By The Kumudra, Shweproperty.com
Updated at 28 November 2014
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဥပဒေကို လာမည့်အစိုးရလက်ထက် လွှတ်တော်ကာလအတွင်း ပေါ်ထွက်လာအောင်ဆောင်ရွက်နေပြီး လက်ရှိမှာ အကြမ်းဖျင်း ပြီးစီးနေပြီလို့ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနဆီက သီရပါတယ်။
"ပြည်သူအတွက် နေထိုင်ရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်အောင် ပြည်သူတွေနဲ့အစိုးရဝန်ထမ်းတွေအတွက် အငှားအိမ်ရာ၊ တန်ဖိုးနည်းအိမ်ရာ တွေဖန်တီးဆောင်ရွတ်နေပြီး နေရေးကို ဖြေရှင်းနိုင်ဖို့ ဆောင်ရွတ်နေတဲ့အပိုင်းတွေရှိပါတယ်" လို့ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ် ဦးမင်းထိန်က ရှင်းပြပါတယ်။
အမျိုးသားအိမ်ရာမူဝါဒ
အမျိုးသားအိမ်ရာမူဝါဒမှာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေအတွက် ကုန်ကျစရိတ်ကို နိုင်ငံတော်ကသာ အကုန်အကျခံမှာဖြစ်ပြီး ဒေသဆိုင်ရာလိုအပ်ချက်အရ mix development စီမံကိန်းတွေကို ပုဂ္ဂလိက ကဏ္ဍမှာ ၁၀၀ ရခိုင်နှုန်း အဆင့်မြင့်စီမံကိန်းတွေ မဟုတ်ဘဲ ၃၀ ရခိုင်နှုန်းကို တန်ဖိုးနည်းအိမ်ရာတွေ ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ လူနေသိပ်သည်းမှုများပြီး မြေဈေးတန်ဖိုး မြင့်မားတဲ့နေရာတွေမှာ ဆောက်လုပ်မယ့်အဆောက်အအုံတွေမှာလည်း ၁၀၀၀ ယူနစ်ထားရင် တခြားလူနေသိပ်သည်းမှု နည်းတဲ့ မြေနေရာတွေမှာ ၃၀၀ ယူနစ် ထည့်သွင်းဆောက်လုပ်ရမှာ ဖြစ်ပါတယ်။
ပုဂ္ဂလိကအပိုင်းမှာ အငှားအိမ်ရာတွေကို ဦးစားပေးရမှာဖြစ်ပါတယ်။ နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှုသာမက ပုဂ္ဂလိကရင်းနှီးမြှုုပ်နှံမှုတွေမှာလည်း ဦးစားပေးပြီးအိမ်ရာငွေကြေးစနစ်ကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
အခြေခံပြည်သူတွေအတွက်
အခြေခံပြည်သူတွေအတွက် လက်လှမ်းမမှီနိုင်တဲ့ တန်ဖိုးနည်းတွေကို နည်းပညာပိုင်းအရ လျှော့ချနိုင်အောင် ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆောင်ရွတ်နေတယ်လို့ သိရပါတယ်။ တခြားတဖက်ကလည်း တန်ဖိုးနည်းအိမ်ရာမဝယ်ယူနိုင်တဲ့ ပြည်သူတွေအတွက် တန်ဖိုးနည်း အငှားအိမ်ရာတွေ ဆောင်ရွတ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ရွှေလင်ပန်းတန်ဖိုးမျှအိမ်ရာမှာ အကျယ်တစ်ယူနစ်ကို ၄၆၈ စတုရန်းပေအကျယ် ကျပ်သိန်း ၁၂၀နဲ့ အရစ်ကျ ရောင်းချနေတယ်လို့ ဆိုပါတယ်။ အစိုးရက လက်ရှိငှားရမ်းထားတဲ့ အငှားအိမ်ရာဈေးနှုန်းတွေကတော့ အနည်းဆုံးကျပ် ၂၀၀၀ ကနေ ကျပ် ၆၀၀၀ လောက်အထိသာ ငှားရမ်းခတွေရှိလို့ လက်ရှိအပြင်မှာ ဖြစ်ပေါ်နေတဲ့ ငှားရမ်းခထက် သက်သာတယ်လို့ သိရပါတယ်။
မြို့ပြအရန်မြေထားရှိရေး
မြို့ပြအရန်မြေထားရှိရေး method နဲ့ ပတ်သက်ပြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ စီမံကိန်းဌာန၊ ညွှန်ကြားရေးမှုး ဒေါ်မီမီတင်က "မြို့ပြအရန်မြေဆိုတာက မာစတာပလန်တစ်ခုမှာ အိမ်ရာတွေချည်းပဲ မဟုတ်ပဲ ကျောင်း၊ ဈေး၊ ဆေးရုံ အစရှိတဲ့ လိုအပ်တဲ့အဆောက်အအုံတွေ ဆောက်လုပ်ဖို့ အရန်မြေတွေလိုအပ်တယ်"လို့ ပြောပါတယ်။
ရန်ကုန်မြို့အတွင်းလျာထားချက်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ စည်ပင်သာယာရေးကော်မတီက လာမယ်၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း တန်ဖိုးနည်းအိမ်ရာ သုံးခုနဲ့အခန်းပေါင်း ၈၄၀၀ကို ပျမ်းမျှအခန်းတန်ဖိုး ကျပ်သိန်း ၁၀၃.၄၆ နဲ့ ရောင်းချနိုင်အောင် ဆောင်ရွတ်ဖို့ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင်ကျန်ရှိနေတဲ့ စည်ပင်နယ်နိမိတ်အတွင်း မြေကွက်လပ်တွေမှာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း အကောင်အထည်ဖော်ဖို့ စီမံကိန်း ကိုးခုလျာထားပြီး အခန်းပေါင်း ၁၇၀၀ ကျော်ထွက်ရှိလာမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref : The Kumudra
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties