By Sint Sint, Shweproperty.com
Updated at 9 November 2020
ရာသီဥတုရဲ့ အပူဒဏ်ကို သက်သာစေနိုင်ဖို့အတွက် အဲကွန်းတွေကို နေရာတော်တော်များများမှာ အများဆုံး အသုံးပြုလာကြပြီး အဲကွန်းတွေကို ပုံမှန်သန့်ရှင်းရေးမလုပ်တာဟာ လေထုထဲမှာ ကူးစက်လွယ်တဲ့ Legionella ဆိုတဲ့ ဘက်တီးရီးယားတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
အဲကွန်းကထွက်တဲ့ စိုစွတ်တဲ့လေထုထဲမှာ ဒီဘက်တီးရီးယားတွေဟာ အလွယ်တကူပေါက်ဖွားဖြစ်ပေါ်စေနိုင်ပြီး ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားတာကြောင့် ဒီလေကို ရှူရှိုက်မိတဲ့အခါ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်တာပဲဖြစ်ပါတယ်။
ခန္ဓာကိုယ်ထဲကို ရောဂါပိုးကူးစက်ဝင်ရောက်သွားတဲ့အခါ သာမန်ဖျားနာခြင်းမျိုးတွေရဲ့ လက္ခဏာတွေဖြစ်တဲ့ ချမ်းတုန်တာ ၊ ခေါင်းကိုက်တာနဲ့ ကိုယ်လက်နာကျင်ကိုက်ခဲခြင်းဝေဒနာတွေကို ခံစားရမှာပဲဖြစ်ပါတယ်။
ဆေးပညာရှင်တွေရဲ့ အဆိုအရ ကိုယ်ခံအားနည်းသူတွေမှာ ဒီရောဂါပိုး ကူးစက်ဝင်ရောက်သွားပြီးဆိုရင်တော့ ချောင်းဆိုးတာ ၊ ခန္ဓာကိုယ်နုံးချိတာနဲ့ အစားအသောက်ပျက်တာမျိုးတွေကို ၂ရက်ကနေ ၅ရက်လောက်အထိ ခံစားရလေ့ရှိတယ်လို့ဆိုပါတယ်။
ကလေးငယ်တွေနဲ့ နာတာရှည်ကျန်းမာရေး မကောင်းသူတွေမှာဆိုရင်တော့ ဆိုးဆိုးရွားရွား ဝေဒနာတွေ ခံစားရနိုင်ပြီး အသက်ရှူရပ်တဲ့အထိ ဖြစ်စေနိုင်တယ်လို့လည်း ဆိုပါတယ်။
အခန်းအပူချိန် ၆၈ဒီဂရီ ဖာရင်ဟိုက်ကနေ ၊ ၂၂ဒီဂရီ ဖာရင်ဟိုက်ကြားမှာ အသက်ရှင်ပေါက်ပွားနိုင်တဲ့ Legionella Pneumonia ရောဂါကို ကာကွယ်ဖို့အတွက် ကာကွယ်ဆေးအနေနဲ့တော့ လက်ရှိအချိန်မှာ မရှိသေးပါဘူး။
ဒါပေမယ့် ဒီ Legionella Pneumonia ဟာ သာမန် Pneumonia (အဆုတ်ရောင်ရောဂါ) နဲ့မတူဘဲ မြန်မြန်ပျောက်ကင်းနိုင်တဲ့ ရောဂါတမျိုးပဲဖြစ်ပါတယ်။
နေရာအနှံ့အပြား အလွယ်တကူ ကူးစက်နိုင်တဲ့ ဒီရောဂါဟာ ကိုယ်ခံအားကောင်းသူတွေမှာ ဆိုးဆိုးရွားရွား မဖြစ်စေနိုင်ပေမယ့် မိမိရဲ့ အိမ်မှာ ကလေးငယ်တွေနဲ့ နာတာရှည်ကျန်းမာရေး ဝေဒနာခံစားရသူတွေရှိရင်တော့ အိမ်မှာရှိတဲ့ အဲကွန်းကို ပုံမှန်သန့်ရှင်းရေး လုပ်ပေးတာမျိုးကို ပြုလုပ်ပေးသင့်ပါတယ်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
အိမ်ထဲမှာ ရေစိုအဝတ်လှန်းခြင်းကြောင့်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ
အိမ်တွေမှာ အလှစိုက်နေကြတဲ့ ရွက်လှပင်အကြောင်း ကြောက်စရာ
အိမ်မှာ နေ့စဉ်အသုံးပြုနေတဲ့ ဆားရဲ့ အံ့မခန်း အသုံးဝင်ပုံ (၁၀) မျိုး
အိမ်တိုင်း၊ဆိုင်တိုင်း အသုံးပြုနေတဲ့ရေခဲသေတ္တာထဲ သိမ်းမထားသင့်တဲ့ အစားအစာခုနစ်မျိုး
Ref : Xyznews
Photo Credit : Thespruce
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties