By ကေဇင်ဦး, Shweproperty.com
Updated at 30 July 2013
တန်ဖိုးသင့်တင့်အိမ်ရာများဆောက်လုပ် ပြီးလျှင် လစာနည်းသည့် ဆရာ/ဆရာမ များဝယ်ယူနိုင်အောင် စီမံပေးမည်ဟု ဆောက် လုပ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးစိုးတင့်က ဇူလိုင် ၂၉ ရက်က လွှတ်တော်တွင် ပြောကြား ခဲ့သည်။
ဆောက်လုပ်ရေးဒု-ဝန်ကြီးသည် ရန်ကင်း မဲဆန္ဒနယ်မှ ကြံ့ခိုင်ရေးပါတီ၏ အောက် လွှတ် တော်အမတ် ဦးသာဝင်းက ထိုကိစ္စကို မေး မြန်းသဖြင့် ယခုလို ပြောကြားခဲ့ခြင်း ဖြစ် သည်။
တန်ဖိုးသင့်တင့်အိမ်ရာများကို အစိုးရ က ဆောက်လုပ်ခြင်းသည် ''ဝင်ငွေအလယ် အလတ်နှင့်ဝင်ငွေနည်းပြည်သူမိသားစုများ၊ အိမ်ပိုင်ယာပိုင်ဖြစ်လာစေရေးအတွက် ဆောက်လုပ်ခြင်းဖြစ်သဖြင့်'' ကျောင်းဆရာ များကို ထိုသို့ပြုလုပ်ပေးရန် စီစဉ်ထားသည် ဟုဆိုသည်။
အစိုးရက ရန်ကုန်တိုင်းအစိုးရနှင့် ညှိ နှိုင်းရာ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် ဧရာ ဝဏ်နှင့် ရတနာဟု အမည်ပေးထားသည့် တန် ဖိုးသင့်အိမ်ရာများ ဆောက်နေသည်။
ထိုအိမ်ရာစီမံကိန်းများပြီးလျှင် ရန်ကုန် တိုင်းအစိုးရကို လွှဲပေးပြီး တိုင်းအစိုးရက စီမံ ခန့်ခွဲမည်ဟုလည်း ဆောက်လုပ်ရေး ဝန်ကြီး ဌာနဒုဝန်ကြီး ဦးစိုးတင့်က ဆိုသည်။
အစိုးရက ယခင်က ''တန်ဖိုးနည်းအိမ် ရာ'' ဟုဆိုရာ အိမ်ရာများဆောက်လုပ်ရန် စီမံသော်လည်း သတ်မှတ်ထားသည့် အိမ် ဈေးနှုန်းမှာ ကျပ်သိန်း ၁၅ဝ မှ ၂ဝဝ အထိ ဖြစ်နေသဖြင့်အခြေခံလူတန်းစား လက်လှမ်း မီသည့်ဈေး မဟုတ်ဟုဆိုကာ မီဒီယာများနှင့် လူမှုအဖွဲ့အစည်းများက ဝေဖန်ခဲ့သည်။
နောက်ပိုင်းတွင် အစိုးရက အိမ်ရာ စီမံ ကိန်းများကို ''တန်းဖိုးသင့်တင့် အိမ်ရာများ''ဟု ပြောင်းလဲ သုံးနှုန်းခဲ့သော်လည်း ဈေးနှုန်း မှာမူ မပြောင်းလဲခဲ့ပေ။
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး က လက်ရှိအချိန်တွင် ရန်ကုန်တိုင်း၌သာ တန်ဖိုးသင့်တင့်အိမ်ရာများ ဆောက်လုပ် နေသော်လည်း မကြာမီတွင် အခြားပြည်နယ် နှင့်တိုင်းများတွင်လည်း ဒေသဆိုင်ရာ အစိုး ရအဖွဲ့များနှင့် ပြည်ထောင်စုအစိုးရတို့ ညှိ ကာ ဆောင်ရွက်သွားရန် စီစဉ်ထား သည်ဟု လည်း လွှတ်တော်တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက ပြုလုပ် သည့် ဧရာဝဏ်နှင့်ရတနာတန်ဖိုးသင့် အိမ် ရာစီမံကိန်း လုပ်ငန်းအစည်းအဝေးတွင် ဒု- ဝန်ကြီးဦးစိုးတင့်က အိမ်ရာများအား ကိုယ် ကျိုးစီးပွားကို ပဓာနမထားဘဲ ဆောင်ရွက် ကြရန် ဆောက်လုပ်ရေး လုပ်ငန်းရှင်များကို သတိပေးပြောကြားခဲ့ဖူးသည်။ ါ
Ref : Mizzima
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties