By Aye Sandar, Shweproperty.com
Updated at 4 February 2021
မိမိအိမ်မှာ လာဘ်ပွင့်ပြီး ဝင်ငွေပေါကြွယ်ဖို့ရာ ရှေးလူကြီးများရဲ့ ရိုးရှင်းတဲ့ ထုံးတမ်းအစဉ်အလာ ယဉ်ကျေးမှုများကို လျစ်လျူရှုထား ပစ်ပယ်၍မရပေ။ “ရှေးထုံးလည်းမပယ်နဲ့ စျေးသုံးလည်းမကြွယ်နှင့်” ဟူသော ဆိုရိုးအတိုင်း လက်ရှိထိတိုင် အသုံးဝင်နေသော ဘိုးဘွားမိဘများ၏ ဆုံးမသြဝါဒတရားများကို လိုက်နာကျင့်သုံးခြင်းဖြင့် ကြရောက်ဆဲ၊ ကြရောက်လာမည့် ဘေးအန္တရာယ်များ၊ အခက်အခဲများကို ဟန့်တားစေနိုင်ပြီး လူနတ်ချစ်ခင်မှုရရှိကာ စောင့်ရှောက်ခြင်းခံရတတ်သည်ဟုဆိုကြသည်။ ယခုပြောပြမည့်နည်းလမ်းများသည် အသစ်အဆန်းမဟုတ်ဘဲ မိမိတို့အိမ်မှာ ပုံမှန်လုပ်နေကျ အခြင်းအရာများသာဖြစ်သည်ကို တွေ့ရှိရပါမည်။ (၁) ဘုရားပန်းလဲခြင်း၊ သောက်တော်ရေကပ်ခြင်းနှင့် ဆွမ်း၊ ဆီမီး အမြဲ ကပ်လှူပူဇော်ပါ။ ဘုရားပန်း မနွမ်းပါစေနဲ့။ ဘုရား ပန်းအိုးထဲမှ ရေများ မပူနေစေရဟု ဆိုထားသည်။ (၂) ဘုရားရှိခိုးတိုင်း အိမ်စောင့်နတ်၊ ခြံစောင့်နတ်၊ အိမ်ဝန်းအတွင်း မှီတင်း စောင့်ရှောက် နေထိုင်ကြသော နတ်မြတ် နတ်ကောင်းများ၊ မြင်အပ်/မမြင်အပ် သတ္တဝါများ အားလုံးကို မေတ္တာပို့ အမျှပေးဝေခြင်းပြုရမည်။ (၃) ကံညံခြင်း၊ လာဘ်ပိတ်ခြင်းများဖြစ်ပါက ညသန်းခေါင် ပရိတ်ရွတ်ဖတ်ပူဇော်ပါ။ ည (၁၂) နာရီနောက်ပိုင်းသည် နတ်မြတ် နတ်ကောင်းများ လူ့ပြည်သို့ လှည့်လည် ကြည့်ရှုချိန်ဖြစ်၍ ညဘက် ပရိတ်ရွတ်ဖတ် ဆုတောင်းလျင် ပို၍ ဆုတောင်း ပြည့်စေသည်ဟု ဆိုထားသည်။ (၄) အိမ်မှာ အဝတ်အဟောင်း၊ အစုတ်တွေ မထားပါနဲ့။ ပုလင်းကွဲတွေ ဒန်အိုးပေါက်များ၊ အဝတ်အစား အစုတ်တွေကို သိမ်းဆည်းခြင်း အကျင့်ကို ဖျောက်ပါ။ အညံ့တွေကိုဖြစ်စေလို့ အိမ်တွင်း စီးပွားမတက်ခြင်းဖြစ်စေပါနိုင်သည်။ (၅) အိမ်ကို တံမြက်စည်း လှည်းလျှင် နံနက်ပိုင်းဆို အိမ်ရှေ့မှ အိမ်နောက် သို့လှည်းပါ။ ညနေနှင့် ညဘက် လှည်းမည်ဆိုက အိမ်နောက်မှ အိမ်ရှေ့သို့လှည်းလှဲပေးရမည်။ (၆) အိမ်ရှိ လှေကားများ ကျိူးပျက်နေသည်ကို ပြုပြင်ပါ။ လှေကားများ ကျိူးပျက်နေခြင်းက လာဘ်တိတ်စေသလို မကောင်းသော အန္တရာယ်များကို ဖိတ်ခေါ်စေပါတယ်။ (၇) ထပ်ခိုးများတွင် ပစ္စည်းများစုပုံတင်ထားခြင်းသည်လည်း စီးပွားလာဘ်တိတ်စေနိုင်လို့ ရှောင်ကြဉ်အပ်ပါသည်။ ဤနည်းလမ်းများကို သတိထားဆောင်ရွက်ခြင်းဖြင့် မိမိအိမ်တွင်း အညံ့များ၊ အတိုက်အခံများ ရန်မှ ကင်းဝေးကာ ကျန်းမာခြင်း အေးချမ်းခြင်း၊ ကံကောင်းခြင်းများနဲ့ ပြည့်စုံတဲ့အိမ်မျိုးကို ရရှိပိုင်ဆိုင်နိုင်ပါမည်။ ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ အိမ်အတွင်းအပြင် စီးပွားလာဘ်ပွင့်နည်း ဒီနှစ်တွေမှာ အိမ်မဆောက်ပါနဲ့ လက်ရှိ သင်နေထိုင်တဲ့အိမ်က စီးပွားတက်မည့်အိမ် ဟုတ်၊မဟုတ် ကြည့်မယ် စီးပွားဥစ္စာ တိုးပွားစေဖို့ ဒီနေ့ ၊ဒီလတွေကိုရွေးပြီး အိမ်ဆောက်ပါ Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties