By Sint Sint, Shweproperty.com
Updated at 27 September 2020
အိမ်ဆောက်တဲ့အခါပဲဖြစ်ဖြစ် ၊ အိမ်မှာ ပရိဘောဂပစ္စည်းတွေသုံးတာပဲဖြစ်ဖြစ် အိမ်အလှဆင်တဲ့အခါပဲဖြစ်ဖြစ် ၊ မသုံးသင့် မသုံးအပ်တဲ့ သစ်အမျိုးအစားတွေရှိပါတယ်။
မသုံးသင့်တာ သုံးမိရင် စီးပွားရေးတွေကျဆင်းပြီး ၊ ကျန်းမာရေးတွေ ထိခိုက်တတ်ပါတယ်။
ရှေးလူကြီးတွေကတော့ အိမ်ခိုက်တယ် လို့ဆိုပါတယ်။
အိမ်မခိုက်အောင် ဘယ်လိုသစ်အမျိုးအစားကို သုံးပြီး ပရိဘောဂပစ္စည်းတွေ ၊ အိမ်အလှဆင်တာတွေ ၊ အိမ်ဆောက်တာတွေ လုပ်သင့်လဲဆိုတာ သိထားဖို့လိုပါတယ်။
အိမ်မှာ လုံး၀ အသုံးမပြုသင့်တဲ့ သစ်အမျိုးအစားတွေကတော့
ခုတ်ဖြတ်စဉ် တွဲလွဲကျနေသောသစ် (သစ်ဆွဲချ)
သစ်ခွသစ်ကိုင်းကြားတို့တွင် တင်နေသောသစ် (လူကောင်တင်)
အဖျားကြီး၍ အရင်းရှူးသောသစ် (သစ်ဘီလူး)
အရင်းအဖျားရှူး၍ အလယ်တွင်ကြီးသောသစ် (သစ်နပုန်း)
လမ်းကူးချောင်းကူးသစ် (သစ်တံတား (ခ) သစ်လမ်းကူး)
အပင်ချင်းအကိုင်းချင်းကြိတ်သောသစ် (သစ်ကြိတ်)
အပင်တွင်နွယ်ရစ်ပတ်နေသောသစ် (သစ်နဂါး)
မျက်ရည်ပေါက်ကဲ့သို့ အကွက်ထနေသောသစ် (သစ်စည်ယို) တို့ ဖြစ်ပါတယ်။ ဒီသစ်တွေဟာ အိမ်မှာ အသုံးပြုဖို့ လုံးဝမသင့်တာကြောင့် ရှောင်ကြဉ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
အိမ်တွေမှာ ဘာကြောင့်လာဘ်ပိတ်ရတာလဲ (အိမ်နီးချင်းကြောင့် လာဘ်ပိတ်ခြင်း)
ကံကောင်းစေတဲ့ ဖုန်းရွှေစကြာ
အိမ်တချို့ရဲ့ အဝင်အဝမှာ ကြည့်မှန်တွေထားရတဲ့ အကြောင်းရင်းမှန်
အုတ်စီနည်းနှင့် တွက်ချက်နည်း
Written By: Shwe Kyaw (ShweProperty.com)
Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties