By Myanmar Builders Guide, Shweproperty.com
Updated at 6 February 2019
မန္တလေး - လားရှိုးလမ်းမကြီးဘေး (၂၁) မိုင် အနီးပတ်ဝန်းကျင်မှာရှိတဲ့ မြေဧက ( ၁၀၀၀၀ ) ခန့်ပေါ်မှာ အပန်းဖြေ ဝန်ဆောင်မှုလုပ်ငန်းအဖြစ် ဆောက်လုပ်မယ့် New Mandalay Resort City ( ရတနာပုံ cyber City ) စီမံကိန်းကို ယခုနှစ်အတွင်း ဖော်ဆောင်တော့မှာ ဖြစ်ပါတယ်။
အဆိုပါ စီမံကိန်းကို စက်မှု IT နည်းပညာ၊ စိုက်ပျိုးရေး စီမံကိန်း၊ စီးပွားရေးလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေး ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း အခြေပြုမြို့အဖြစ် ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။
New Mandalay Resort City စီမံကိန်းနဲ့ ပတ်သတ်ပြီး လုပ်ငန်းဖော်ဆောင်ရေးဆိုင်ရာ အစည်းအဝေးကို နေပြည်တော်မှာ ရှိတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ ဇန်နဝါရီ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အစည်းအဝေးကို စီမံကိန်းကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးတွေနဲ့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ တက်ရောက်ခဲ့ပါတယ်။
စီမံကိန်းဆိုင်ရာ အသေးစိတ် အချက်အလက်တွေကို စုံစမ်း မေးမြန်းလိုသူတွေ အနေနဲ့ အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါတယ်။
ဦးသက်နိုင် ( ညွှန်ကြားရေးမှူး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး )
ဖုန်း - ၀၉၅၁၄၃၈၅၀၊ ၀၂၇၅၁၉၄
ဒေါ်မိုးသီတာ ( ဒုတိယညွှန်ကြားရေးမှူး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ နေပြည်တော် )
ဖုန်း - ၀၉၂၂၁၆၆၃၈၊ ၀၆၇၃၄၀၇၃၁၁
ဦးစိန်မြင့် ( ညွှန်ကြားရေးမှူး၊ မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး ) ၀၉၄၀၀၆၈၅၃၅
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties