By SMMK, Shweproperty.com
Updated at 27 January 2016
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် တစ်လသုံးသောင်းသွင်းကာ(၂)နှစ်အတွင်း နေထိုင်နိုင်မည့် တန်ဖိုး မျှတ အိမ်ရာစီမံကိန်းအဆိုပြုလွှာများကို မြဋ္ဌေးကြွယ်လင်းကုမ္ပဏီက ဇန်နဝါရီ(၂၆) ရက်တွင် စတင် ရောင်းချပေးနေပြီဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ သိရှိရသည်။
ဝယ်ယူလိုသူများအနေဖြင့် တစ်လ (၃)သောင်းကျပ်ဖြင့် နှစ်ပေါင်း (၃၀)ပေးသွင်းသွားရမည်ဖြစ်ကာ စီမံကိန်း (၂)နှစ် ပြီးဆုံးပါက ၀င်ရောက်နေထိုင်နိုင်မည်ဖြစ်ပြီး ပြည်သူလူထု၏ လစဉ်သွင်းငွေများကိုလည်း ပြည်နယ်အစိုးရက တာဝန်ယူထိန်းသိမ်းပေးထားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရ လျှပ်စစ်ဝန်ကြီး ဦးစောကြည်လင်းက ပြောသည်။
“ပေးသွင်းမယ့် ပြည်သူလူထုရဲ့တစ်လသုံးသောင်းငွေတွေကို ပြည်နယ်အစိုးရက ထိန်းသိမ်းပေးရမယ့် သဘောရှိပါတယ်။ ဒီကြားထဲ ဆောက်လုပ်ရေးပိုင်းတွေက သူတို့ငွေနဲ့ သူတို့လုပ်ကြမှာပါ။ ပြည်နယ်အစိုးရ အစည်းဝေးမှာလည်း ပြည်သူရဲ့လစဉ်သွင်းငွေတွေကို အစိုးရကထိန်းသိမ်းပေးဖို့ ပြောပြီးသားပါ။”ဟု ကရင်ပြည်နယ်လျှပ်စစ်ဝန်းကြီး ဦးစောကြည်လင်းက ပြောသည်။
အဆိုပါ အိမ်ရာစီမံကိန်းကို မြဋ္ဌေးကြွယ်လင်းကုမ္ပဏီနှင့် The Infra structure of Myanmar ကုမ္ပဏီ တို့မှ ဇန်နဝါရီ(၂၄)ရက်တွင် ပန္ဒက်တင်အခမ်းအနားပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပြုလွှာများကို ဘားအံမြို့ အဝေးပြေးကားဝင်းရှိ မြဋ္ဌေးကြွယ်လင်းကုမ္ပဏီမှ ရောင်းချပေးနေခြင်းဖြစ်ကာ အိမ်ယာစီမံကိန်းတွင် အခန်းပေါင်း(၂၅၆၀)ခန်း ပါဝင်မည်ဖြစ်ပြီး အရှေ့ပေ၂၀× အနောက် ပေ ၃၀ ရှိ တိုက်ခန်းများကို ဘားအံစက်မှုဇုန်အနီး ငြိမ်းချမ်းသာယာစံပြကျေးရွာတွင် တည်ဆောက်ပေးနေခြင်းဖြစ်သည်။
“တိုက်ခန်းတန်ဖိုး(၁၀၈ )သိန်းသတ်မှတ်ပြီး တစ်လသုံးသောင်းနဲ့ အနှစ် ၃၀ အရစ်ကျသွင်းရမှာပါ။ ကိုယ်မနေချင်လို့ ပြန်ရောင်းလည်းရပါတယ်။ ရောင်းသူဝယ်သူအချင်းချင်းက တစ်ပိုင်းလုပ်ရမှာဖြစ်ပါတယ်။ ဒီမှာသွင်းရမယ့် တစ်လသုံးသောင်းက ပုံမှန်သွင်းရမှာပါ။” ဟု ကုမ္ပဏီပိုင်ရှင် ဦးစောသန်းမြက ပြောသည်။
အိမ်ရာစီမံကိန်းတွင် ပါဝင်ခံစားခွင့်များနှင့်ပတ်သက်ပြီး နိုင်ငံသားများက ၃၀ ရာခိုင်နှုန်း၊ ၀န်ထမ်းများ က ၄၀ ရာခိုင်နှုန်းနှင့် ကျန် ၃၀ ရာခိုင်နှုန်းကို ကုမ္ပဏီမှ စီမံခန့်ခွဲရောင်းချသွားမည်ဖြစ်ကြောင်း သိရ သည်။
စီမံကိန်းမြေနေရာအား တစ်ဧကလျင်ကျပ်သိန်း(၁၃၀)နှုန်းဖြင့် ဧက(၂၀)၀ယ်ယူထားခြင်းဖြစ်ပြီး မြေ များမှာ ပြည်နယ်အစိုးရ စီမံခန့်ခွဲပိုင်ခွင့်မြေဖြစ်ကြောင်း သိရသည်။
Ref : MMHK
Photo Credit : TTT
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties