By Sint Sint, Shweproperty.com
Updated at 12 November 2020
ဒီလို Stay at home ကာလမှာ အိမ်မှာပဲနေနေရတော့ကြာလာတော့ လူကပျင်းလာပါလေရော။စားချင်တာလည်းမစားရဘူး သွားချင်တာလည်းမသွားရတဲ့အခါမှာ စိတ်ကလည်းမကြည်လင်နေတော့ဘူးလေ။စိတ်မကြည်ရင် မျက်နှာလေးကလည်း ဘယ်လိုမှကြည်လင်နေမှာ မဟုတ်ပါဘူး။
အခုလိုရောဂါတွေဖြစ်ပွားနေတဲ့အချိန်မှာအိမ်ထဲမှာပဲ နေတာက ကိုယ့်အတွက်ရောတစ်ခြားသူတွေအတွက်ရော တကယ်ကိုအမှန်ဆုံးနဲ့ အထိရောက်ဆုံးကာကွယ်မှုတစ်ခုပါပဲနော်။ဒါဆိုအိမ်ထဲကနေ ဆက်ချောရင်း ကမ္ဘာကြီးကိုကယ်တင်မယ်ကွယ် ။အိမ်ထဲမှာနေရင်းနဲ့အပျင်းလဲပြေတယ်။ပြုလုပ်ရတာလည်းလွယ်ကူပြီးတော့ ကိုယ့်အလှအပအတွက်လည်းတကယ်ကို အကျိုးရှိတဲ့အရာလေးတစ်ခုအကြောင်းပြောပြမယ်လေ။
အိမ်တိုင်းရဲ့ မီးဖိုချောင်တိုင်းမှာ အိမ်သုံးဆားလေးတွေရှိကြတယ်ဟုတ်။ ဆိုဒီယမ်နှင့်ပိုတက်စီယမ်စတဲ့ ဓာတ်သတ္တုတွေပါဝင်တဲ့ ပင်လယ်ဆားဟာအလှအပအတွက်တကယ်ကိုအကျိုးတွေအများကြီးရှိတယ်နော်။ကဲစိတ်ဝင်စားသွားပြီမဟုတ်လား။ဒါဆိုချစ်တို့ရေ ကပ်ကြီးအပြီးမှ ာဆက်ပြီးချောနိုင်ကြစေဖို့ အခုနည်းလေးတွေကိုအတူတူပြုလုပ်ကြည့်ရအောင်......
၁။ဆားနဲ့ ပျားရည်
ဆားကမျက်နှာပေါ်မှာရှိတဲ့ချွေးပေါက်တွေကိုသန့်ရှင်းစေပြီးအစိုဓာတ်ကိုထိန်းထားနိုင်တယ်။သူကဘက်တီးရီးယားပိုးမွှားတွေကိုသေစေနိုင်ပြီးတော့မျက်နှာပေါ်မှာဝက်ခြံတွေထပ်မဖြစ်နိုင်အောင်လည်း တားဆီးကာကွယ်ပေးနိုင်တယ်။
ဆားနဲနဲရယ် ပျားရည်လေးရယ်ရောပြီး မျက်နှာအနှံ့ ညင်ညင်သာသာလေးပွတ်တိုက်ပေးပါ။ပျားရည်ရဲ့အစွမ်းသတ္တိတွေကလည်း အလှအပအတွက်ဆို အံ့မခန်းပဲမို့ ဒီနှစ်ခုက အလိုက်ဖက်ဆုံးအတွဲလေးလို့ဆိုရင်လည်း မမှားပါဘူး။ညိုညစ်နေတဲ့မျက်နှာလေးတွေကို ကြည်လင်ပြီးသန့်စင်သွားမှာပါ။
၂။ဆားရေSparyလေးဖြန်းမယ်
လေထုထဲကဖုန်တွေအညစ်အကြေးတွေကချွေးပေါက်တွေကျယ်နေတဲ့အခါ ချွေးပေါက်ထဲဝင်တော့ ဆားဝက်ခြံဆိုတာဖြစ်လာပါတယ်။နှာခေါင်းတဝိုက်မှာအများဆုံးရှိတတ်ပြီးတော့ညှစ်လိုက်ရင်အဖြူရောင်အဆီတောင့်လေးတွေထွက်လာတဲ့ဆားဝက်ခြံတွေဟာညှစ်လိုက်လေပွားလာလေပါပဲ။
အဆီခဲတွေထွက်သွားတော့ကျန်ခဲ့တဲ့နေရာကချွေးပေါက်တွေဖြစ်သွားပါလေရော။ အဲ့ဒီချွေးပေါက်လေးတွေ ကျဉ်းစေဖို့နဲ့အညစ်အကြေးတွေကင်းဝေးစေဖို့ဆိုရင်အများကြီးမလိုပါဘူး။ဆားရယ်ရေနွေးနွေးလေးရယ်စပရေးဘူးရယ်ပဲလိုအပ်ပါတယ်။အဲ့ဒီအရည်ကိုမျက်နှာပေါ်ဖြန်းပေးရမှာပါ။တစ်ပတ်မှာ၂ခါလောက်ပြုလုပ်ပေးရင်သိသာတဲ့အကျိုးအာနိသင်ကိုရလာမှာအမှန်ပါပဲနော်။
၃။ဆားနဲ့သံလွင်ဆီ
Scrub တိုင်းမှာမပါမဖြစ်ပါတာကတော့ဆားပါပဲ။ဒါဆိုScrubလုပ်ဖို့အလွယ်ကုဆုံးနည်းလေးတစ်ခုရှိတယ်။ အများကြီးမလိုပါဘူးဆားရယ်သံလွင်ဆီရယ်ပဲလိုအပ်ပါတယ်။သံလွင်ဆီအလွယ်တကူမရှိဘူးဆိုရင်အုန်းဆီနဲ့လည်း ပြုလုပ်လို့ရပါတယ်။
တကယ်ကိုအလွယ်ဆုံးနည်းလမ်းလေးပဲ။အဲ့ဒီကို နှစ်ခုပေါင်းပြီးတော့ရေချိုးခါနီးသေချာလေးနေရာအနှံ့ပွတ်လူးပြီးရေလေးချိုးချလိုက်ရုံပဲ။ပြီးရင်Lotionလူးဖို့လည်းမမေ့နဲ့နော်။
၄။ဗောက်တွေထနေရင်
ဗောက်ဆိုတဲ့အရာကအတော်လေးယားယံပြီးတော့နေလို့ထိုင်လို့မကောင်းတဲ့အရာပါ။လူကြားထဲရောက်ရင်ကုပ်ရမှာလည်းရှက်ကုပ်လိုက်ပြန်ရင်လည်းအဖြူဖတ်တွေကအင်္ကျီပေါ်တွေကျလာတော့ဘယ်လိုမှကိုအဆင်မပြေပါဘူးနော်။ဒါဆိုတော်တော်လွယ်တဲ့နည်းလေးတစ်ခုရှိတယ်။ဆံပင်ကိုအရင် ရေဆွတ်လိုက်ပါပြီးရင်ဆားလက်တစ်ဆုပ်ကိုယူပြီးဆံပင်ခွဲကြောင်းတွေအတိုင်းပွတ်ပေးပါ။
ဆားတွေအရည်ပျော်သွားတဲ့အခါမှာတော့ကြက်သီးနွေးရေလေးနဲ့ခေါင်းလျှော်ချလိုက်ပါ။တစ်ပတ်မှာ၂ခါလောက်ပြုလုပ်ပေးပါနော်။ဒါဆိုဗောက်ပြသနာကိုဖြေရှင်းပြီးသားဖြစ်သွားပါမယ်။
၅။လက်သည်းလေးတွေလှနေအောင်
လက်သည်းအရှည်တွေတော့ထားပါရဲ့ခဏခဏကျိုးနေမယ်ဂျွတ်ဆတ်နေမယ် လက်သည်းပိုးတွေဖြစ်နေမယ်ဆိုရင်ဘယ်လိုမှလှနေမှာမဟုတ်ပါဘူးနော်။ကျန်းမာတဲ့လက်သည်းလေးတစ်စုံရဖို့အတွ က်ဆိုရင်ဆားရဲ့အကူညီလေးကလည်းမပါမဖြစ်ပါပဲ။ဆားတစ်ဇွန်းရယ်Baking Sodaတစ်ဇွန်းသံပရာရည်တစ်ဇွန်း၊ရေနွေးတစ်ဇွန်းဒါတွေပဲလိုအပ်ပါတယ်။ပါဝင်ပစ္စည်းအကုန်လုံးကိုရောမွှေပြီး လက်သည်းလေးတွေကိုစိမ်ထားပေးပ၁၅မိနစ်လောက်အကြာမှာရေဆေးချလိုက်တဲ့အခါကြည်လင်ပြီးကျန်းမာတဲ့လက် သည်းလေးကိုရရှိပိုင်ဆိုင်သွားမှာပဲဖြစ်ပါတယ်။ကဲဘယ်လောက်ထိလွယ်လိုက်လဲနော်။
ဒါဆို ချစ်တို့ရေအိမ်ထဲမှာပဲနေပြီးအသားရည်တွေညိုညစ်နေလားချွေးပေါက်လေးတွေထဲကအညစ်အကြေးတွေရော ရှင်းပစ်ချင်လားသုံးနေကျ Scrub တွေကလည်းကုန်တော့မယ်ဆိုပြီးရောတွေးပူနေလားဗေါက်တွေလည်းထနေလို့စိတ် ညစ်နေလားလွယ်လွယ်ကူကူဖြေရှင်းပေးနိုင်မယ့်အိမ်သုံးဆားလေးအနားမှာရှိနေတာမို့စိတ်မညစ်ကြပါနဲ့တော့နော်အား လုံးပဲကပ်ကြီးအပြီးမှာဆက်ပြီးချောနိုင်ကြပါစေ။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
အိမ်တွင်းမှာ အသုံးဝင်မယ့် ရှာလကာရည်လျှို့ဝှက်ချက် (၅) ခု
အိမ်ကို လာဘ်ပိတ်စေတဲ့ ပစ္စည်းများ
အညံ့တွေ ကင်းပြီး အကောင်းတွေ ဝင်လာအောင် သင့်အိမ်မှာ ဒီလို ပစ္စည်းတွေကို ဖယ်ရှားပါ
အိမ်မှာ ရေခဲသေတ္တာသုံးရာတွင် ဆောင်ရန် ရှောင်ရန်များ။ ဒါတွေ မလုပ်ပါနဲ့
Credit : Eainshinma
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties