By Aye Sandar, Shweproperty.com
Updated at 29 January 2021
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/ ၂၀၂၁) ကြိမ်မြောက် အစည်းအဝေးတွင် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄ထောင်ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်း ၁၄ ခုကို ခွင့်ပြုခဲ့သည်ဟု သတင်းရရှိသည်။ အဆိုပါအစည်းအဝေးတွင် ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄ ခု၏ မတည်ငွေ တိုးမြှင့်ခြင်းအပါအဝင် မွေးမြူရေးကဏ္ဍ၊ အိမ်ရာအဆောက်အအုံကဏ္ဍ၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ကဏ္ဍ နှင့် အခြားဝန်ဆောင်မှုများအပါအဝင် လုပ်ငန်းသစ် ၁၄ ခုကို ခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။ အိမ်ရာနှင့် အဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID BANK) ၌ အတိုးနှုန်း ၁၀ရာခိုင်နှုန်းထိ လျှော့ချပေးလျက်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ကိုဗစ် ၁၉ စီးပွားထိခိုက်မှု သက်သာရေးစီမံချက်နှင့် အညီ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးလုပ်ငန်းများကို အရှိန်အဟုန်တိုး စီမံဆောင်ရွက်လျက်ရှိပြီး ယခုခွင့်ပြုထားသော လျှပ်စစ်ဓာတ်အားသုံးစွဲရေး ဦးတည်ချက်အား အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဆိုထားသည်။ ဒါ့အပြင် နေရောင်ခြည်စွမ်းအင်သုံး (ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်) လုပ်ငန်းသည် Climate Ambition Summit တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သော ဗီဒီယိုမိန့်ခွန်း လမ်းညွှန်ချက်ရလည်းကောင်း၊ အမျိုးသားရေးအဆင့် ရာသီဉတုပြောင်းလဲမှု လျှော့ချရေးလုပ်ငန်းနှင့် လိုက်လျောညီထွေဖြစ်စေရေးလုပ်ငန်းအစီအစဉ် (National Determined Contribution -NDC) ကို ဆောင်ရွက်သွားမည့် ရည်မှန်းချက်အရ လည်းကောင်း အကောင်အထည်ဆောင်ရွက်သွားမည်ဟု သိရှိရသည်။ ၂၅ နှစ်အထိ အရစ်ကျပေးချေနိုင်မယ့် AYA HOME LOAN အကြောင်းသိကောင်းစရာ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၉၅ ဒဿမ ၂၇၉ သန်း နှင့် ငွေကျပ် ၁၅၃ ဒဿမ ၆၈၆ ဘီလီယံရှိပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄ထောင့် ၃ရာ ကျော်ကို ဖန်တီးနိုင်မည်ဟု ဆိုပါသည်။ နောက်ဆုံးရ သတင်းများ အခန်းပေါင်း ၄၇၆ ခန်း ပါဝင်သည့် မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ ဖွင့်လှစ် ဒဂုံမြို့သစ်တောင်ပိုင်းရှိ ပြည်သူ့ အငှားအိမ်ယာစီမံကိန်းကို တစ်နှစ်အတွင်းတည်ဆောက်မည် မြို့ကြီး ၃ မြို့နယ်တွင် အငှားအိမ်ရာ အခန်းပေါင်း ၁သောင်းကျော် အကောင်အထည်ဖော် ဆောင်ရွက်ရန်ရှိ လူနေအိမ်ရာများ၊ ရုံးခန်းများနှင့် စက်မှုဇုန်များပါဝင်မည့် AMATA SMART AND ECO CITY စီမံကိန်းဆောင်ရွက်နေ Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties