By Lily, Shweproperty.com
Updated at 24 February 2025
အကြမ်းထည် အိမ်လေးတစ်လုံးမှာ Decoration ပိုင်းကို စ စဉ်းစားပြီဆိုရင် ကြမ်းခင်းပိုင်းကိုလည်း လျှော့တွက်လိုက်လို့ မရဘူးနော်။ အိမ်တစ်လုံး လှပသေသပ်ဖို့ဟာ အဓိကအစိတ်အပိုင်းဖြစ်တဲ့ အမိုးအကာအရံတွေအပြင် ကြမ်းခင်းတွေကလည်း အရေးပါပါတယ်။ ခမ်းနားထည်ဝါတဲ့ ကြမ်းခင်းပြင် (ဒါမှမဟုတ်) ရိုးရှင်းတဲ့ ကြမ်းခင်းတွေက သင့်အိမ်ကို ပြီးပြည့်စုံစွာနဲ့ စွဲဆောင်မှု ရှိစေပါတယ်။ ကြမ်းခင်းတွေဟာ အလှသပ်သပ်ပဲ မဟုတ်ပါဘူး။ အိမ်ကို ကြာရှည်ခိုင်ခံ့စေဖို့ ကူညီပေးသလို ပြန်လည်ပြုပြင်ပြောင်းလဲဖို့ မလွယ်ကူတဲ့အရာ ဖြစ်တဲ့အတွက် သေချာစဉ်းစားပြီးမှ ရွေးချယ်သင့်ပါတယ်နော်။ ဒီတစ်ခေါက်မှာတော့ မိတ်ဆွေတို့ရဲ့ အိမ်ဂေဟာတွေမှာ အသုံးပြုဖို့ ကြမ်းခင်းတွေ ရွေးချယ်တဲ့အခါ အိမ်ရဲ့ နေရာတွေအလိုက် ဘယ်လိုကြမ်းခင်းတွေ ရွေးချယ်နိုင်မလဲဆိုတာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အခန်းအသုံးပြုမှုအလိုက် ရွေးချယ်ပါ။ အိမ်ရဲ့ အခန်းတွေအလိုက် ကြမ်းခင်းအမျိုးအစား ပြောင်းလဲရွေးချယ်နိုင်ပါတယ်။ ဧည့်ခန်းနဲ့ အိပ်ခန်းတွေအတွက်ဆိုရင် အနွေးဓာတ် ရရှိစေတဲ့ သစ်သားပါကေး ခင်းတာမျိုးဟာ အသင့်တော်ဆုံးပါပဲ။ မီးဖိုချောင်နဲ့ ထမင်းစားခန်းဆိုရင်တော့ ရေစိုခံ၊ သန့်ရှင်းရလည်းလွယ်တဲ့ ကြွေပြားခင်းတာမျိုး လုပ်ပေးနိုင်ပါတယ်။ ရေချိုးခန်းဆိုရင်တော့ ရေစိုခံပြီး ချောမလဲနိုင်တဲ့ ကြမ်းခင်းကြွေပြားတွေကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ လူသွားလူသာများတဲ့ ခြံတံခါးကနေ အိမ်ထဲဝင်ရာ လျှောက်လမ်းနေရာတွေ ဆိုရင်တော့ ကြာရှည်ခံပြီး ကျိုးပဲ့မလွယ်တဲ့ ကျောက်ပြား၊ အုတ်ခဲစတာတွေခင်းပြီး ပြုပြင်နိုင်ပါတယ်။ ကြမ်းခင်းအရောင် အိမ်မှာသုတ်ထားတဲ့ ဆေးရောင်တွေနဲ့ လိုက်ဖက်ညီတဲ့ ကြမ်းခင်းအရောင်ကိုသာ ရွေးချယ်ပါ။ ဆန့်ကျင်ဘက်အရောင်တွေကို ခင်းမိရင် အရောင်ပြေပြေလေးနဲ့ လှပနေမှာ မဟုတ်ပဲ အိမ်ကိုလည်း ကျဉ်းသွားသယောင် ဖြစ်စေပါတယ်။ ဥပမာ - အိမ်က အဝါရောင်နဲ့ အဖြူရောင်လို အရောင်ဖျော့ကို ရွေးချယ်ထားတယ်ဆိုရင် ကြမ်းခင်းပြင်ကိုလည်း သူနဲ့ လိုက်ဖက်ညီတဲ့ အဖြူ၊ မီးခိုး၊ သစ်သားညိုရောင် စသဖြင့် ရွေးချယ်သင့်ပါတယ်။ ကော်ဇော်များနဲ့ အလှဆင်ပါ ဧည့်ခန်းလိုနေရာအတွက် ခန်းနားတဲ့ ပြင်ဆင်မှု ထပ်ထည့်လိုတယ် ဆိုရင်တော့ မွှေးပွကော်ဇော်တစ်ထည် ဖြန့်ခင်းလိုက်ပါ။ ပြီးမှဆက်တီထိုင်ခုံတွေ နေရာချလိုက်ရင် လှပခန်းနားတဲ့ အခန်းလေး ရရှိပါပြီ။ အိမ်ခန်းမှာလည်း နွေးထွေးတဲ့ အငွေ့အသက်လေး ထပ်ထည့်ချင်တယ်ဆိုရင် ကိုယ်ကြိုက်တဲ့ ကော်ဇော်လေး တစ်ထည်ကို ကုတင်ဘေး ကြမ်းပြင်မှာ ခင်းထားလိုက်ပါ။ ဒါဆိုချစ်စရာကောင်းပြီး အခန်းလေးက ပိုပြီး နွေးထွေးစေမှာပါ။ မီးဖိုးချောင်နဲ့ ရေချိုးခန်းအတွက်ကတော့ အရှင်းလင်းဆုံးထားတာ အကောင်းဆုံးပဲမို့ လိုအပ်တာထက် ဘာပစ္စည်းကိုမှ ပိုမထားသင့်ပါဘူး။ ဒါဆိုရင်တော့ ကိုယ့်အိမ်ကြမ်းခင်းလေးတွေကို အလှပဆုံး ပြင်ဆင်နိုင်ပြီနော်။ Written By : Lily ( ShweProperty.com )
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties