By Kyemon newspaper, Shweproperty.com
Updated at 6 July 2017
ဆောက်လုပ်ရေးဝန်ကြီးဌာနမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်တို့ပူးပေါင်း ၍နိုင်ငံ့ဝန်ထမ်းအိမ်ရာစီမံကိန်းနှင့်အငှားအိမ်ရာစီမံကိန်းများကိုဇူလိုင်လတတိယပတ်မှစတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
နိုင်ငံ့ဝန်ထမ်းများအငှားအိမ်ရာစီမံကိန်းသည်တာဝန်ထမ်းဆောင်လျှက်ရှိသည့်အရာထမ်း၊ အမှုထမ်းများတာဝန်ကျရာနေရာများတွင် အသက်သာဆုံးငှားရမ်းခဖြင့်ငှားရမ်းနေထိုင်ခွင့်ရရှိမည်ဖြစ်ပြီး တာဝန်အရပြောင်းရွေ့ခြင်း၊အငြိမ်းစားယူခြင်းများရှိပါက အခန်းအားမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ပြန်လည်အပ်နှံရမည်ဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းအိမ်ရာစီမံကိန်းသည် အငြိမ်းစားယူပြီးပါ ဘဝလုံခြုံစိတ်ချရမှုရှိစေရန်ရည်ရွယ်၍ တည်ဆောက်ခြင်းဖြစ်ပြီး ပင်စင်လစာ၊ လုပ်သက်ဆုကြေးငွေ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်တို့နှင့် ချိတ်ဆက်ကာအရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်သို့ကနဦးသွင်းငွေများကိုလည်းတိုက်ခန်းတန်ဖိုး ၃၀ ရာခိုင်နှုန်းပေးသွင်းခြင်းစနစ်အစား ၂၀ ရာခိုင်နှုန်းသို့လျှော့ချပေးသွင်းနိုင်ရန်လည်း စီစဉ်ဆောင်ရွက်လျှက် ရှိသည်။
မန္တလေးတိုင်းဒေသကြီးနိုင်ငံ့ဝန်ထမ်းများအတွက်နိုင်ငံ့ဝန်ထမ်းအိမ်ရာစီမံကိန်းနှင့်အငှားအိမ်ရာစီမံကိန်းများအတွက် အိမ်ရာများတည်ဆောက်နိုင်ရန် မန္တလေးခရိုင်ပုသိမ်ကြီးမြို့နယ်ရေကြည်ကျေးရွာအနီးနှင့် တည်ဆောက်ပြီးချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာစီမံကိန်းအနီးတွင် ပဏာမမြေတိုင်းတာ မှုများဆောင်ရွက်ထားပြီးရွေးချယ်မှုနှင့်အဆောက်အအုံပုံစံများအား နိုင်ငံ့ဝန်ထမ်းအိမ်ရာတည်ဆောက်ရေး ကော်မတီသို့တင်ပြထားကြောင်းသိရသည်။
Credit : Kyemon newspaper
Photo : Mizzima
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties