By Sint Sint, Shweproperty.com
Updated at 2 October 2020
အိမ်တိုင်းမှာလုပ်လေ့ရှိတဲ့အရာတွေက ပစ္စည်းတွေကို ကြာရှည်စွာသုံးစွဲတာ၊တစ်ခုခုပျက်စီးသွားရင်ပြန်ပြီးသုံးမယ်ဆိုပြီးလွှင့်မပစ်ရက်ပဲသိမ်းထားတာတွေ၊ အသစ်မလဲပဲပစ္စည်းဟောင်းတွေကို အထပ်ထပ်သုံးစွဲနေတာမျိုးတွေပဲ ဖြစ်ပါတယ်။
ဒါ့အပြင်အိမ်ကိုထိန်းသိမ်းတဲ့သူတွေလုပ်တတ်တဲ့အယူအဆအမှားတွေလည်း ရှိနေပါသေးတယ်။သက်တမ်းကုန်ဆုံးရက်မရှိဘူးထင်ပြီးပစ္စည်းတွေကို သုံးစွဲတာတွေရှိနေတာကြောင့်အိမ်တွင်းပစ္စည်းအချို့ရဲ့သက်တမ်းကုန်ဆုံးရက်ကို ဖော်ပြပေးလိုက်ရပါတယ်နော်
(၁) သွားတိုက်တံ
သွားနှင့်ခံတွင်းကျန်းမာရေးအတွက်သွားဆရာဝန်တွေကသွားတိုက်တံကို ၃ လကိုတစ်ကြိမ်လဲလှယ်ဖို့ အကြံပြုထားပါတယ်။ ၃ လထက်ပိုပြီး ကြာအောင် သုံးစွဲတဲ့အခါသွားတိုက်တံမှာဘတ်တီးရီးယားပိုးမွှားတွေ၊ရောဂါပိုးတွေကပ်ညိနိုင်ခြေအများအပြားရှိနေလို့ ၃ လ ထက် ပိုကြာအောင်မသုံးသင့်ပါဘူး။
(၂) တဘက် (သို့) ကိုယ်သုတ်ပုဝါ မျက်နှာသုတ်ပုဝါ
ပုဝါတွေကတော့အချိန်ကြာကြာ အသုံးပြုလို့ရပါတယ်။ဒါပေမယ့်သန့်ရှင်းမှုနဲ့ တစ်ကိုယ်ရည်ကျန်းမာရေးအတွက်ပုဝါတွေကိုတစ်နှစ်နှစ်နှစ်ထက်ပိုပြီးအသုံးမပြုသင့်ပါဘူး။
(၃) ဘီး
ဘီးတွေကိုအိမ်တွေမှာနှစ်နဲ့ချီအောင် အသုံးပြုကြလေ့ရှိပါတယ်။ဒါပေမဲ့ဘီးတွေကိုနှစ်တိုင်းအသစ်တစ်ချောင်းလဲပေးသင့်သလိုအပတ်တိုင်းသန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။
(၄) ခေါင်းအုံး
အိမ်တွေအတော်များများကခေါင်းအုံးတွေကိုနှစ်ပေါင်များစွာကြာအောင်သိမ်း ဆည်းအသုံးပြုကြပါတယ်။ဒါပေမဲ့ခေါင်းအုံးတွေကနှစ်ကြာလာတာနဲ့အမျှ ပုံသဏ္ဍာန်ပျက်ယွင်းလာပြီးပိုးမွှားတွေနဲ့ ဖုန်မှုန့်တွေခိုအောင်းရာနေရာဖြစ်လာပြီးသင့်ကျန်းမာရေးအတွက်ထိခိုက်နိုင်ပါတယ်။ဒါကြောင့်ခေါင်းအုံးတွေကို ၁ နှစ် ၂ နှစ်ထက်ပိုအသုံးမပြုပဲအသစ်လဲလှယ်ပေးခြင်းကအိမ်အတွက်သန့်ရှင်းမှုရော ကျန်းမာရေးအတွက်ပါအထောက်အကူ ဖြစ်စေပါတယ်။
(၅) ရေမွှေး
ရေမွှေးကိုနှစ်တွေအကြာကြီးသုံးလို့ရတဲ့ အရာလို့သင်သိထားရင်တော့အဲ့ဒီအသိကမှားပါတယ်။ရေမွှေးတွေကိုပုလင်းအဖုံးဖွင့်ပြီးရင်ဖွင့်တဲ့အချိန်ကနေတစ်နှစ် နှစ်နှစ်ကြာအောင်သုံးစွဲနိုင်ပါတယ်။ ပု လင်းအသစ်ဆိုရင်တော့သူတို့ရဲ့ သက် တမ်းက ၃ နှစ်ဖြစ်ပါတယ်။
(၆) အမျိုးသမီး အပေါ်ဝတ်အတွင်းခံ
အမျိုးသမီးအတွင်းခံအဝတ်တွေကိုပုံမှန်လျှော်ဖွတ်ရတဲ့အဝတ် အစားထဲမှာပါဝင်ပါတယ်။အတွင်းဝတ်တွေကိုနှစ်ကြာကြာ မသုံးသင့်ပါဘူး။တစ်နှစ်နှစ်နှစ်ထက် ပိုကြာတဲ့အခါသူတို့ကလျော့ရဲမှုတွေ ရှိလာသလိုပုံစံတွေလည်းပျက်သွားတတ်ပါတယ်။ဒါ့အပြင်ရင်သားကိုပုံစံတကျ ထိန်းနိုင်မှုကိုလည်းလျော့ကျသွားတာကြောင့် ၂ နှစ်ထက်တော့ပိုမဝတ်ဆင်သင့်ပါဘူး။
(၇) ဟင်းခတ်အမွှေးအကြိုင်
အိမ်ထောင်ရှင်မအများစုကဟင်းခတ်ပစ္စည်းတွေအခြောက် အခြမ်းတွေကို ကြာရှည်စွာသိုလှောင်ထားပြီးလိုတဲ့အခါ ထုတ်ချက်တာမျိုးတွေလုပ်တတ်ကြပါတယ်။တကယ်တမ်းမှာတော့ဟင်းခတ်အမွှေးအကြိုင်တွေကိုသုံးနှစ်ထက်ပိုပြီး မသိုလှောင်ထားသင့်သလို ၃ နှစ်ထက်ကျော်တဲ့ဟင်းခတ်အမွှေးအကြိုင်တွေကိုလည်းမသုံးစွဲသင့်ပါတယ်။
ဒီကာလကို ကျော်သွားရင်ဟင်းခတ်အမွှေးအကြိုင်တွေရဲ့အာနိသင်တွေကပျက်သွားတာကြောင့်မသုံးသင့်ပါဘူး။အားလုံးပဲ သန့် ရှင်းပြီးစနစ်ကျတဲ့အိမ်တွေဖြစ်အောင်ဖန်တီးနိုင်ကြပါစေနော်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
အိမ်မှာရှိတဲ့ ရှားစောင်းလက်ပတ်ပင်တွေက ရရှိနိုင်တဲ့ ဆန်းဆန်းပြားပြား အကျိုးကျေးဇူးများ
အိမ်တွေမှာ အလှစိုက်နေကြတဲ့ ရွက်လှပင်အကြောင်း ကြောက်စရာ
အဲကွန်းနဲ့အိပ်တဲ့ အတွက်ဘာတွေဖြစ်နိုင်မလဲ အိမ်မှာ အဲကွန်းဖွင့်ထားမှ အိပ်တတ်သူတွေ ဖတ်ကြည့်နော်
ရေခဲသေတ္တာစနစ်တကျ အသုံးပြုနည်း
Credit : Pwintsan
Photo Credit : Magnoliahomeremodeling
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties