By Sint Sint, Shweproperty.com
Updated at 28 October 2020
များသောအားဖြင့် အိမ်ရှင်မတွေဟာ ပန်းကန်ကိုတော့ ဆေးရင်ဆေးပါလိမ့်မယ် ဒါပေမယ့် ပန်းကန်ဆေးအဝတ်တွေ၊ရေမြှုပ်တွေကို သန့်ရှင်းဖို့ မေ့နေတတ်ကြပါတယ်။
လေ့လာချက်အရ အိမ်ထောင်ရှင်မ ၄၀ ရာခိုင်နှုန်းကျော်ဟာ ပန်းကန်ဆေးတဲ့အဝတ်စတွေကို ၂ ပါတ်၁ခါ မှသာ လဲလှယ်တတ်ကြပြိးတော့ ၆၀ ရာခိုင်နှုန်းကျော်ဟာ ၁လမှတစ်ကြိမ်လောက် လဲလှယ်တတ်ကြပါတယ်။
ပန်းကန်ဆေးတဲ့အဝတ်တွေဟာ စိုထိုင်းတဲ့နေရာမှာရှိပြီးတော့ ဘက်တီးရီးယားနဲ့ မှိုတွေ ပေါက်ဖွားဖို့ အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။
တကယ်လို့ ပန်းကန်ဆေးအဝတ်တွေမှာ ဘက်တီးရီးယားတွေကပ်နေတယ်ဆိုရင် သင်ဆေးလိုက်တဲ့ ပန်ကန်မှာ ဘက်တီးရီးယားတွေ ၈ ရာခိုင်နှုန်းလောက် ပါသွားနိုင်ခြေရှိပါတယ်။
စွတ်ပြုတ်တွေနဲ့ ပူတဲ့အရာတွေထည့်တဲ့ ပန်းကန်တွေမှာ ပြသနာမရှိပေမယ့် သစ်သီးလိုမျိုး အစိမ်းစားတဲ့အရာတွေထည့်တဲ့ ပန်းကန်တွေမှာ အန္တာရာယ်ရှိနိုင်ပါတယ်။
လူကြီးတွေနဲ့ ကိုယ်ခံအားကောင်းတဲ့လူတွေမှာ မသိသာနိုင်ပေမယ့်၊ ကလေးတွေနဲ့ နာလန်ထစလူတွေမှာ ဝမ်းလျှောဝမ်းပျက်တာကစလို့ ပိုးဝင်တာ၊ အစာအဆိပ်သင့်တာတွေပါ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် အကောင်းဆုံးကတော့ ပန်းကန်ဆေးအဝတ်တွေကို ပုံမှန် ၃ ရက်တစ်ခါ တစ်ပါတ်တစ်ခါလောက် လျှော်ပြီးတော့ ရေနွေးပူပူထဲကို ထည့်ပြုတ်တာမျိုး၊နောက်ပြီးတော့ ရေမြှုပ်တွေကိုလဲ တစ်ပါတ်တစ်ခါလောက် အသစ်လဲတာမျိုးတွေကို ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။
သင်သိပါသလား ?
ဘက်တီးရီးယားတစ်ကောင်ဟာ အချိန် ၂၄ နာရီအတွင်းမှာ အကောင်၈သန်းလောက်အထိ ပွားများနိုင်ပါတယ်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
ပင်စိမ်းပင် အိမ်မှာစိုက်ပျိုးသင့်သော အကြောင်းရင်း
အိမ်တွင် မစိုက်အပ်သော(ခိုက်သော) ဂမုန်းပင်များ
အိမ်မှာ နေ့စဉ်အသုံးပြုနေတဲ့ ဆားရဲ့အံ့မခန်း အသုံးဝင်ပုံ (၁၀) မျိုး
ကျောက်ငရုတ်ဆုံ အသုံးပြုကြတဲ့ အိမ်တိုင်း မဖြစ်မနေ သိထားသင့်သော ကျန်းမာရေးသတိပေးချက်
Credit : Maythadin
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties