ယနေ့ချိန်ထိ မြေဝယ်ရာတွင် မသိနားမလည်၍ အလိမ်ခံရကာ ငွေကြေးဆုံးရှုံးသူများ၊ မြေယာနဲ့ ဆိုင်သော အမှုအခင်းအရှုပ်တော်ပုံများမှာ ဒုနဲ့ ဒေးပင်။ သို့ဖြစ်ပါ၍ မိမိဝယ်ယူရမည့်မြေဟာ ဉပဒေနဲ့ လွတ်ကင်းတဲ့ မြေလား၊ ပြန်လည်ငှားချ အရောင်းအဝယ်ပြုလုပ်နိုင်တဲ့ မြေအမျိုးအစားလား၊ အစိုးရပိုင်မြေလား စသည့်ဖြင့် တီးမိခေါက်မိရှိစေရန် မြေမဝယ်မီ ကြိုတင် လေ့လာထားသင့်ပါသည်။ 

 
၁။ မြေပိုင်မြေ


မြေပိုင်မြေဆိုသည်မှာ မြိုတော်နယ်နိမိတ်အတွင်း စနစ်တကျမြို့ကွက်ဖော်ထုတ်ကာ ရောင်းချခဲ့၍ ၀ယ်ယူပိုင်ဆိုင်ခဲ့ပြီးမြေပိုင်ရှင် အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကိုဆိုင်သည်။

 
၂။ ဘိုးဘွားပိုင်မြေ


ဘိုးဘပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများအက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၁၀) အရ၊ ဘိုးဘွားမိဘလက်ထက်ကပင် "ဓါးမဦးချ" ပိုင်ဆိုင်လာ၍ လွှဲပြောင်း ဆက်ခံခွင့်ရှိကာ "မစိုက်ပျိုးသည့်မြေ" ကိုဆိုလိုသည်။

 
၃။ ဂရန်ရှိမြေပိုင်မြေ


ဂရန်ရှိမြေပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများ ဥပေဒပုဒ္မ ၇(က) အရခွင့်ပြုထားသည့် ဘိုးဘပိုင်မြေကဲ့သို့ အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကိုဆိုလိုသည်။


၄။ လိုင်စင်မြေ


လိုင်စင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများ အပိုဒ် - ၃၀၊ ၃၄ တို့အရ၊ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ ယာယီအသုံးပြုခွင့်ပေးထားသော မြေကိုဆိုလိုသည်။



 

၅။ ပါမစ်မြေ


ပါမစ်မြေဆိုသည်မှာ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ "လူနေအိမ်" သို့မဟုတ် "အဆောက်အအုံဆောက်လုပ်နေထိုင်ခွင့်" ပြုထားသော မြေကိုဆိုလိုသည်။ မိသားစု ဓာတ်ပုံနှင့်တစ်ကွ ထုတ်ပေးထားသော ပါမစ်စာရွက်ဖြစ်သည်။

 
၆။ စလစ်မြေ


စလစ်မြေဆိုတာအိမ်ဆောက်လုပ်နေထိုင်ခွင့်ရထားသောမြေအမျိုးအစားဖြစ်တယ်။ သက်ဆိုင်ရာမြေစာရင်း ဦးစီးဌာနက ချပေးတဲ့ မြေကွက်အတွက် ထုတ်ပေးတဲ့ စလစ်စာရွက်ရှိ မြေကွက်ဖြစ်တယ်။ အမွေဆက်ခံခွင့် ရှိသကဲ့သို့ လွှဲပြောင်းရောင်းချခြင်းလည်း ရှိတယ်။ မြေချစလစ်ဟုလည်း ခေါ်ကြသည်။ အဲဒီမြေချစလစ်မှ မြေပေးအမိန့်ကို သက်ဆိုင်ရာ မြေစီမံ ခန့်ခွဲ ရေးဌာနမှာ လျှောက်ထားရယူနိုင်သည်။ ထိုမှ ပါမစ်မြေ ဂရန်မြေအဖြစ် အဆင့်ဆင့်လျှောက်ထားရမှာ ဖြစ်ပါသည်။

 
၇။ မြေငှားဂရန်မြေ


မြေငှားဂရန်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပေဒ ၇/၈ နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့ အရ ကော်မတီက စည်းကမ်းချက်များ သတ်မှတ်ပြီး နှစ်ကာလ အပိုင်းအခြားသတ်မှတ်၍ မြေငှားစာချုပ်ဖြင့် အငှားချထားသည့်မြေကိုဆိုလိုသည်။

 
၈။ စကွာတာမြေ


"စကွာတာမြေ" ဆိုသည်မှာ မြေငှားစာချုပ် မရယူခဲ့၍ လည်းကောင်း၊ မြေငှား   စာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ခြင်းမပြု၍ လည်းကောင်း  မြေငှားစာချုပ်ပါစည်းကမ်းချက်တစ်ရပ်ရပ်ဖောက်ဖျက်၍လည်းကောင်း "မြေအဆင့်အတန်းနိမ့်ချ သတ်မှတ်သောမြေ" ကို ဆိုလိုခြင်းဖြစ်သည်။


၉။ ကျူးလွန်ခြင်းမြေ


"ကျူးလွန်ခြင်းမြေ" ဆိုသည်မှာ လူနေရပ်ကွက်အတွင်း စနစ်တကျရှိသော အိမ်ရာမြေကွက်၌ ကျူးလွန်ခြင်း "ပြေစာဖြင့်ကောက်ခံသည့်မြေ" မျိုးကိုဆိုလို သည်။





၁၀။ ကျူးကျော်မြေ


ကျူးကျော်မြေဆိုသည်မှာ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့် ရှိသော မြေပေါ်တွင် ခွင့်ပြုချက် တစ်စုံတစ်ရာမရှိသူများ ၀င်ရောက်နေထိုင်လျက်ရှိသော မြေကိုဆိုလိုသည်။

 
၁၁။ မြို့ကွက်မြေပုံ


မြို့ကွက်မြေပုံဆိုသည်မှာ အခြေခံ အင်ဂျင်နီယာပိုင်းဆိုင်ရာများဖြင့် စနစ်တကျရေးဆွဲပြီး မြို့ပြစီမံကိန်းနှင့်အညီ မြို့ကွက်ရိုက်ဖော်ထုတ်ထားသည့် အခြေခံမြေပုံကို ဆိုလိုသည်။

 
၁၂။ မြို့မြေစာရင်း


မြို့မြေစာရင်းဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများအက်ဥပဒေ၊ နည်းဥပဒေများ၊ နောက်ဆက်တွဲ ၁ - အခန်း (၂) အပိုဒ် ၇ အရမြို့ကွက်မြေပုံဖြင့် ရှိပြီးသော မြေများ၏ မြေပိုင်ဆိုင်ခွင့် စာရင်းကိုဆိုလိုသည်။

 
၁၃။ သာသနာမြေ သို့မဟုတ် သိမ်မြေ


သာသနာအတွက် သိမ်ဆောက်ရန်အတွက် အခွန်လွတ်သီးခြား ဂရန်ထုတ်ပေးနိုင်သော မြေဖြစ်သည်။

 
၁၄။ အဗဒ္ဒသိမ်မြေ


မြေအရွယ်အစား ကျယ်ဝန်းပြီး နိုင်ငံတော်အစိုးရမှ အချိန်မရွေး ပြန်လည် သိမ်းယူနိုင်သဖြင့် ယာယီသဘောဆောင်သော မြေမျိုးကို ဆိုလိုခြင်းဖြစ်သည်။





၁၅။ ဗဒ္ဒသိမ်မြေ


အဆိုပါမြေမှာ မြေအရွယ်အစားသေးငယ်ခြင်း၊ နိုင်ငံတော်အစိုးရက ပြန်လည်ရယူနိုင်မှုမရှိခြင်း၊ ထာဝရတည်တံ့မှု သဘောဆောင်သည့် မြေမျိုးကို ဆိုလိုပါသည်။

 
၁၆။ စားကျက်မြေ


ကျွဲနွားများ စားသုံးရန် ၊ လွှတ်ကျောင်းရန်အတွက် သတ်မှတ်ထားသည့်မြေဖြစ်သည်။ အဆိုပါစားကျက်မြေသတ်မှတ်ခြင်း၊ စစ်ဆေးခြင်းကို အုပ်ချုပ်ရေးအရာရှိများ၊ မြေစာရင်းအင်စပတ်တော်နှင့် မြေတိုင်း စာရေးများက ကြပ်မတ်ဆောင်ရွက်ရသည်။
 

၁၇။ ရေကန်မြေ


ကျေးရွာ သို့မဟုတ် မြို့ကို လူအများနေထိုင်ရာဒေသအဖြစ် သတ်မှတ်ပြီးလျှင် လူအများအတွက် မရှိမဖြစ်သော ရေကန်မြေများ၊ မြို့မြေ သို့မဟုတ် ကျေးရွာမြေအသုံးချရေး စီမံချက်တွင် ရေးဆွဲထားပြီး ရေကန်မြေအဖြစ် သတ်မှတ်ထားသည့်မြေကို ဆိုလိုခြင်းဖြစ်သည်။ 
 

( အထက်ပါမြေအမျိုးအစား အကျဉ်းချုပ်ခွဲခြားနည်းကို မြေယာဉပဒေဆိုင်ရာလမ်းညွှန်ချက်များမှ  ကောက်နုတ်ကာ တင်ပြထားခြင်းဖြစ်ပါသည်)


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


အိမ် နဲ့ မြေကွက်များ ရက်ပိုင်းတွင်းရောင်းထွက်လိုပါသလား


ပါမစ်မြေကွက်ပေါ်တွင် နှစ်ချုပ်ဖြင့် ငှားရမ်းနေထိုင်ရန် သင့်မသင့်


ပါမစ်(PERMIT) ဖြင့်ချထားပေးသော မြေကွက်ကို ဝယ်ရာတွင် သတိပြုသင့်သောကိစ္စရပ်များ


မြေမဝယ်မှီ သိထားသင့်၊ သိထားထိုက်သော အကြောင်းအရာများ


Posted By : Sint Sint (ShweProperty.com)