By Ra Wai, Shweproperty.com
Updated at 27 January 2022
ဝါရင့်ဖောက်ထွင်းသမားတစ်ဦးဟာ ယခုအချိန်မှာတော့ သူ့ရဲ့ဖောက်ထွင်းရေးအလုပ်ကို စွန့်လွှတ်လိုက်ပြီဖြစ်တဲ့အတွက် ဖောက်ထွင်းအတွေ့အကြုံတွေကိုဝေမျှပေးခဲ့ပါတယ်။ ဒါကြောင့် စာဖတ်သူတွေအနေနဲ့ ကိုယ့်အိမ်ထဲမှာ အဖိုးတန်ပစ္စည်းတွေရှိခဲ့ရင် သတိထားနိုင်အောင် သူပြောပြခဲ့တဲ့ အကြောင်းအရာတွေကို ဝေမျှပေးလိုက်ပါတယ်။ နှစ်ထပ်ပြတင်းပေါက်တပ်ဆင်ပါ သာမန်ပြတင်းပေါက်တွေဟာ ဖျက်စီးရလွယ်ပါတယ်။ ပထမဆုံးတစ်ကြိမ်ထဲ ကြိုးစားရုံနဲ့ အိမ်ထဲအလွယ်တကူ ရောက်နိုင်ပါတယ်။ နှစ်ထပ်ပြတင်းပေါက်တွေမှာဆိုရင်တော့ အလွှာနှစ်ခုပါတဲ့အတွက် ဖောက်ထွင်းသမားတွေ ဖျက်ဆီးဖို့ခဲယဉ်းစေမှာဖြစ်ပါတယ်။ ခြံစည်းရိုးအမြင့်ကြီးမကာပါနဲ့ ဖောက်ထွင်းသမားတွေဟာ ချုံပုတ်တွေများတဲ့အိမ်၊ ခြံစည်းရိုးအမြင့်ကြီးတွေ ခတ်ထားတဲ့အိမ်တွေကို သဘောကျပါတယ်။ ဒါမှ သူတို့တွေအိမ်ထဲဝင်တဲ့အခါ အိမ်နီးနားချင်းတွေမမြင်ရအောင်လို့ပါ။ ခြံစည်းရိုးကလည်းနိမ့်တယ်၊ အလှဆင်တဲ့ခြုံတွေဘာတွေလည်း မထားတဲ့အိမ်ဆိုရင်တော့ ဖောက်ထွင်းခံရတဲ့အခွင့်အလမ်းနည်းပါးနိုင်ပါတယ်။ ခွေးတွေကို အားမကိုးပါနဲ့ ခွေးတွေဟာ အလွယ်တကူဆွဲဆောင်လို့ရတဲ့သတ္တဝါတွေပါ။ တကယ်လို့ ဖောက်ထွင်းသမားက အိမ်အခြေအနေနဲ့ ခွေးအကြောင်းကိုလည်း အတော်အတန်ကြာ လေ့လာထားပြီးတဲ့သူဆိုရင်တော့ ခွေးရှိရုံနဲ့ ဘာမှမတတ်နိုင်ပါဘူး။ အိမ်ကို လုံခြုံအောင် စောင့်ရှောက်ဖို့ သေချာလေ့ကျင့်ပေးထားတဲ့ ခွေးမျိုးဆိုရင်တော့လည်း ကောင်းပါတယ်။ တကယ်လို့ စာဖတ်သူအနေနဲ့ ခွေးမွေးချင်တယ်ဆိုရင်တော့ အငယ်စား ခွေးမျိုးစိတ်တွေကို မွေးနိုင်ပါတယ်။ ခွေးသေးသေးလေးတွေက ပိုကျယ်ကျယ်ဟောင်နိုင်ပါတယ်။ လိုက်ကာတွေကို အပေါ်ဘက်ဆီဆွဲတင်ထားပါ လိုက်ကာတွေဟာ သီးသီးသန့်သန့်ဖြစ်စေလို့ ကောင်းပါတယ်။ ဒါပေမဲ့ ဖောက်ထွင်းသမားတွေအနေနဲ့ လိုက်ကာတွေကြားထဲကနေ အထဲကိုချောင်းကြည့်နိုင်ပါတယ်။ ဒါကြောင့် လိုက်ကာတွေကို အပေါ်ဘက်ဆီမျက်နှာမူပြီး ဆွဲတင်ထားဖို့အရေးကြီးပါတယ်။ လုံခြုံရေးကင်မရာကို မျက်စိရှေ့တည့်တည့်မြင်နိုင်မယ့်နေရာမှာ တပ်ထားပါ အိမ်မှာ လုံခြုံရေးကင်မရာတွေတပ်ဖို့ ဆုံးဖြတ်ထားရင် မျက်စိနဲ့တစ်တန်းတည်း မြင်နိုင်လောက်တဲ့နေရာမှာပါ ကင်မရာတွေကိုတပ်ထားပေးပါ။ အိမ်ထဲဖောက်ထွင်းဝင်သူရှိခဲ့ရင် ၎င်းရဲ့မျက်နှာကို သေချာမှတ်တမ်းတင်နိုင်အောင်လို့ ဖြစ်ပါတယ်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ ရှာလကာရည်ကို ထိရောက်စွာ အသုံးပြုနိုင်မယ့် နည်းလမ်း (၁၀) မျိုး အိမ်သုံး ဓါတုပစ္စည်းများရဲ့ လျို့ဝှက်ချက် သင့်ကျန်းမာရေးကောင်းအောင် အိမ်မှာ ဒီပန်းပင်တွေစိုက်ပါ အခန်းတွင်း လေသန့်စင်ပေးနိုင်မယ့် အပင်လေးတွေ စိုက်ကြည့်ရအောင် Credit By: ShweMon Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties