By Sint Sint, Shweproperty.com
Updated at 5 October 2020
အိမ်၀ယ်ယူရာမှာ နေရာအရွေးမှားရင်လည်း အိမ်ရဲ့ လာဘ်လာဘ နဲ့ ကျက်သရေမင်္ဂလာ ဆုတ်ယုတ်တတ်တာမို့ အောက်ပါအနေအထားတွေကိုလည်း သတိပြုရပါမယ်။
လမ်းဦးတိုက်အိမ်
လမ်းနဲ့ ထိပ်တိုက်တည့်တည့်ကျရောက်တဲ့ အနေအထားကို လမ်းဦးတိုက်အိမ်လို့ ခေါ်ပါတယ်။
(မိမိအိမ်နေရာသည် လမ်းဦးတိုက် ပုံစံဖြစ်နေပါက ယတြာအနေနဲ့ - ကျားရုပ်လုပ်ပြီး ဦးတိုက်တဲ့ လမ်းဘက်သို့ လှည့်ထားပါ၊ မိမိအိမ်ရှေ့ သောက်ရေအိုးစင် တည်ပါ)
လှည်းဦးတိုက်အိမ်
လှည်းများ(ယနေ့ခေတ် ကားနှင့် ယဉ်အမျိုးမျိုး) သွားလာသည့်လမ်းကြောင်း နဲ့ မလွတ်တဲ့ အနေအထားကို လှည်းဦးတိုက်အိမ်လို့ ခေါ်ပါတယ်။
(မိမိအိမ်နေရာသည် လှည်းဦးတိုက် ပုံစံဖြစ်နေပါက - ကျားရုပ်ပြုလုပ်ပြီး ဆောင်ထားပါ)
လှေဦးတိုက်အိမ်
ရေလမ်းမှာ သွားလာနေတဲ့ သင်္ဘော၊ မောတော်ဘုတ်၊ လှေ အစရှိတဲ့ ရေယာဥ်များ ထိပ်တိုက်သွားလာတဲ့ အနေအထားမှာရှိတဲ့အိမ်ကို လှည်းဦးတိုက်အိမ်လို့ခေါ်ပါတယ်။
(မိမိအိမ်နေရာသည် လှေဦးတိုက် ပုံစံဖြစ်နေပါက - ကျားရုပ်ပြုလုပ်ပြီး ဆောင်ထားပါ)
ရေဦးတိုက်အိမ်
ရေကြောင်းနဲ့ မိမိအိမ် ထိပ်တိုက်တွေ့ပြီး ရေစတင်စီးဆင်းတဲ့နေရာ၊ ရေစီးဆုံတဲ့နေရာအနေအထားတွေမှာ ရှိတဲ့အိမ်ကို ရေဦးတိုက်အိမ် လို့ခေါ်ပါတယ်။
(မိမိအိမ်နေရာသည် ရေဦးတိုက် ပုံစံဖြစ်နေပါက - ကျားရုပ်ပြုလုပ်ပြီး ဆောင်ထားပါ)
စေတီဦးတိုက်အိမ်
ဘုရားကျောင်းကန်နဲ့ စေတီပုထိုးတွေက မိမိနေအိမ်ထက် နိမ့်ကျပြီး ကပ်လျက် အနေအထားမျိုးမှာ တည်ရှိတဲ့အိမ်ကို စေတီဦးတိုက်အိမ်လို့ခေါ်ပါတယ်။
(မိမိအိမ်နေရာသည် စေတီဦးတိုက် ပုံစံဖြစ်နေပါက - နီးစပ်ရာ စေတီပုထိုးနဲ့ သာသနိက အဆောက်အအုံတွေမှာ ကောဇောခင်းခြင်း၊ ကျောက်ပြားကပ်လှူခြင်း၊ တံမြက်စည်းလှည်းခြင်း၊ န၀ကမ္မကပ်လှူခြင်း စတဲ့ ကုသိုလ်ဒါန ပြုပေးရပါမယ်။ )
ကြမ်းဦးတိုက်အိမ်
အဆင့်ပေါ်ဖြစ်စေ ၊ အထပ်ပေါ်ဖြစ်စေ တက်ရာမှာ ခြေဖဝါးချရင် ကြမ်းအလျားလိုက်အတိုင်း မိမိခြေချောင်းမှာတည်နေခြင်းအနေအထားရှိတဲ့အိမ်ကို ကြမ်းဦးတိုက်အိမ်လို့ခေါ်ပါတယ်။
(မိမိအိမ်နေရာသည် ကြမ်းဦးတိုက် ပုံစံဖြစ်နေပါက - ကော်ဇော၊ ဖယောင်းပုဆိုး ခင်းထားရပါမယ်။)
နို့ညှပ်
မိမိအိမ်တည်နေရာက ညီအစ်ကိုကြား (သို့မဟုတ်)သားအဖကြား ညပ်နေတဲ့ အနေအထားကို နို့ညှပ် လို့ခေါ်ပါတယ်။
(မိမိအိမ်နေရာသည် နို့ညှပ်အနေအထားဖြစ်နေပါက - အိမ်တစ်ဖက်တစ်ချက်တွင် ထညပ် ( ငါးကင်ရာတွင် သုံးသောဝါးညှပ်) ဆောင်ထားရပါမယ်။)
အိမ်တံစို့
မိမိအိမ်ကို တခြားတစ်အိမ်က အလည်တည့်တည့်ကနေ ကန့်လန့်ဆောက်ထားတဲ့ အနေအထားရှိတဲ့ အိမ်ကို အိမ်တံစို့လို့ခေါ်ပါတယ်။
(မိမိအိမ်နေရာသည် အိမ်တံစို့ ပုံစံဖြစ်နေပါက - တံစို့အနေအထားဖြစ်နေသော အိမ်ဘက်သို့ မှန်တစ်ချပ်ထောင်ထားပါ။)
မိမိအိမ် ကျက်သရေမင်္ဂလာ တိုးတက်စေဖို့ ဆောင်ရန်ရှောင်ရန်လေးတွေ တင်ဆက်ပေးလိုက်ရပါ။ မိတ်ဆွေများ စီးပွာလာဘ်လာဘတွေ တိုးတက်စေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
အိမ်မှာမထားသင့်တဲ့ လာဘ်လာဘပိတ်စေနိုင်တဲ့အရာများနှင့် အပြုအမူများ
အညံ့တွေ ကင်းပြီး အကောင်းတွေ ဝင်လာအောင် သင့်အိမ်မှာ ဒီလို ပစ္စည်းတွေကို ဖယ်ရှားပါ
အကွက်ရိုက်ရောင်းတဲ့ မြေကို ဝယ်လိုသူများ အထူး သတိပြုစရာ
မြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်မလဲ
Credit : Social Media
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties