By Search Myanmar, Shweproperty.com
Updated at 13 October 2016
အဏုမြူ စစ်ပွဲတွေ ဖြစ်လာမှာကို ကြောက်နေသူတွေအတွက် အမိုက်စား နေအိမ်တွေပေါ်ထွက်လာပါတယ်။ ဒီအိမ်တွေကတော့ ၂၀ ကီလိုတန် ပေါက်ကွဲမှု တွေကို တောင် ခံနိုင်ရည်ရှိတယ်လို့သိရပါတယ်။ အဲဒီလောက်လုံခြုံမှုရှိတဲ့နေအိမ်ဟာ စတာလင်ပေါင် ၁၁.၅၇ သန်း တန်ဖိုးရှိနေပြန်ပါတယ်။
ဒီနေအိမ်ဟာ မြေအောက်မှာ ဆောက်လုပ်ထားတာဖြစ်ပြီး ဇိမ်ခံ နေအိမ် အမျိုးအစားထဲက တစ်ခုပါပဲ။ ဒီမြေအောက်နေအိမ်ဟာ ဖြစ်လာနိုင်ချေရှိတဲ့ ခြိမ်းခြောက်မှုတွေဖြစ်တဲ့ သဘာ၀ ဘေးအန္တရာယ်များ ၊ မြို့တော်တွင်းဆူပူမှုများနဲ့ အကြမ်းဖက် တိုက်ခိုက်မှု များ ရဲ့ အန္တရာယ်ကလည်း လွတ်မြောက်နိုင်စွမ်းရှိနေပါတယ်။
အမေရိကန်ပြည်ထောင်စု ၊ ဂျော်ဂျီယာ ပြည်နယ် Savannah မြို့နားမှာ တည်ရှိပြီး ထို မြေအောက်နေအိမ်ကိုတော့ ၁၉၆၉ ခုနှစ်ကတည်းက စစ်တပ်အဖွဲ့အစည်းတွေနဲ့ အင်ဂျင်နီယာ တွေ ပူးပေါင်းဆောက်လုပ်ခဲ့တာ ဖြစ်တယ်လို့ လည်းသိရပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ ထိုမြေအောက်စခန်းကို အစိုးရ အဆင့်အထိ ရောက်အောင်ပြုပြင်ခဲ့ပြီး အဆင့်မြှင့်တင်ခဲ့တာဖြစ်ပါတယ်။
ထိုအိမ်ရဲ့ နံရံတွေဟာ ၃ ပေတိတိ အထူရှိပြီး လေဝင် စနစ်များ ၊ သူနာပြု အခန်းများ ၊ အပုပ်နံ့နဲ့ အဆိပ်ငွေ့ကင်းစင်တဲ့ ရေချိုးခန်းများ နဲ့ စတာလင်ပေါင် ၆၇၅၀၀ တန် CCTV တွေကိုလည်းတပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။ ရေပူရေအေးစနစ် ၊ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာ စနစ်များ စတာတွေကိုလည်းတပ်ဆင်ထားပါတယ်။
ထိုနေအိမ်ဟာ ၃၂ ဧက ကျယ်ဝန်းတဲ့ မြေပြင်ရဲ့ အောက် ၄၅ ပေ အကွာ မှာ တည်ဆောက်ထားတာဖြစ်ပြီး စတုရန်းပေ ၁၄၀၀၀ ကျယ်ဝန်းတဲ့ အထပ် ၂ ထပ်ပါဝင်တယ်လို့လည်း သိရပါတယ်။ ဒုတိယ ထပ်မှာတော့ ဇိမ်ခံ တိုက်ခန်း ၄ ခန်းပါဝင်ပြီး တစ်ခန်းကို စတုရန်းပေ ၆၀၀ ခန့်ကျယ်ဝန်းပါတယ်။ အခန်းတိုင်းမှာ မီးဖိုချောင် ၁ ခန်း ၊ ထမင်းစားခန်း ၁ ခန်း ၊ အိပ်ခန်း ၂ ခန်း ၊ ဧည့်ခန်း ၁ ခန်း နဲ့ ရေချိုးခန်း တို့ပါဝင်တယ်လို့ လည်းသိရပါတယ်။
ပထမထပ်မှာကတော့ ဟိုတယ်လ် တွေမှာ တွေ့နေကြပုံစံအတိုင်း ဧည့်ခန်းများနဲ့ ပရိဘောဂ ဖွဲ့စည်းမှုများကို အသားပေးထားပြီး ထို တိုက်ခန်းမှာ ဝယ်ယူနေထိုင်သူတွေအလုပ်လုပ်လို့ရမယ့် အလုပ်စားပွဲတွေကိုလည်း ထားပေးထားတယ်လို့ သိရပါတယ်။
"ကျွန်တော်တို့ဟာ အန္တရာယ်တွေများပြားလာတဲ့ ကမ္ဘာကြီးမှာနေထိုင်နေကြတာပါ။ ဒီနေအိမ်ကတော့ မိသားစု တိုင်း ၊ စီးပွားရေး လုပ်ငန်းတိုင်း နဲ့ အစိုးတိုင်းအတွက် လုံခြုံစွာ နဲ့ သက်တောင့်သက်သာ နေထိုင်နိုင်မယ့် ကောင်းကင်ဘုံ တစ်ခုပါပဲ" လို့ ထို မြေအောက် တိုက်ခန်းကို ပိုင်ဆိုင်တဲ့ Bastion အိမ်ခြံမြေလုပ်ငန်းရဲ့ တွဲဖက်ပိုင်ရှင် Chris Salamone က ဆိုပါတယ်။
Ref : Search Myanmar
Photo Credit : webnew
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties