By Myanmar Builders Guide, Shweproperty.com
Updated at 9 April 2019
ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာစီမံကိန်းအနက် ဓနစံရာဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီက တည်ဆောက်လျက်ရှိသည့် အိမ်ရာအဆောက်အအုံရှစ်လုံးကို ယခုနှစ်အတွင်းအပြီးတည်ဆောက်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာစီမံကိန်းအဖြစ် ရှစ်ခန်းတွဲ၊ ငါးထပ်အဆောက်အအုံရှစ်လုံးကို ယခုနှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းအိမ်ရာစီမံကိန်းတွင် အဆောက်အအုံပေါင်း ၁၄ လုံးတည်ဆောက်ရန်ပါဝင်ကြောင်း၊ လက်ရှိတွင် ဒဂုံ (ဆိပ်ကမ်း) မြို့နယ်အတွင်း တည် ဆောက်နေပြီး မြေတိုင်းအမှတ် (၇၃) ရပ်ကွက်ရှိ မြေ ၁၈၃ ဒသမ ၅၃ ဧကပေါ်၌ နိုင်ငံ့ဝန်ထမ်းအိမ်ရာစီမံကိန်း၊ တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို တိုင်းဒေသကြီးအစိုးရနှင့် Capital ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်ရန် စီမံကိန်းပန္နတင်ခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းစီမံကိန်းတွင် အကျယ်အဝန်းအားဖြင့် စတုရန်းပေ ၃၀၀၊ စတုရန်းပေ ၆၀၀၊ စတုရန်းပေ ၉၀၀၊စတုရန်းပေ ၁၂၀၀ ရှိ အိမ်ခန်းပေါင်း ၄၀၀၀ နီးပါးပါဝင်သည့် ၁၂ ခန်းတွဲခြောက်ထပ်၊ ရှစ်ခန်းတွဲခြောက်ထပ်၊ လေးခန်းတွဲခြောက်ထပ်ရှိ အဆောက်အအုံများ၊ ဈေးဆိုင်ခန်းများ၊ ရုံးခန်းများနှင့် ကျောင်း များပါဝင်သည်။
ယင်းတို့အတွက် ရင်းနှီးမြှုပ်နှံမှု ငွေကျပ် ၃၅၈ ဒသမ ၇၁၇ ဘီလီယံ အကုန်အကျခံ တည်ဆောက်မည်ဖြစ်သည်။ တည်ဆောက်ပြီးစီးပါက အငြိမ်းစားဝန်ထမ်းများကို အိမ်ရာတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း လက်ငင်းချေစေပြီး ကျန်ငွေများကို ဘဏ်ချေးငွေဖြင့် ၁၅နှစ် အရစ်ကျပေးချေသည့်စနစ်ဖြင့် ရောင်းချနိုင်ရန် စီစသ်ထားသည်။
လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအား အငှားချထားပေးမည်ဖြစ်ပြီး အငြိမ်းစားဝန်ထမ်းများအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မူဝါဒများအရ ရောင်းချပေးမည်ဖြစ်ပါသည်။
နိုင်ငံ့တော်အစါုးရအဖွဲ့အနေဖြင့် နေပြည်တော်အပါအဝင် ရန်ကုန်နှင့် မန္တလေးတို့၌လည်း နိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် နိုင်ငံဝန်ထမ်းအငှားအိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties