By The Kumudra, Shweproperty.com
Updated at 5 March 2015
အစိုးရက လက်ရှိတည်ဆောက်အကောင်အထည်ဖော် ဆောင်ရွတ်နေတဲ့ အိမ်ရာစီမံကိန်းတချို့ အခုနှစ်လယ်ပိုင်းမှာ လူနေထိုင်ခွင့်ပြုမယ်ဆိုတဲ့အတွက် အနီးအနားက လမ်းမတန်းမြေဈေးတွေ ပြန်လည်လှုပ်ရှားလာတယ်လို့ အကျိုးဆောင်တချို့က ဆိုပါတယ်။ "အခုက စည်ပင်ကဆောက်တဲ့ အိမ်ရာတွေက ရုပ်လုံးပေါ်ပြီးသလောက် ဖြစ်နေတော့ အနီးအနားက မျက်နှာစာတန်းတွေအတွက် အရောင်းရောအငှားပါ ရှိနေပြီ၊ တချို့မြေရှင်တွေဆိုရင် ဆိုင်ခန်းပြန်ဆောက်တာတွေလုပ်နေတယ်"လို့ မြောက်ဒဂုံအိမ်ခြံမြေအကျိုးဆောင်မနီက ပြောပါတယ်။ စည်ပင်အကောင်အထည်ဖော်နေတဲ့ အိမ်ရာစီမံကိန်းတွေက လာမယ့် ဇူလိုင်လကုန်ပိုင်းလောက် နေထိုင်ခွင့်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်း ပုဂ္ဂဘဏ်ခွဲတွေ တည်ဆောက်တာ၊ ရှော့ပင်းစင်တာတွေ ရောက်ရှိလာတာတွေကြောင့်လည်း အခုလို ဈေးကွက်ပြန်ဖြစ်လာတာ ဖြစ်ပါတယ်။ အိမ်ရာစီမံကိန်းတွေနဲ့ နီးစပ်တဲ့လမ်းမတန်းတွေနဲ့ ရောင်းဈေးတွေကတော့ အနည်းဆုံး ကျပ်သိန်း ၁၅၀၀ ဝန်းကျင်ကနေ ကျပ်သိန်း ၈၀၀၀ ဝန်းကျင်လောက်ဈေးရှိပါတယ်။ အငှားဈေးတွေကတော့ အနိမ့်ဆုံးဆိုင်ခန်းကို ကျပ်တစ်သိန်းဝန်းကျင်ကနေသိန်း ၂၀လောက် အထိရှိပါတယ်။ အငှားဈေးကွက်အတွက် ဆိုင်ခန်း ပြုပြင်မှုတွေလည်း လုပ်ဆောင်နေတာတွေ ရှိတယ်လို့သိရပါတယ်။ "အရင်က တစ်လကို ကျပ်၆၀,၀၀၀နဲ့ ငှားထားတာ၊ အခုစီမံကိန်းက ပြီးတော့မှာဖြစ်လို့ ဆိုင်ခန်းတွေကို ပြန်လည်အဆင့်မြှင့်နေပြီး ထပ်ငှားဖို့လုပ်နေတယ်"လို့ ဗိုလ်မင်းရောင်လမ်းမှာ ဆိုင်ခန်းငှားတဲ့ မြေရှင်တစ်ဦးက ပြောပါတယ်။
Ref : The Kumudra
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties