပိုင်းဆောက်လုပ်တဲ့အိမ်ရာတွေက သိန်း၃၀၀ အောက်မရှိသလောက်နည်းပါးနေပြီး မြေတန်ဖိုးမပါဝင်တဲ့ တန်ဖိုးအမှန်တကယ်နည်းတဲ့ အိမ်ရာတွေလိုအပ်နေတာဖြစ်ပါတယ်။
အစိုးရဝန်ကြီးဌာနတွေက ဆောက်လုပ်တဲ့ အိမ်ရာအများစုက မြေတန်ဖိုးကို ၂၀ ရာခိုင်နှုန်းလောက်ယူထားတာကြောင့် တကယ့်ပေါက်ဈေး ထက်မြင့်မားနေပြီး ဈေးနှုန်းသက်သာတဲ့ အိမ်ရာတွေဖြစ်မလာတာဖြစ်ပါတယ်။
"အခုဆိုရင် ရတနာတို့ ဧရာဝဏ်တို့ ၊ ဗိုလ်မင်းရောင်တို့ ၊ ဗိုလ်ဗထူးအိမ်ရာတို့က အသံတွေထွက်လာပြီ ၊ ၆၀၀ စတုရန်းပေလောက်ရှိတဲအခန်းကို တန်ဖိုးက သိန်း ၆၀၀ လောက်ဖြစ်နေတယ် ၊ ၁၈ ထပ်ပြီးဓာတ်လှေကားရှိတဲ့ တိုက်အတွက် စံနှုန်းက တစ်ပေပတ်လည် ကျပ်တစ်သိန်းလောက်ဖြစ်နေတယ် ၊ အချို့ကွန်ဒိုအလယ်အလတ်တန်းတွေကိုဆိုရင်တောင် တစ်ပေပတ်လည်ကို ၁၅၀,၀၀၀ ၊ ၂၀၀,၀၀၀ လောက်ဆိုရင် ရတယ် ၊ အခုက ဈေးတွေက မြင့်နေတယ်" လို့ ဦးသန်းဦးကပဲ ပြောပါတယ်။
"အခုနောက်ပိုင်းအစိုးရဝန်ကြီးဌာနတွေကိုယ်တိုင်က သူတို့ဌာနပိုင်မြေကို တန်ဖိုးယူပြီး ဆောက်နေတာနဲ့တူတယ် ၊ အမှန်ဆိုရင် ဌာနပိုင်မြေကို ဆောက်လုပ်စရိတ်ပဲယူပြီး ရောင်းချပေးမှ ပြည်သူတွေအမှန်လိုအပ်တဲ့ တန်ဖိုးနည်းနည်းနဲ့ အိမ်တွေထွက်လာနိုင်မှာ" လို့ စီးပွားရေးပညာရှင် ဒေါ်မိုးမိုးက သူ့အမြင်ကို ပြောပါတယ်။
Ref : The Modern
Photo Credit : Social
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties