By Messenger, Shweproperty.com
Updated at 13 October 2015
အိမ်ရာ လိုအပ်ချက်များ ဖြည့်တင်းနိုင်ရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အိမ်ရာ တစ်သန်းအား နှစ်(၂၀) စီမံကိန်းဖြင့် တည်ဆောက်သွားမည် ဖြစ်ကြောင်း ဆောက် လုပ်ရေး ဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ဖွံ့ဖြိုးမှု မြန်ဆန်နိုင်မည့် မြို့ကြီး (၈၁) မြို့တွင် အကောင်အထည်ဖော်မည် ဖြစ်ပြီး၊ ယင်းစီမံကိန်းများအား ၂၀၃၀ ခုနှစ်တွင် အပြီးသတ် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
''အဓိကကတော့ (၈၁) မြို့ထိ ကာဗာဖြစ်ချင်မှ ဖြစ်မှာပေါ့။ Town Plan ကတော့ (၈၁) မြို့ လုပ်ထားတာပေါ့။ ဒီလို Plan တွေ လုပ်တိုင်းလည်း အိမ်ရာစီမံကိန်းတွေက တွဲပြီး ပါနေတာပေါ့'' ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က ပြောသည်။
ယင်းအိမ်ရာ စီမံကိန်းများတွင် ပြည်သူ အငှားအိမ်ရာ၊ တန်ဖိုးနည်း အိမ်ရာ၊ တန်ဖိုးသင့် အိမ်ရာနှင့် တန်ဖိုးမြင့် အိမ်ရာ စသည်တို့ ပါဝင်မည် ဖြစ်ပြီး၊ ၎င်းစီမံကိန်းများ ဖော်ဆောင်ရန် ဘတ်ဂျက်များကို ပြည်ထောင်စု အစိုးရမှ တိုင်းဒေသကြီး အစိုးရ ရန်ပုံငွေထဲသို့ ထည့်သွင်းပေးထားကြောင်း သိရသည်။
အထက်ပါ အိမ်ရာစီမံကိန်းများ ပြီးစီးပါက အိမ်ရာမဲ့ ပြည်သူများ၊ အစိုးရ ဝန်ထမ်းများကို ဦးရာလူ စနစ်ဖြင့် အရစ်ကျ ရောင်းပေးရန် စီစဉ်ထားကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
''အစိုးရအနေနဲ့ ပြည်သူတွေ အတွက် အိမ်ရာစီမံကိန်းတွေ လုပ်တဲ့အခါ တကယ် လုပ်ပေးချင်တဲ့စိတ် ရှိဖို့ပဲ လိုပါတယ်'' ဟု ဆောက်လုုပ်ရေး လုပ်ငန်းရှင်များ အသင်းမှ ဒုဥက္ကဋ္ဌ ဦးသာအေးက ပြောသည်။
လက်ရှိ မြို့ရွာနှင့် အိုးအိမ်မှ တာဝန်ယူ ဆောင်ရွက်နေသည့် အိမ်ရာစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး စသည်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
Ref : Messenger
Photo Credit : Sky Scraper City
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties