By 7daydaily, Shweproperty.com
Updated at 17 October 2016
သြဂုတ် ၁ ရက်မှ စတင် ပြုလုပ်ပေးခဲ့သည့် ဆောက်လုပ် ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ အိမ်ရာဝယ်ယူခွင့်ငွေစုစာအုပ် (Housing Saving) အရေအတွက်မှာ နှစ်လကျော်အတွင်း ၅,၀၀၀ ကျော် ပြုလုပ်ထားပြီးဖြစ်သည်ဟု သတင်းရရှိသည်။
အဆိုပါစာအုပ်ဖြင့် ငွေစု ဆောင်းထားသူများသည် ရန်ကုန်မြို့မှ တန်ဖိုးနည်းအိမ်ရာများကို အစိုးရရောင်းချပါက ဦးစားပေး ဝယ်ယူခွင့်ရှိမည်ဖြစ်ပြီး တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းမှာ ငွေစု စာအုပ်ထဲတွင်ရှိနေပါက ဝယ်ယူ ခွင့်ရရှိမည်ဖြစ်သည်။
ငွေစုစာအုပ်ကို အခြားဘဏ်စာအုပ်များကဲ့သို့ တတ်နိုင်သော ငွေပမာဏဖြင့် ငွေစာရင်းစတင် ဖွင့်လှစ်နိုင်ပြီး အိမ်ရာဝယ်ယူမည် ဆိုပါက ဘဏ်စာအုပ်တွင် အိမ် ဝယ်ယူမည့် ငွေပမာဏ၏ ၃၀ ရာခိုင်နှုန်းရှိရမည်ဖြစ်သည်။
‘‘ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို ဘဏ်က ချေးပေးမယ်။ ရှစ်နှစ် တော့ အရစ်ကျငွေပြန်ဆပ်ရမှာ ပေါ့’’ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ ဒါရိုက်တာ ဦးဝင်းဇော်ကပြောသည်။
ဘဏ်ချေးငွေအတိုးနှုန်းမှာ အခြားဘဏ်များကဲ့သို့ ၁၂ ရာခိုင် နှုန်းသာဖြစ်ပြီး ပထမဆုံးစာအုပ် ပြုလုပ်သည့်လတွင် ဝန်ဆောင်ခ ၁ ရာခိုင်နှုန်း ရယူထားကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီး ဌာနသည် တစ်နိုင်ငံလုံးတွင် တန်ဖိုးနည်းအိမ်ရာ တိုက်ခန်း တစ်သိန်းရှစ်သောင်းကျော်တည် ဆောက်ရန် စီစဉ်ထားပြီး ရန်ကုန် မြို့၌ အခန်းရှစ်ထောင် တည် ဆောက်မည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကပြောကြားသည်။
အဆိုပါ အိမ်ရာများ တည် ဆောက်ပြီးစီးပါက ဘဏ်ချေးငွေ ဖြင့် အကောင့်ဖွင့်လှစ်ထားသူများ ကို ဦးစားပေးရောင်းချမည်ဟု ဆို သည်။ ဆောက်လုပ်ရေးနှင့် အိမ် ရာဖွံ့ဖြိုးရေးဘဏ်သည် လက်ရှိ တွင် ထုတ်ချေးထားသော ငွေစုစု ပေါင်းကျပ် ၁၃၀ ဘီလီယံကျော်ရှိ ကြောင်း သတင်းထုတ်ပြန်ထား သည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကို အစိုးရအပါအ ဝင် ဆောက်လုပ်ရေးလုပ်ငန်းရှင် များ၊ ပြင်ပစီးပွားရေးလုပ်ငန်းရှင် များစုစည်း၍ ၂၀၁၄ တွင် စတင် တည်ထောင်ခဲ့သည်။ ၂၀၁၃ ဇူ လိုင်တွင် ဗဟိုဘဏ်၏ ဘဏ်လိုင်စင်ရရှိပြီး မြန်မာနိုင်ငံမှ အိမ်ရာများ ဝယ်ယူနိုင်ရန် ငွေချေးခွင့်ရရှိထားသည့် ဘဏ်တစ်ခုဖြစ်သည်။
Ref & Photo Credit : 7daydaily
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties