ဆားဟာ အိမ်တိုင်းမှာ မရှိမဖြစ် အသုံးပြုရတဲ့ စားသောက်ကုန်ကြမ်းတစ်မျိုးပါ။ ဝယ်ယူရလွယ်ကူပြီး တန်ဖိုးနည်းပေမယ့် အိမ်ရှင်မတွေအတွက် ဟင်းချက်ရာတင်မကပဲ နေရာတိုင်းမှာပါ အသုံးတည့်ပါတယ်။
 
အိမ်ရှင်မတွေ လွယ်ကူသက်သာစွာ ပြုလုပ်နိုင်မယ့် ဆားရဲ့ အသုံးဝင်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။
 
(၁) ဟင်းရွက်တွေ ကြော်ချက်ရာမှာ ဆီမသတ်ခင် ဆားအနည်းငယ်ထည့်ထားခြင်းဖြင့် စိမ်းစိမ်းစိုစို အရွက်ကြော်တစ်ပွဲ ရရှိမှာပါ၊
ဟင်းရွက်တွေ ရေဆေးတဲ့အခါမှာလည်း နွှင်ပြီးအရွက်များကို ဆားရည်စိမ်ထားရင် ပိုးသေစေပါတယ်။
 
(၂) ညစ်ပတ်နေတဲ့ လက်နှီးစုပ်တွေ၊ လက်ကိုင်ပုဝါတွေကို ဆားရည်၊ သံပုရာရည်အနည်းနည်းနဲ့စိမ်ရင် ပိုးမွှားများကင်းစင်နိုင်သလို အစွန်းအထင်းတွေကိုလည်း လျော့ပါးစေပါတယ်။
 
(၃) ဆားနဲ့ မန်ကျည်းသီးမှည့်ကို ရောပြီး ကြေးဖြင့်ပြုလုပ်ထားသောအိုးများ ၊ ကြွေနဲ့လုပ်ထားတဲ့အိုးတွေ ၊ ဟင်းဂျိုးတွေကို ပွတ်တိုက်ဆေးကြောနိုင်ပါတယ်။
 
(၄) အရောင်စွန်းထင်းနေတဲ့ ကော်ဖီးအိုးတွေ ၊ ကော်ဖီခွက်တွေ ၊ ကော်ဖီစွန်းနေတဲ့ အဝတ်အစားတွေကိုလည်း ဆားနဲ့ ပွတ်ပြီး ချွတ်နိုင်ပါတယ်။
 
(၅) ကြက်ဥ ကြမ်းပြင်ပေါ်ကျကွဲခဲ့မယ်ဆိုရင် ဆားအနည်းငယ်ဖြုးပြီးမှ ဂေါ်ပြားနဲ့ ကျုံးလိုက်ပါ။ ပေပွခြင်းမရှိဘဲ သန့်စင်နိုင်ပါတယ်။
 


(၆) ပုရွက်ဆိပ်တွေ အစားအသောက်မှာ တက်နေခဲ့မယ်ဆိုရင်လည်း ဆားဖြူးပြီး ခဏထားလိုက်ပါ။
 
(၇)  ငါးတွေ အကြေးခွံမချွတ်ခင် ဆားရည်နဲ့စိမ်ထားပေးပါ။ ကြေးခွံချွတ်ရ လွယ်ကူပါလိမ့်မယ်။
 
(၈) ကြက်ဥတွေ ကောင်းမကောင်းစမ်းချင်ရင်တော့ ဆားရည်ထည့်ထားတဲ့ခွက်ထဲ စိမ်ထားပါ။ ကောင်းတဲ့ အလုံးက ရေပေါ်ပေါ်ပြီး မကောင်းတဲ့အလုံးက ရေမြှပ်သွားပါလိမ့်မယ်။
 
(၉) ပန်းသီး၊ စပျစ်သီးများကို ပုံမပျက်ဘဲ ကြာရှည်ခံချင်လျှင် ဆားရည်စိမ်ထားနိုင်ပါတယ်။
 
(၁၀) မုန့်လုပ်တဲ့ ဒယ်အိုး၊ ဒယ်ပြားတွေကို အိုးမကပ်အောင် ဆားအနည်းငယ် သုတ်ပေးထားပါ။
အလွယ်တကူ ဝယ်ယူနိုင်ပြီး အသုံးတည့်နိုင်မယ့် နည်းလမ်းကောင်းလေးတွေ ဖြစ်တာလို့ အိမ်ရှင်မတွေအနေနဲ့ အသုံးတည့်စေမှာပါ။
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
ပင်စိမ်းပင် အိမ်မှာစိုက်ပျိုးသင့်သော အကြောင်းရင်း

အသက်ရှူလမ်းကြောင်းကို တိတ်တဆိတ် အန္တရာယ်ပေးနေတဲ့ အိမ်တွင်းသုံးပစ္စည်းများ

အိပ်ခန်းထဲမှာထားသင့်တဲ့အပင်လေးများ

အိပ်ခန်းထဲမှာထားသင့်တဲ့ အပင်လေး (၅) ပင်
 
Written By: Shwe Kyaw (ShweProperty.com)
Posted By: Ra Wai (ShweProperty.com)