By 7 Day Daily, Shweproperty.com
Updated at 31 October 2017
နေအိမ်အလှဆင်သုတ်ဆေးများ၏ ၇၃ ရာခိုင်နှုန်းကျော်တွင် ခဲဓာတ်ပါဝင်မှု ပမာဏလွန်ကဲနေကြောင်း အိန္ဒိယနိုင်ငံ၌ပြုလုပ်သော လေ့လာမှုတစ်ရပ်ကဖော်ပြသည်။
လွန်ကဲသော ခဲဓာတ်ပမာဏနှင့် ထိတွေ့မှုကြောင့် ကလေးငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှုကို အန္တရာယ်ဖြစ်စေပြီး ကလေးငယ်များတွင် အပြုအမူဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်စေကြောင်း သိရသည်။
မြင့်မားသော ခဲဓာတ်ပမာဏနှင့် ထိတွေ့မှုကြောင့် ဦးနှောက် နှင့် အာရုံကြောစနစ်တို့တွင် ပြန်မကောင်းနိုင်သော ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်စေသည်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အခြေစိုက် NGOတစ်ခု၏ လေ့လာမှုအတွင်း ယင်းကဲ့သို့ ခဲဓာတ်မြင့်မားစွာပါဝင်သည့် အိမ်သုတ်ဆေးထုတ်လုပ်သော လုပ်ငန်းများနှင့် အသေးစားနှင့် အလယ်အလတ်လုပ်ငန်းများက အများဆုံးထုတ်လုပ်ကြောင်း လေ့လာတွေ့ရှိသည်။
သုတေသီများက အိမ်သုတ်ဆေးများတွင် ခဲဓာတ်ပါဝင်မှုနှင့် ပတ်သက်သော ဖော်ပြချက်များ ပါရှိရမည်ဖြစ်ပြီး ခဲဓာတ်မြင့်မား စွာ ပါဝင်ခြင်းကြောင့် ကျန်းမာရေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း ပြောသည်။
အိန္ဒိယ သဘာဝပတ်ဝန်းကျင်၊ သစ်တောနှင့်ရာသီဥတုပြောင်း လဲမှုဆိုင်ရာ ဝန်ကြီးဌာနက အိမ်သုတ်ဆေးများတွင် အများဆုံးထည့် သုံးနိုင်သည့် ခဲဓာတ်ပမာဏကို သတ်မှတ်ကြေညာပေးထားပြီး လာ မည့်လအတွင်း သတ်မှတ်ချက် အသက်ဝင်မည်ဟု သိရသည်။
ယင်းကဲ့သို့ ခဲဓာတ်ပါဝင်မှုမြင့်မားသော အိမ်သုတ်ဆေးများကို အသုံးပြုခြင်းကြောင့် ထိခိုက်သူအများစုသည် ကလေးငယ်များဖြစ်ပြီး ခဲဓာတ်အခြေခံ အိမ်သုတ်ဆေးများကြောင့် ညစ်ညမ်းသွားသော ဖုန်မှုန့် (သို့မဟုတ်) မြေမှုန့်များကို စားမိခြင်း (သို့မဟုတ်) ရှူသွင်းမိခြင်းကြောင့်ဖြစ်ကြောင်း သုတေသီများကပြောသည်။
ကလေးငယ်များ မြင့်မားသောခဲဓာတ်နှင့် ထိတွေ့ခြင်းကြောင့် ဖြစ်ပေါ်လာသော ကျန်းမာရေးဆိုးကျိုးများကို တစ်သက်လုံး ခံစားရနိုင်ပြီး ကုသ၍ ပြန်မကောင်းနိုင်သော ဆိုးကျိုးများဖြစ်ပေါ်နိုင် ကြောင်း သုတေသီများကပြောသည်။
Ref & Photo Credit : 7 Day Daily
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties