By Sint Sint, Shweproperty.com
Updated at 7 November 2020
ကမ္ဘာ့လူသုံးကုန် ပစ္စည်းများ အဖွဲ့ရဲ့ ကြေညာချက်အရ နှစ်စဉ် အမေရိကန်လူမျိူး ( ၃၃.၁ ) မီလီယန်လောက်ဟာ အိမ်သုံးပစည်းများကြောင့် ကျန်းမာရေး ထိခိုက်ခြင်းကို ခံစားနေရတယ်လို့ ဆိုပါတယ် ။ ထိုသို့ဖြစ်ရခြင်းဟာ အိမ်သုံးပစ္စည်းများတွင်ပါဝင်သော ဓာတုပစည်းများကြောင့်လို့ သိပံပညာရှင်များက ယုံကြည်ကြပါတယ် ။
(၁)ခြင်ဆေးခွေ
မြန်မာနိုင်ငံလို ခြင်ပေါတဲ့နိုင်ငံအနေနှင့်တော့ ခြင်ဆေးခွေဟာ မရှိမဖြစ်အရေးပါပါတယ်။အထူးသဖြင့် နယ်ဘက်လိုနေရာမျိူးတွေမှာဆိုရင် ခြင်ဆေးခွေကို အိမ်တိုင်းနီးပါးအသုံးပြုကြပါတယ်။ခြင်ပြေးစေတာမို့ ခြင်နှင့်ပတ်သက်သောကျန်းမာရေးပြဿနာများကို တားဆီးနိုင်သော်ငြားလည်း အခြားသော ကြောက်စရာရောဂါတွေကိုတော့ လက်ယပ်ခေါ်နေသလို ဖြစ်စေကြောင်းတွေ့ရှိထားပါတယ်။ သိပံပညာရှင်တွေရဲ့ စမ်းသပ်ချက်များအရ ခြင်ဆေးတစ်ခွေကနေလာသော မီးခိုးငွေ့တွေဟာဆိုရင် ဆေးလိပ်ပေါင်း ၇၅လိပ်ကနေ၁၃၇လိပ်ကနေထွက်လာသောမီးခိုးငွေ့တွေနဲ့ ညီမျှတယ်ဆိုတာသိရပါတယ်။ အဆုတ်နဲ့ပတ်သက်သောရောဂါဆိုးကြီးတွေ ဖြစ်ပေါ်စေဖို့ ကောင်းကောင်းလုံလောက်သောပမာဏပဲ ဖြစ်ပါတယ်။
(၂) လေသန့်ဆေးများ (air fresheners)
-လေသန့်ဆေးဗူးတွေမှာဆိုရင်terpenesနှင့် ethylene ကိုအခြေခံထားသော glycol ether ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ပထမဒြပ်ပေါင်းဟာ လေနှင့်ထိတွေ့တာနှင့်တပြိုင်တည်း အဆိပ်ငွေ့များအဖြစ်ပြောင်းလဲသွားပြီး ဒုတိယဒြပ်ပေါင်းကတော့ သူ့ပင်ကိုသဘာဝကိုကပင် အဆိပ်အတောက်များ ပါရှိပါတယ်။ဒါကြောင့် လေသန့်ဆေးဗူးတွေကို မဖြစ်မနေအသုံးပြုမယ်ဆိုပါက လေဝင်လေထွက်ကောင်းသောနေရာမျိူးနှင့် အခန်းကျယ်များတွင်သာ အသုံးပြုသင့်တယ်နော်။
(၃)ပရုတ်လုံး
ပရုတ်လုံးတွင်ပါသော paradichlorobenzene ဆိုတဲ့ဒြပ်ပေါင်းဟာ တိရစ္ဆာန်များကို ကင်ဆာဖြစ်စေနိုင်ပါတယ်။လူတွေကိုတော့ ထိုသို့ကင်ဆာဖြစ်နိုင်စွမ်းရှိမရှိ သက်သေမပြနိုင်သေးသော်လည်းသတိထားသင့်သောအရာ ဖြစ်ပါတယ်။ အချို့ပရုတ်လုံးများတွင်ပါဝင်သော naphthalene ဟာ လူတွေရဲ့ သွေးနီဥတွေကို ပျက်စီးစေတာမို့ မွေးရာပါ G6PD ချို့တဲ့သော ကလေးငယ်တွေအနေနဲ့ အထူးရှောင်ရှားရပါတယ်။
(၄)အမွေးတိုင်
ခြင်ဆေးခွေများမှာလိုပဲ အမွေးတိုင်က ထွက်လာတဲ့အငွေ့တွေမှာ ကျန်းမာရေးကို ဆိုးကျိူးဖြစ်ပေါ်စေသော ဓာတ်တွေ အမြောက်အများပါဝင်တာကို တွေရပါတယ်။ ပန်းနာရင်ကျပ်နှင့်အဆုတ်ရောဂါကနေ ကင်ဆာဖြစ်နိုင်သည်အထိ ဆိုးကျိူးဖြစ်ပေါ်နိုင်ပါတယ်။
(၅)ကြိတ်သား
ယခုအခါ ကြိတ်သားဖြင့်ပြုလုပ်သော ပရိဘောဂများကို အိမ်တိုင်းနီးပါးမှာ အသုံးပြုလာကြတာတွေ့ရပါတယ်။အမြင်အားဖြင့် လှပသလို ဈေးနှုန်းကလည်း ချိူသာတာမို့ လူအသုံးများလှပါတယ်။ ဒါပေမယ့်လည်း ကျန်းမာရေးရှုထောင့်ကကြည့်ပါက အန္တရယ်ရှိတာကို တွေ့ရှိရပါတယ်။ ကြိတ်သားဖြစ်လာဖို့အတွက် အသုံးပြုရသော ကော်အမျိူးအစားမှာ urea formaldehyde ပါဝင်ပြီး ထိုကနေတဆင့် သင့်အခန်းအတွင်းသို့ အန္တရယ်ရှိသော formaldehyde များကို ထုတ်လွတ်ပေးမှာ ဖြစ်ပါတယ်။သင့်အခန်းဟာ ပူနွေးစိုစွတ်လေလေ ဖော်မယ်ဒီဟိုက်များကို ပိုမိုထုတ်လေလေဖြစ်စေမှာပါ။ကြာရှည်ထိတွေ့ရတာနဲ့တပြိုင်နက် ပန်းနာရင်ကျပ်၊အဆုတ်ကင်ဆာစသော အဆုတ်ပြဿနာများကို ဖြစ်ပေါ်စေမှာမို့ သတိထားသင့်တယ်နော်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
သင့်အိမ်မှာ ရွှေလာငွေလာဂမုန်းအပင် စိုက်ထားခြင်းရဲ့ အကျိုးကျေးဇူးတွေ
အိမ်မှာ ကြွက်တွေတစ်အား သောင်းကျန်းနေတယ် သတ်ရမှာလည်း အကုသိုလ်ဖြစ်မယ်ဆိုတဲ့ လူတွေအတွက် အကုသိုလ် ကင်းကင်းနဲ့ ကြွက်တွေကို မောင်းထုတ်နိုင်တဲ့ နည်းလေး တင်ပေးလိုက်ပါတယ်နော်
အိမ်ထဲတွင် စွမ်းအင်ကောင်းတွေ ဖန်တီးပေးတဲ့ အပင် (၇) မျိုး
ကျန်းမာရေးအတွက် ဆားအသုံးဝင်ပုံ
Ref : Napannsan
Photo Credit : Thewowstyle
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties