By Ra Wai, Shweproperty.com
Updated at 27 December 2021
အိမ်သန့်ရှင်းရေးလုပ်ပြီဆိုရင် ကြမ်းတိုက်တာ၊ တံမြက်စည်းလှည်းတာ၊ ဖုန်သုတ်တာတွေပဲ အဓိကလုပ်နေတာလား။ အိမ်မှာရှိနေတဲ့တခြားပစ္စည်းတွေကိုလည်း သန့်ရှင်းပေးသင့်တယ်နော်။ သန့်ရှင်းရေးလုပ်တဲ့အခါ အမှုမဲ့အမှတ်မဲ့ကျန်ရစ်ခဲ့တဲ့နေရာတွေ၊အသုံးအဆောင်တွေကို သင်သိရဲ့လား၊ ဘယ်ပစ္စည်းကို ဘယ်နှကြိမ်သန့်ရှင်းသင့်လဲဆိုတာ ဒီမှာ အကြံပေးပါမယ်နော်။ ဒီလိုကျန်ခဲ့တဲ့ပစ္စည်းတွေမှာကပ်ငြိနေတဲ့အမှုန်အမွှားတွေကနေရောဂါပိုးမွှားတွေ နည်းအမျိုးမျိုးနဲ့ ကိုယ့်ဆီရောက်လာစေနိုင်တယ်ဆိုတာမမေ့ပါနဲ့။ လက်ကိုင်ဖုန်း နေ့တိုင်း မထိဘဲ၊မကိုင်ဘဲမနေနိုင်တာ လက်ကိုင်ဖုန်းတွေပါ။ စမတ်ဖုန်းတွေဆိုတာ ဖုန်းနံပါတ်တွေ၊အချက်အလက်တွေ၊ဓါတ်ပုံတွေနဲ့ သိမ်းဆည်းထားစရာမှန်သမျှ ထည့်ထားတတ်ကြတဲ့အရာဖြစ်ပြီး အရေးကြီးနေ့ရက်တွေ၊မှတ်တမ်းတွေအထိ အားကိုးရတဲ့အသုံးအဆောင်တစ်ခုဖြစ်နေတော့ လက်ကမချတော့ပါဘူး။ ကိုယ့်လက်နဲ့အချိန်မရွေးထိတွေ့ကိုင်တွယ်နေတဲ့စမတ်ဖုန်းတွေမှာရောဂါပိုးမွှားတွေကပ်နေမှာကိုသတိထားပါ။ ဖုန်းမျက်နှာပြင်နဲ့ ကာဗာကို အနည်းဆုံးတစ်နေ့တစ်ကြိမ်တော့ ပွတ်တိုက်သန့်စင်တဲ့အကျင့်လုပ်ထားပါ။ဆေးကွာ၊ပျက်စီၤးလောက်အောင်တော့မလုပ်နဲ့ပေါ့။ မီးဖိုချောင်ရဲ့ထောင့်တွေ ကြမ်းတိုက်သန့်စင်ထားလို့ပြောင်လက်နေပါစေ၊ အခန်းထောင့်တွေ၊ချောင်တွေကိုတော့ ပစ်မထားပါနဲ့။ အဲဒီမှာနှစ်လကြာအောင် ကပ်ကျန်နေတဲ့ဖုန်နဲ့အညစ်အကြေးတွေကရောဂါပိုးမွှားနဲ့မှိုတွေကို ဖိတ်ခေါ်မွေးမြူထားသလိုဖြစ်စေပါလိမ့်မယ်။ မမြင်သာတဲ့ဒီလိုနေရာတွေကိုတစ်ပတ်တစ်ကြိမ်လောက်တော့ သန့်ရှင်းပေးပါ။ ပန်းကန်ဆေးတဲ့နေရာ/ဘေစင် ကိုယ်စားမယ့်ပန်းကန်ခွက်ယောက်တွေနဲ့အိုးတွေကိုဆေးကြောမယ့်နေရာကို အမြဲသန့်စင်ထားရပါမယ်။ ဒါကိုပုံမှန်သန့်ရှင်းမှုမရှိရင် အချိန်ကြာလာတာနဲ့အမျှ အညစ်အကြေးအကျန်လေးတွေစုပြီးကပ်ကျန်နေတာက ဘက်တီးရီးယားအသိုက်အမြုံဖြစ်စေနိုင်တယ်။ ရောဂါပိုးတွေက အဲဒီကနေ ပန်းကန်တွေကို ကပ်ငြိပြီး ဗိုက်ထဲရောက်လာပါလိမ့်မယ်။ ရေခဲသေတ္တာ ရေခဲသေတ္တာထဲက ရက်လွန်ပစ္စည်းတွေက အမှိုက်ပုံးထဲရောက်သွားရင်တောင် သူတို့ဆီကမမြင်ရတဲ့မှိုအမွှားတွေကျန်ရစ်စေခဲ့တတ်ပါတယ်။ ဘက်တီးရီးယားတွေက အအေးထဲမှာ ပိုပြီးရှင်သန်နိုင်တော့ပိုဆိုးတာပေါ့။ ဒါ့ကြောင့်ရေခဲသေတ္တာကို တစ်လတစ်ကြိမ်လောက်တော့သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ ရေထဲမှာ မုန့်ဖုတ်ဆိုဒါလေးထည့်ဖျော်ပြီးရေခဲသေတ္တာရဲ့ဘေးစင်တွေ၊နံရံတွေကို ပွတ်သုတ်သန့်စင်ပေးပါ။ ရေနဲ့ ထပ်သုတ်ပြီး အခြောက်ခံပြီးမှ အစားအသောက်တွေပြန်ထည့်ပါ။ ပရိဘောဂပစ္စည်းတွေ စားပွဲကိုပဲ သုတ်လိုက်ရုံနဲ့ အိမ်မှာသန့်သွားရောလား။ အိမ်မှာရှိတဲ့ ပရိဘောဂပစ္စည်းတွေကို တစ်လတစ်ကြိမ်တော့ ဖုန်စုပ်တာ၊ သန့်စင်ပေးတာတွေလုပ်သင့်ပါတယ်။ အနည်းဆုံးတော့ ဖုန်သုတ်၊လှည်းကျင်းပေးပါ။ တီဗီရီမုတ် လက်နဲ့အမြဲထိတွေ့နေတဲ့ပစ္စည်းထဲမှာ တီဗီရီမုတ်လည်းပါဝင်ပါတယ်။ ဓါတ်ခဲကိုအရင်ထုတ်ပါ။ ဆပ်ပြာရည်လေးနည်းနည်းဆွတ်ထားတဲ့ဂွမ်း သို့မဟုတ် အဝတ်စလေးနဲ့ ခလုတ်လေးတွေကြားကို သုတ်ပြီးသန့်စင်ပါ။ နောက်တစ်ဆင့်မှာ ဗီနီဂါနည်းနည်းရောထားတဲ့ရေကိုဆွတ်ပြီးထပ်သုတ်ပါ။ ရေသိပ်မရွှဲစေနဲ့နော်။ သန့်ရှင်းမသွားဘဲ ပျက်သွားပါလိမ့်မယ်။ မျက်နှာကြက်/ပန်ကာ အောက်မှာရှိတဲ့ပစ္စည်းတွေကိုပဲဂရုစိုက်နေပေမယ့် အပေါ်က မျက်နှာကြက်ကိုရော ပုံမှန်သန့်ရှင်းပေးရဲ့လား။ ပန်ကာတပ်ထားတယ်ဆို ပိုတောင်ဂရုစိုက်ရဦးမယ်။လေထဲကနေ အမှုန်အမွှားတွေဖြန့်ချနေရင် ဘယ်လိုလုပ်မလဲ။ အထိုင်ချထားလို့ရတဲ့ Stand Fanတွေဆိုလည်း ဒလက်လေးတွေကြားကို ဖုန်တော့သုတ်ပေးဖို့လိုပါတယ်။ လေအေးပေးစက် အလားတူပဲ အဲကွန်းတွေကို ပုံမှန် servicing လုပ်ပေးဖို့လိုတဲ့အပြင် အတွင်းက air filterလေးတွေထုတ်ပြီးဆေးကြောသန့်စင်ပေးသင့်ပါတယ်။ တစ်လတစ်ကြိမ်လောက်ပေါ့။ မီးဖို ဘာမီးဖိုပဲသုံးသုံး မီးပိတ်ထား၊ မချက်ပြုတ်ဘဲထားတဲ့အချိန်မျိုးမှာ မကြာခဏသန့်စင်ပေးသင့်ပါတယ်။ အစားအသောက်ချက်ပြုတ်တဲ့နေရာမှာ သန့်ရှင်းနေဖို့အရေးကြီးပါတယ်။ အဝတ်စကို စိုတယ်ဆိုရုံလေးရေဆွတ်ပြီးဘေးတဝိုက်ချေးညှော်ပေကံျတဲ့နေရာ သုတ်ပေးပါ။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ လွယ်ကူသော အိမ်သန့်ရှင်းနည်း ၁ဝ ချက် ဖုန်စုပ်စက်ကို ဘယ်လိုနေရာတွေနဲ့ ဘယ်လိုအခြေအနေတွေမှာ သန့်ရှင်းရေးလုပ်ဖို့အတွက် မသုံးသင့်ဘူးလဲ မကြာခဏသန့်ရှင်းရေး လုပ်ပေးသင့်တဲ့ အသုံးအဆောင်ပစ္စည်းများ (၁) အိမ်အတွင်း အပြင်မှာ အင်းဆက်ပိုးမွှား ကင်းဝေးစေမယ့် နည်းလမ်းများ Credit By: hellosayarwon Posted By : Ra Wai, ShweProperty.com
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties