By Duwun, Shweproperty.com
Updated at 19 January 2016
ဒေါ်လာ ၂၀၀၀၀ ကျော်တန်ဖိုးရှိတဲ့ တရုတ်ယွမ်ငွေတွေကို ဖြဲခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံက လူတစ်ဦးဟာ အိမ်ရောင်းပြီးရတဲ့ငွေတွေကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ဖြဲခဲ့ပါတယ်။ တရုတ်နိုင်ငံ ဒေသခံသတင်းစာ Qianshan Evening News ရဲ့ဖော်ပြချက်အရ Anshan မြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒေါ်လာ ၂၀၀၀၀ ကျော်တန်ဖိုးရှိတဲ့ တရုတ်ယွမ်ငွေ ၁၄၀၀၀၀ ကို ဖြဲခဲ့တာဖြစ်ပါတယ်။ အဆိုပါလူဟာ အသက် ၈၃ နှစ်အရွယ်ရှိနေပြီး ပြီးခဲ့တဲ့နှစ်ကမှ အိမ်တစ်လုံးကို ယွမ် ၂၀၀၀၀၀ နဲ့ရောင်းခဲ့တာဖြစ်ပါတယ်။ ချန်လို့အမည်ရတဲ့ သားဖြစ်သူရဲ့ပြောပြချက်အရ သားသမီးတွေ ဒီပိုက်ဆံတွေကိစ္စမေ့သွားအောင်လို့ သူ့အဖေက ဖြဲပြစ်ခဲ့တာလို့ ဆိုပါတယ်။ ငွေ တော်တော်များများကိုဖြဲပြီးမှ သူ့အဖေက သူ့ကိုပြောခဲ့တာ ဖြစ်ပါတယ်။ ချန်နဲ့သူ့မိန်းမဟာ ပိုက်ဆံတွေကို သုံးလကြာအောင်ပြန်ဆက်ခဲ့ရပြီး ဘဏ်ကိုသွားလဲတဲ့အခါ ဘဏ်ကပြန်လဲပေးခဲ့တယ်လို့ သိရပါတယ်။
Ref : Duwun
Photo Credit : Duwun
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties