By 7daydaily, Shweproperty.com
Updated at 21 April 2016
ရန်ကုန်မြို့သို့ နှစ်စဉ် ရွှေ့ပြောင်းအခြေချသူ အရေအ တွက်များပြားလာခြင်းကြောင့် အရစ်ကျရောင်းချသည့် အိမ်ရာ များထက် ဈေးနှုန်းသက်သာသည့် အငှားအိမ်ရာများ တည်ဆောက် ပေးသင့်ကြောင်း အိမ်ခြံမြေလုပ် ငန်းရှင်များက ပြောသည်။
‘‘ရန်ကုန်မြို့ကို အနယ်နယ် အရပ်ရပ်က ပြောင်းလာတဲ့ ရွှေ့ ပြောင်းသူတွေကများတော့ အငှားအိမ်ရာကိုပဲ အဓိကလုပ်ပေးသင့် တယ်။ နိုင်ငံတကာမှာဆိုရင် အစိုးရက အဲဒီအတွက် အစီအစဉ်တွေ ရှိပြီးသားပါ’’ဟု မြန်မာနိုင်ငံ အိမ် ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောကြား သည်။
တစ်မြို့လုံးတွင် လက်ရှိ ရောင်းချနေသည့် အိမ်ရာစီမံကိန်း များထက် တန်ဖိုးနည်းပြီး လစဉ် ပေးသွင်းရသည့် အငှားအိမ်ရာ များကိုသာ တည်ဆောက်ပေး သင့်ကြောင်း အိမ်ခြံမြေလုပ်ငန်း ရှင်များက ဆိုသည်။
အစိုးရအနေဖြင့် ထိုသို့တည် ဆောက်ရန် မြေယာလိုအပ်ချက် ကြီးမားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြနှင့် မြေယာစီမံခန့်ခွဲမှုဌာနမှ အကြီးတန်းအရာရှိ ဒေါက်တာတိုး အောင်က ပြောကြားသည်။
‘‘ရန်ကုန်မြို့စွန်မှာရှိတဲ့ မြေလွတ်မြေရိုင်းဆိုတာတွေမှာ လည်း ပုဂ္ဂလိက ပိုင်ရှင်တွေရှိ တော့ မြေအတွက် အစိုးရမှာ အ ခက်အခဲတော့ရှိတယ်’’ဟု ဒေါက် တာတိုးအောင်က ဆိုသည်။
ရန်ကုန်မြို့တွင် အိမ်ခန်း တစ်ခန်း ငှားရမ်းမည်ဆိုပါက ခြောက်လမှ တစ်နှစ်အထိ စာချုပ် ချုပ်ဆိုရပြီး တစ်လချင်းစီပေး သွင်းရခြင်းမဟုတ်ဘဲ ငှားရမ်း သည့်လအားလုံး၏ ငွေကိုတစ် ပြိုင်တည်း ပေးရသောကြောင့် ငှားရမ်းသူများအနေဖြင့် အခက် အခဲရှိကြောင်း အိမ်ခြံမြေလုပ်ငန်း ရှင်များက ဆိုသည်။
အစိုးရက အငှားအိမ်ရာများ ဖော်ဆောင်ပါက အိမ်ငှားခပမာဏငွေ ကျပ်သောင်းဂဏန်းသာ ပေးရနိုင်ပြီး အရေအတွက်များ များတည်ဆောက်လိုက်ပါက ပြင်ပမှ အငှားဈေးကွက်ပါ ကျ ဆင်းနိုင်ကြောင်း မြို့ပြစီမံကိန်း ပညာရှင်မြင့်မိုရ်ဆွေက ပြော သည်။
Ref : 7daydaily
Photo Credit : Social
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties