By Sint Sint, Shweproperty.com
Updated at 19 October 2020
အရာဝတ္ထုပစ္စည်းတွေတိုင်းမှာ စွမ်းအင်တစ်ခုစီရှိတယ်လို့ လူတစ်ချို့ကယုံကြည်ကြပါတယ်။ ဒါကြောင့် အိမ်မှာ တစ်ချို့အသုံးအဆောင်၊ ပရိဘောဂတွေကို မထားသင့်ပါဘူး။ အကြောင်းကတော့ အဲ့ဒီ့ပစ္စည်းတွေကနေတစ်ဆင့် အညံ့တွေဝင်လာနိုင်လို့ပါ။ ဘာပစ္စည်းတွေလည်းဆိုတာကိုကြည့်ပြီးရင် သင့်အိမ်ကိုလည်း ရှင်းလင်းလိုက်ပါနော်။ ဒါဆိုရင်တော့ အညံ့ကင်းပြီး အကောင်းတွေ ဝင်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။
(၁) သံချေးတက်နေတဲ့ပစ္စည်းများ
သင့်အိမ်ထဲမှာ သံချေးတက်နေတဲ့ ပစ္စည်းတွေ မထားသင့်ပါဘူး။ အကြောင်းကတော့ အဲ့ဒီ့ကနေတစ်ဆင့် မကောင်းဆိုးဝါးတွေ၊ အညံ့တွေ ဝင်လာနိုင်လို့ပါတဲ့။
(၂) သေပြီးသားသူတွေရဲ့ဓာတ်ပုံချိတ်ခြင်း
သေဆုံးပြီးသားသူတွေရဲ့ ဓာတ်ပုံကို ချိတ်ဆွဲခြင်းဟာလည်း အညံ့တွေ ဝင်လာစေနိုင်တယ်လို့ တစ်ချို့က ယုံကြည်ကြပါတယ်။ ဒါကြောင့် သေဆုံးပြီးသားသူတွေရဲ့ ဓာတ်ပုံကို ချိတ်ဆွဲတာထက် အံဆွဲ၊ အယ်လ်ဘမ်ထဲမှာ ထည့်တာ ပိုပြီးကောင်းပါတယ်။
(၃) တံမြက်စည်းပြောင်းပြန်
တံမြက်စည်း၊ ဂေါ်ပြားစတဲ့ သန့်ရှင်းရေးပစ္စည်းတွေကို တစ်ပတ် ဒါမှမဟုတ် တစ်လတစ်ခါလောက်တော့ ဆေးကြောပေးသင့်ပါတယ်။ နောက်ပြီး တံမြက်စည်းကို အပေါ်အောက်ဇောက်ထိုးမထောင်ဘဲ ပုံမှန်အတိုင်းထားရပါမယ်။ ညစ်ပတ်နေတဲ့ တံမြက်စည်းနဲ့၊ ဇောက်ထိုးထားထားတဲ့ တံမြက်စည်းတွေက အညံ့တွေကို ခေါ်ဆောင်တတ်တယ်လို့ အယူရှိကြလို့ပါ။
(၄) အိပ်ရာအနီးမှန်ထားခြင်း
သင့်ရဲ့ အိပ်ရာဘေးတည့်တည့် အထူးသဖြင့် အိပ်နေစဉ် သင့်ကို သင်ပြန်မြင်နေရတဲ့ပုံစံမျိုးမှာ မှန်ကို မထားသင့်ပါဘူး။ အကြောင်းကတော့ သင့်ကို ပင်ပန်းနွမ်းနယ်စေပြီး အားအင်တွေကို စုပ်ယူနိုင်လို့ပါတဲ့။
(၅) ဆူးပါတဲ့အပင်များ
အိမ်ထဲမှာ ဆူးပါတဲ့အပင်တွေကို ထားခြင်းဖြင့် အညံ့တွေ ဝင်လာနိုင်တယ်လို့ အချို့ယူဆကြပါတယ်။ ဒါကြောင့် ဆူးပါတဲ့အပင်တွေကို အဝင်ဝ ဒါမှမဟုတ် ခြံထဲမှာပဲ ထားသင့်ပါတယ်တဲ့။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
အိမ်မှာ ခြင်ဆေးခွေ ၊ အမွေးတိုင်တွေ အသုံးပြုရင် မဖြစ်မနေသိထားသင့်တဲ့အချက်များ
အိမ်တွင်းမှာ လုံးဝမစိုက်သင့်တဲ့ နဂါးစက်ဂမုန်း
ရေခဲသေတ္တာထဲကို လုံးဝမထည့်ထားသင့်သည့် ပစ္စည်း (၁၀) မျိုး
ဘုန်းကံနိမ့်သွားစေနိုင်လို့ အိမ်မှာ ဘယ်တော့မှမလုပ်မိအောင် ရှောင်ရမယ့် အချက် (၄) ချက်
Credit : Aunty May
Photo Credit : Mqdesignbuilder
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties