By RW, Shweproperty.com
Updated at 24 March 2025
ပန်းကန်ဆေးဆပ်ပြာနဲ့ အိမ်မှာရှိတဲ့ တခြားပစ္စည်းတွေ ဆေးကြောဖို့ စဉ်းစားနေရင် လုံးဝ မလုပ်မိပါစေနဲ့။ ပန်းကန်ဆေးဆပ်ပြာကို ပန်းကန်တွေ ဆေးကြောရာမှာ အသုံးပြုတာကောင်းပေမယ့် တချို့အိမ်သုံးပစ္စည်းတွေကို ပန်းကန်ဆေးဆပ်ပြာဖြင့် သန့်ရှင်းမိပါက အလွယ်တကူ ပျက်စီးစေနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာ ပန်းကန်ဆေးဆပ်ပြာနဲ့ ဘာတွေကို မသန့်ရှင်းသင့်ဘူးလဲဆိုတာ ဖတ်ကြည့်လိုက်ပါနော်။ ၁။ သားရေပစ္စည်းများ ပန်းကန်ဆေးဆပ်ပြာက သားရေထဲက သဘာဝအဆီတွေကို ဖယ်ရှားပစ်တာကြောင့်၊ သားရေဖိနပ်၊ လက်ကိုင်အိတ်၊ ပရိဘောဂနဲ့ ကားခုံတွေ အက်ကွဲသွားတာမျိုး ဖြစ်နိုင်တာကြောင့် ရှောင်ကျဉ်သင့်ပါတယ်။ ၂။ သစ်သားကြမ်းပြင်များ သစ်သားကြမ်းပြင်တွေက ခံနိုင်ရည်ရှိပေမယ့်၊ မှားယွင်းတဲ့သန့်ရှင်းရေးနည်းတွေက ကြမ်းပြင်ကို ခြစ်ရာထင်ပြီး မလှမပ ဖြစ်စေနိုင်ပါတယ်။ သစ်သားကြမ်းပြင်ကို မှန်ကန်စွာသန့်ရှင်းဖို့အတွက် သဲနဲ့အမှိုက်တွေကို ဖယ်ရှားပြီးမှ၊ သစ်သားကြမ်းပြင်အတွက် အထူးထုတ်လုပ်ထားတဲ့ သန့်ရှင်းရေးပစ္စည်းတွေနဲ့ဆေးတာ ပိုကောင်းပါတယ်။ ၃။ ပိုးသားအထည်များ ပိုးသားလို နူးညံ့တဲ့အထည်တွေကို သန့်ရှင်းဖို့အတွက် ပန်းကန်ဆေးဆပ်ပြာကို ဘယ်သူမှ အသုံးပြုမှာ မဟုတ်ပေမယ့် အမှုမဲ့ အမှတ်မဲ့ အသုံးပြုမိပါက သင့်ရဲ့အကောင်းဆုံး ပိုးသားအင်္ကျီကို ပျက်စီးသွားစေမှာပါ။ ၄။ သံဒယ်အိုးများ သံဒယ်အိုးတွေ သန့်ရှင်းဖို့အတွက် ပန်းကန်ဆေးဆပ်ပြာကို အသုံးမပြုသင့်ပါဘူး။ အကြောင်းကတော့ ပန်းကန်ဆေးဆပ်ပြာက အိုးရဲ့ seasoning အလွှာကို ပျက်စီးစေပြီး၊ အိုးကို ပြန်စပြီး seasoning လုပ်ဖို့ လိုလာနိုင်ပါတယ်။ ၅။ ကား ကားကိုယ်ထည်ရဲ့ဆေးသားက ရာသီဥတု၊ လမ်းဆား၊ ပိုးမွှားတွေနဲ့ တခြားအန္တရာယ်တွေကို ခံနိုင်ရည်ရှိပေမယ့်၊ ပန်းကန်ဆေးဆပ်ပြာနဲ့ ဆေးကြောမိရင် ကားရဲ့အပေါ်ယံကာကွယ်လွှာကို ဖယ်ရှားပစ်ပြီး ဆေးသားတွေကို ထိခိုက်နိုင်တာကြောင့်ပါ။ ၆။ ပန်းကန်ဆေးစက် ပန်းကန်ဆေးစက်ထဲက ညစ်ပတ်တာတွေကို ဆေးကြောဖို့ (ဒါမှမဟုတ် ပန်းကန်ဆေးဆပ်ပြာကုန်သွားရင်) ပန်းကန်ဆေးဆပ်ပြာကို မသုံးပါနဲ့။ ပန်းကန်ဆေးဆပ်ပြာနဲ့ ပန်းကန်ဆေးဆပ်ပြာမှုန့်က ပန်းကန်ဆေးကြောတာတူပေမယ့်၊ ဖော်မြူလာကွဲပြားပါတယ်။ ပန်းကန်ဆေးဆပ်ပြာက အမြှုပ်တွေအများကြီးထွက်စေတာကြောင့်၊ စက်ကို ပျက်စီးစေနိုင်ပါတယ်။ ၇။ ကော်ဖီဖျော်စက် ကော်ဖီဖျော်စက်ကို ပန်းကန်ဆေးဆပ်ပြာနဲ့ ဆေးကြောဖို့ စိတ်ကူးမိနေရင် လုံးဝ၊ မလုပ်ပါနဲ့။ အမြှုပ်တွေအများကြီးထွက်ပြီး၊ သန့်ရှင်းရခက်စေပါတယ်။ Source : onegoodthingbyjillee
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties