By Myanmar Builders Guide, Shweproperty.com
Updated at 29 October 2019
#Unicode
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်(၁၉) ရပ်ကွက်၌ အကောင်အထည်ဖော်တည်ဆောက်မည့် အိမ်ရာစီမံကိန်း ဧရိယာအတွင်းပါဝင်သည့် မူလမြေပိုင်ရှင်များကို လျော်ကြေးငွေပေးမည်ဖြစ်ကြောင်း ရွှေပြည်သာမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇံ၏ ပြောဆိုချက်အရ သိရသည်။
လက်ရှိတွင် ရွှေပြည်သာမြို့နယ်(၁၉) ရပ်ကွက် မြေတိုင်းအမှတ် (၄၈) ကံ့ကော်လမ်း နှင့် မြတ်လေးလမ်းဆုံ၌ ငွေကျပ် သိန်း ၃၀ တန် နေအိမ်များ ဆောက်လုပ်ရန် ခြံစည်ရိုးကာရံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ရာ ယင်းစီမံကိန်း အတွင်း လယ်သမားတချို့က ၎င်းတို့၏ လယ်မြေများပါရှိနေခြင်းကြောင့် ၎င်းတို့အနေဖြင့် ကျူးကျော်များအတွက် အကောင်အထည်ဖော်နေမှုများကိုလည်း အနှောင့်အယှက်မဖြစ်သလိုသဖြင့် ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးစေလိုကြောင်း ရွှေပြည်သာမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ထို့ကြောင့် ထပ်မံဆောက်လုပ်မည့် ဒုတိယအကြိမ် အိမ်ရာစီမံကိန်းတွင် ၎င်းတို့အတွက် ငွေကျပ် သိန်း ၃၀ တန် အိမ်ခန်း ဝယ်ယူနိုင်ရေးကို ထည့်သွင်းဆောင်ရွက်ပေးမည် ဖြစ်ပြီး မူလမြေပိုင်ရှင်များကို လျော်ကြေးငွေပေးခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
ရွှေပြည်သာမြို့နယ်၌ စမတ်ကတ်ကိုင်ဆောင်ထားသည့် ကျူးကျော်နေထိုင်သူ ၁၂၀၀၀ ခန့်ရှိပြီး စမတ်ကတ် ကိုင်ဆောင်ခြင်း မရှိသည့် ကျူးကျော်နေထိုင်သူများစွာလည်းရှိသည်။ ယင်းတို့ ကျူးကျော်များ နှင့် အိမ်ငှားနေထိုင်သူများထဲမှ ငွေကျပ်သိန်း ၃၀ တန် အိမ်ခန်းဝယ်ယူလိုသူများကို စာရင်းကောက်ယူကာ ချေးငွေရရှိရေး ဆောင်ရွက်ပေးပြီး အိမ်ခန်း ၂၆၄ ခန်းကို ပထမအကြိမ် စီမံကိန်းတွင် ထည့်သွင်းဆောက်လုပ်ပေးထားကြောင်း ၊ ယင်းသို့နစ်နာသူများ နှင့် စမတ်ကတ်ကိုင်ဆောင်ထားသော်လည်း စီမံကိန်း ဧရိယာအတွင်း မှ ဖယ်ပေးထားရသူများကိုလည်း ဒုတိယအကြိမ် စီမံကိန်းတွင် ထည့်သွင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
#Zawgyi
ရန္ကုန္တိုင္းေဒသႀကီး ေရႊျပည္သာၿမိဳ႕နယ္(၁၉) ရပ္ကြက္၌ အေကာင္အထည္ေဖာ္တည္ေဆာက္မည့္ အိမ္ရာစီမံကိန္း ဧရိယာအတြင္းပါဝင္သည့္ မူလေျမပိုင္ရွင္မ်ားကို ေလ်ာ္ေၾကးေငြေပးမည္ျဖစ္ေၾကာင္း ေရႊျပည္သာၿမိဳ႕နယ္ စည္ပင္သာယာေရး ေကာ္မတီဥကၠ႒ ဦးသိန္းဇံ၏ ေျပာဆိုခ်က္အရ သိရသည္။
လက္ရွိတြင္ ေရႊျပည္သာျမိဳ႕နယ္(၁၉) ရပ္ကြက္ ေျမတိုင္းအမွတ္ (၄၈) ကံ့ေကာ္လမ္း ႏွင့္ ျမတ္ေလးလမ္းဆံု၌ ေငြက်ပ္ သိန္း ၃၀ တန္ ေနအိမ္မ်ား ေဆာက္လုပ္ရန္ ျခံစည္ရိုးကာရံျခင္းလုပ္ငန္းမ်ား စတင္ေဆာင္ရြက္ေနျပီျဖစ္ရာ ယင္းစီမံကိန္း အတြင္း လယ္သမားတခ်ိဳ႕က ၎တို႔၏ လယ္ေျမမ်ားပါရွိေနျခင္းေၾကာင့္ ၎တို႔အေနျဖင့္ က်ဴးေက်ာ္မ်ားအတြက္ အေကာင္အထည္ေဖာ္ေနမႈမ်ားကိုလည္း အေႏွာင့္အယွက္မျဖစ္သလိုသျဖင့္ ထည့္သြင္းစဥ္းစားေဆာင္ရြက္ေပးေစလိုေၾကာင္း ေရႊျပည္သာျမိဳ႕နယ္ စည္ပင္သာယာေရး ေကာ္မတီ ဥကၠ႒ ႏွင့္ ေတြ႕ဆံု ေဆြးေႏြးခဲ့သည္။
ထို႔ေၾကာင့္ ထပ္မံေဆာက္လုပ္မည့္ ဒုတိယအၾကိမ္ အိမ္ရာစီမံကိန္းတြင္ ၎တုိ႔အတြက္ ေငြက်ပ္ သိန္း ၃၀ တန္ အိမ္ခန္း ဝယ္ယူႏိုင္ေရးကို ထည့္သြင္းေဆာင္ရြက္ေပးမည္ ျဖစ္ျပီး မူလေျမပိုင္ရွင္မ်ားကို ေလ်ာ္ေၾကးေငြေပးျခင္းမ်ား ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရွိရသည္။
ေရႊျပည္သာျမိဳ႕နယ္၌ စမတ္ကတ္ကိုင္ေဆာင္ထားသည့္ က်ဴးေက်ာ္ေနထိုင္သူ ၁၂၀၀၀ ခန္႔ရွိျပီး စမတ္ကတ္ ကိုင္ေဆာင္ျခင္း မရွိသည့္ က်ဴးေက်ာ္ေနထိုင္သူမ်ားစြာလည္းရွိသည္။ ယင္းတို႔ က်ဴးေက်ာ္မ်ား ႏွင့္ အိမ္ငွားေနထိုင္သူမ်ားထဲမွ ေငြက်ပ္သိန္း ၃၀ တန္ အိမ္ခန္းဝယ္ယူလိုသူမ်ားကို စာရင္းေကာက္ယူကာ ေခ်းေငြရရွိေရး ေဆာင္ရြက္ေပးျပီး အိမ္ခန္း ၂၆၄ ခန္းကို ပထမအၾကိမ္ စီမံကိန္းတြင္ ထည့္သြင္းေဆာက္လုပ္ေပးထားေၾကာင္း ၊ ယင္းသို႔နစ္နာသူမ်ား ႏွင့္ စမတ္ကတ္ကိုင္ေဆာင္ထားေသာ္လည္း စီမံကိန္း ဧရိယာအတြင္း မွ ဖယ္ေပးထားရသူမ်ားကိုလည္း ဒုတိယအၾကိမ္ စီမံကိန္းတြင္ ထည့္သြင္းေဆာင္ရြက္ေပးမည္ ျဖစ္ေၾကာင္း သိရသည္။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties