By Ra Wai, Shweproperty.com
Updated at 18 February 2022
ကျွန်တော်တို့ဒေသမှာ အိမ်ဝိုင်းတွေကို အရောင်းအဝယ်လုပ်တဲ့အခါ ယာမြေကို အိမ်ဝိုင်းအဖြစ် အကွက် ရိုက်ရောင်းချလေ့ရှိပါတယ် ။ ယာမြေကို ပုံစံ ၇ ရှိရုံနဲ့ အိမ်ဝိုင်းအဖြစ် ရောင်းဝယ်နိုင်ပါသလား ။ ဝယ်သူအနေနဲ့ အိမ်ဝိုင်းဂရန်ရအောင် ဘယ်လို လုပ်ရမလဲဆိုတာကို သိလိုပါတယ်။ ယာမြေဆိုတာ လယ်ယာမြေဥပဒေ ပုဒ်မ ၃(က) အရ လယ်ယာမြေဆိုသည့် စကားရပ်မှာ ပါဝင်သော မြေဖြစ်ပါတယ်။ ယာမြေကို ပုံစံ ၇ ရှိရုံနဲ့ ရောင်းဝယ်နိုင်သလားဆိုတော့ သာမန် အား ဖြင့် ရောင်းဝယ်နိုင်ပါတယ်လို့ ဖြေရမှာပါ။ သို့သော် အိမ်ဝိုင်းမြေအဖြစ် ရောင်းဝယ်ခြင်း ကို အခွင့် ပေးတာ မဟုတ်ပါဘူး။ လယ်ယာမြေလုပ်ပိုင်ခွင့်ကိုသာ ပုဒ်မ ၉(ခ)အရ ရောင်းဝယ် ခွင့် ပြုခြင်းဖြစ် ပါတယ်။ ယခုမေးခွန်းပါ ယာမြေကို စိုက်ပျိုးလုပ်ကိုင်မှုအတွက်သာ လယ်ယာ မြေလုပ်ပိုင်ခွင့် ပုံစံ ၇ ထုတ်ပေးခြင်း ဖြစ်ပါတယ်။ ပုံစံ ၇ ရရှိသူ လိုက်နာရမည့် စည်းကမ်း ချက်တွေကို ပုဒ်မ ၁၂ မှာ ဖေါ်ပြထားရာမှာ ပုဒ်မခွဲ (ဆ)(ယခု ပုဒ်မခွဲ (စ)) မှာ “လယ်ယာ မြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြား နည်း သုံးစွဲခြင်းမပြုရ”..လို့ တားမြစ်ထားပါတယ်။ ယာကွက် ပိုင်ရှင်သည် အိမ်ဝိုင်းကွက်အဖြစ် ဆောင်ရွက်လိုပါက ပုဒ်မ ၃၀(ခ) အရ သက်ဆိုင်ရာ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရ ထံ အခြားနည်းသုံး ခွင့်ပြုမိန့် လျှောက်ထား ရယူပြီးမှ သာ အခြားနည်းသုံး ဆောင်ရွက်နိုင်ပါမယ်။ ပုံစံ ၇ ရရှိထားသူ ယာကွက်ပိုင်ရှင် အနေဖြင့် ခွင့်ပြုမိန့်မရဘဲ အိမ်ဝိုင်းကွက် အသုံးပြုပါက ပုဒ်မ ၁၂ ချိုးဖေါက်မှုဖြင့် ပုဒ်မ ၁၉ အရ အမိန့် ထုတ်ဆင့် အရေးယူခံရပါမယ်။ မနာခံရင် ပုဒ်မ ၂၀(က) အရ တရားစွဲဆိုခြင်း ခံရမည် ဖြစ်ပြီး ပုဒ်မ ၃၅ အရ ထောင်ဒဏ်၊ ငွေဒဏ်များ ကျခံ ရနိုင်ပါတယ်။ ရောင်း သူ ဖြစ်ဖြစ် ဝယ်သူဖြစ်ဖြစ် အဆိုပါ ယာမြေမှ ဝိုင်းကွက်ကို တရားဝင် အသုံးပြုလိုပါက လယ်ယာ မြေ အခြားနည်းသုံး လယ ၃၀(ခ) လျှောက်ထား အသုံးပြုသင့်ကြောင်း၊ ယင်း လယ ၃၀ ရရှိပြီး မှ သာ ကျေးရွာ ဂရန် ဆက်လက် လျှောက်ထားသင့်ကြောင်း အကြံပြုလိုပါတယ်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ ပါမစ်(PERMIT) ဖြင့်ချထားပေးသော မြေကွက်ကို ဝယ်ရာတွင် သတိပြုသင့်သောကိစ္စရပ်များ ဂရန်မြေကို အရပ်စာချုပ်ဖြင့် ၀ယ်ယူလျှင် ပိုင်ဆိုင်မှုခိုင်မာသလား မြေပေးမိန့် (သို့) ပါမစ်မြေများနှင့်ပတ်သက်၍ သိထားသင့်သည်များ မြေအဆင့်ဆင့်လွှဲပြောင်းစာချုပ်၊ ရွာမြေဆိုပြီး အရောင်းအဝယ်ဖြစ်နေတဲ့ မြေကိစ္စ ဥပဒေနဲ့ ညီမညီ Credit By: DVB lawlab Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties