By Ra Wai, Shweproperty.com
Updated at 29 March 2022
ဈေးကွက်ထဲမှာတွေ့ရများတဲ့မကပ်တဲ့ဒယ်အိုးတွေရဲ့မျက်နှာပြင်ပေါ်မှာ polytetrafluoroethylene လို့ခေါ်တဲ့ဓာတုပစ္စည်း တမျိုးသုတ်ထားပါတယ်။ဒါကြောင့် ၁။စတီးသို့သံနဲ့လုပ်ထားတဲ့ဇွန်း။ ယောက်မ တွေနဲ့မသုံးပါနဲ့သစ်သားသို့ဆီလီကွန်နဲ့လုပ်ထားတဲ့ဇွန်းကိုသုံးပေးပါ။ ၂။ဒယ်အိုးရဲ့ အထဲမှာဘာမှမထည့်ဘဲအကြာကြီးအပူပေးတာမျိုးမသုံးသင့်ပါ ။(ဥပမာငပိဖုတ်ဖို့ငပိနည်းနည်းလေးထည့်ပြီးအပူပေးတာမျိုး) ၃။အပူချိန်များများဖြင့်ဆီမြှုပ်ကြော်ခြင်းdeep fryကိုလုပ်ခြင်းရှောင်ပါ။ ၄။ဒယ်အိုးပွန်းလွယ်တဲ့အစားအသောက်တွေမလှော်ပါနဲ့? (ဥပမာမြေပဲလှော်နှမ်းလှော်စသဖြင့်) ၅။ပူနေတဲ့ဒယ်အိုးကို ဆေးရန်အတွက်ချက်ချင်း ရေအေးမလောင်းပါနဲ့ဒယ်အိုးကလုံးဝအေးသွားမာဆေးကြောပေးပါ။ ၆။ ဆေးတဲ့အခါဖော့အစိမ်းရင့်ရောင်အကြမ်းစားဖော့မသုံးရပါ ပျော့ပျော့လေးသာသုံးပါဆေးရခက်တာမျိုးဆိုရေခဏစိမ်ထားပေးပြီးမှ ဆေးပါ။ ၇။ချဉ်တဲ့အစားအသောက်များကိုချက်ပြုပ်ခြင်းကို ရှောင်ပေးပါခရမ်းချဉ်သီးအနှစ်ချက်ခြင်းသံပုရာယိုထိုးခြင်းရဲ့အချဉ်ဓာတ်ကြောင့်အက်ဆစ်ဓာတ်ပျက်စီး စေနိုင်ပါတယ်။ ၈။သိမ်းဆည်းတဲ့အခါအခြားသောဒယ်အိုးများကိုအပေါ်ကထပ်ပြီးသိမ်းဆည်းတာမျိုး ရှောင်ပေးပါ။ (ခြစ်ရာတွေများလာရင် လည်းပျက်စီး စေနိုပ်ပါတယ်) ၉။သုံးပါများလာရင်ဒယ်အိုးထဲမှာအဝါရောင်ဆီချေးတွေကပ်လာတတ်ပါသည်။ ဖော့နဲ့သာကြာကြာလေး ဆေးပေးပါအဝါရောင်ဆီချေးတွေကလည်းပျက်စီးနိုပ်ပါတယ် ၁၀။ချက်ပြုပ်တဲ့အခါမီးအားမပြင်းရပါမီးအား သေးသေးနဲ့အလယ်အလတ် မီးအားကိုသာသုံးပေးပါ။ ပုံမှာပါတဲ့အတိုင်းမကပ်တဲ့အလွှာကုန်သွားလို့ အောက်ကအလူမီနီယံ(သို့)စတီး ပေါ်လာရင်ဆက်မသုံးသင့်ပါ။ ချက်ပြုတ်ရင်းနဲ့ ဒယ်အိုးမကပ်အောင်သုတ်ထားသည့်ဓာတုပစ္စည်းများအစားအသောက်ထဲပါဝင်သွားနိုင်ပါသည်။ ဒယ်နီလို့ခေါ်တဲ့ လျှပ်စစ်ဒယ်အိုးတချို့မှာ မကပ်တဲ့မျက်နှာပြင်ပါသော်လည်း တချို့သောအသုံးပြုသူများသည် စတီးဇွန်း ယောက်မ တို့ဖြင့် အားရပါးရချက်ကြသည်ကို တွေ့ဖူးပါသည်။ စတီးဇွန်း တွေနဲ့လုံးဝမချက်သင့်ပါ ကျန်းမာစွာနေထိုင်ချက်ပြုတ်ရန်အတွက် သိသားသင့်သည့်အကြောင်းအရာလေးတွေကို သိမှတ်ခဲ့သမျှ ပြန်လည်မျှဝေပေးလိုက်ပါသည်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ သဘာဝအတိုင်း ပတ်ဝန်းကျင်လေထုကို သန့်စင်ပြီး အိမ်ကိုအေးမြစေတဲ့အပင် (၆)မျိုး သင့် အိမ်တွင်းထဲကလေကို သန့်ရှင်းစေတဲ့ စိုက်ပျိုးပင် ၈ မျိုး ဖုန်းရွှေနည်းအရ အိမ်တွင်းအလှစိုက်အပင်များအကြောင်း စိုက်ပျိုးရန်လွယ်ကူသော အိမ်တွင်းအလှစိုက်ပင်များ Credit By: Eainshinma Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties