By Ra Wai, Shweproperty.com
Updated at 29 December 2021
ကျန်းမာတဲ့မိသားစုအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ပတ်ဝန်းကျင် လိုအပ်ပါတယ်။ ကိုယ်နေထိုင်တဲ့ အိမ်မှာ ပိုးမွှားကင်းစင်ပြီး သန့်ရှင်းသပ်ရပ်နေမှ မိသားစုဝင်တွေလည်း ရောဂါဘယကင်းရှင်းပြီး ကျန်းမာနေမှာ ဖြစ်ပါတယ်။ ရေချိုးခန်းဆိုတာ အိမ်တွင်းအခန်းတစ်ခန်းဖြစ်တာကြောင့် သန့်ရှင်းနေဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ရောဂါပိုးမွှားနဲ့ ဖုန်၊အညစ်အကြေးတွေ အများဆုံးစုနိုင်တာ ရေချိုးခန်းပဲမဟုတ်လား။ ရေချိုးခန်းမှာ တစ်နေ့တာတွေ့ကြုံလာတဲ့ အညစ်အကြေးတွေ၊ အမှိုက်တွေကို ရေနဲ့ ဆေးကြောသန့်စင်ကြတာပါ။ ဒါ့အပြင် ရေအိမ်ပါ တွဲလျက်ရှိတဲ့ ရေချိုးခန်းအဖို့တော့ ဘက်တီးရီးယားပိုးမွှားက ပိုလို့တောင် ခိုအောင်းနိုင်ပါသေးတယ်။ ဒါကြောင့် ရေချိုးခန်းသန့်ရှင်းနေဖို့ဆိုတာ မိသားစုတစ်စုရဲ့ ကျန်းမာရေးအတွက် အလွန်ကို အရေးကြီးပါတယ်။ ရေချိုးခန်းကို ဘယ်နှရက်တစ်ခါ သန့်ရှင်းရေး လုပ်ပေးရမလဲ ပုံမှန်အားဖြင့်တော့ ရေချိုးခန်းကို တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ ရေချိုးခန်းနံရံတွေ၊ ကြမ်းပြင်တွေ၊ တံခါးတွေကို တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် ဆပ်ပြာဆေးရည်နဲ့ ဆေးကြောသန့်စင်ပေးပါ။ ရေချိုးခန်းသုံးပစ္စည်းတွေဖြစ်တဲ့ ရေဘုံဘိုင်၊ ရေပုံးတွေ၊ ရေခွက် စတာတွေကိုလည်း ပုံမှန်ဆေးကြောပေးရပါမယ်။ အကယ်၍အိမ်မှာ မိသားစုဝင်တွေ များပြီး ရေချိုးခန်းတစ်ခုတည်းက ဘုံသုံးဖြစ်နေတယ်ဆိုရင်တော့ တစ်ကြိမ်ထပ်ပိုပြီး သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ အထူးသဖြင့် ရေချိုးခန်းမှာ ရေအိမ်ပါတွဲပါနေရင်တော့ မပျက်မကွက်ကို သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ ရေချိုးခန်းကို အမြဲသန့်ရှင်းအောင် ဘယ်လိုထားကြမလဲ အောက်မှာဆက်လက်ဖော်ပြပေးမယ့် နည်းနာတချို့ကို လိုက်နာမယ်ဆိုရင်တော့ ရေချိုးခန်းသန့်ရှင်းရေးကို ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ ရောဂါစုဝေးနိုင်တဲ့ ရေချိုးခန်းကို ပိုးကင်းရှင်းအောင် သန့်ရှင်းရေး လုပ်ပေးမယ်ဆိုရင် မိသားစုလည်း ကျန်းမာနေမှာ ဖြစ်ပါတယ်။ ၁။ ပုံမှန်သန့်ရှင်းရေး လုပ်ပါ တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် ရေချိုးခန်းနံရံတွေ၊ ကြမ်းပြင်တွေ၊ ရေစည်ရှိတယ်ဆို ရေစည်နံရံတွေကို ပိုးသတ်ဆပ်ပြာဆေးရည်နဲ့ ပွတ်တိုက်ပြီး သန့်ရှင်းရေးလုပ်ပါ။ ရေအိမ်ရှိမယ်ဆို ရေအိမ်ကိုလည်း သန့်ရှင်းရေး လုပ်ပေးပါ။ မပျက်မကွက်နဲ့ သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ ကိုယ့်အိမ်သားမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်တာ၊ ဖျားနာတာဖြစ်တာဆိုရင် ဒီထက်ပိုစိပ်စိပ် သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ ၂။ ရေချိုးခန်းသုံးပစ္စည်းတွေကိုလည်း သန့်ရှင်းပေးပါ ရေချိုးခန်းသုံးပစ္စည်းဖြစ်တဲ့ ရေဘုံဘိုင်ခေါင်း၊ ရေခွက်၊ ရေပန်းနဲ့ ရေပုံးတွေကိုလည်း သန့်ရှင်းရေး လုပ်ပေးရပါမယ်။ ရေဆင်းတဲ့ ရေထွက်ပေါက်ကိုလည်း ပိတ်ဆို့မှုမရှိအောင် ဂရုစိုက်ရပါမယ်။ မှန်ကန်စိတ်ချရတဲ့ ပိုးသတ်အာနိသင်ပါတဲ့ ဆေးရည်ကိုရွေးပြီး သန့်ရှင်းရေးလုပ်ပေးရပါမယ်။ ရေစင်၊ ရေချိုးခန်းသုံးမှန်ကို သုတ်ပေးပါ။ မှန်မှာကပ်ငြိနေတဲ့ မှိုတွေ၊အစွန်းအထင်းတွေကို ပွတ်တိုက်ပေးပါ။ သွားပွတ်တံအပိုတွေ၊ သွားတိုက်ဆေးအခွံတွေကို စွန့်ပစ်ပါ။ ရေချိုးခန်းက လိုက်ကာတွေ၊ ကန့်လန့်ကာတွေကိုလည်း ၃ လကနေ ၆ လ တစ်ကြိမ် လဲပေးဖို့လိုပါတယ်။ ၃။ ရေအိမ်ကို အထူးဂရုစိုက်ပါ ရေအိမ်က ရောဂါပိုးမွှားစုဝေးရာပါ။ ရေအိမ်သွားပြီးတိုင်း ရေဆွဲချပါ။ ရေအိမ်တွင်းကို ပိုးသတ်ဆေးရည်နဲ့ ဆပ်ပြာနဲ့ ဘရပ်ရှ်နဲ့ ပွတ်တိုက်ပြီး ၁၀ မိနစ်ခန့် ဆေးကြောပေးသင့်ပါတယ်။ တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ်ဆေးကြောပေးပါ။ အိမ်သားများလေ ပိုပြီး အကြိမ်ရေများများ သန့်စင်ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ ရေအိမ်အသုံးပြုပြီးတိုင်း အဖုံးကိုချပြီး ပိတ်ထားပါ။ ရောဂါပိုးပြန့်နှံ့တာကို ကာကွယ်ပေးနိုင်ပါတယ်။ ၄။ အနံ့အသက်ကိုလည်း ဂရုစိုက်ပါ ရေချိုးခန်းအနံ့အသက်ကလည်း အရေးကြီးပါတယ်။ ရေသန့်စင် Air Fresher ဖြန်းဆေးတွေသုံးတာမျိုး၊ လေဝင်လေထွက်ပေါက် ထားပေးတာမျိုးလည်း လိုအပ်ပါတယ်။ လေဝင်လေထွက်ကောင်းနေမှသာ အနံ့အသက်လည်း နည်းမှာဖြစ်ပြီး ရောဂါပိုးခိုအောင်းနိုင်ချေလည်း နည်းသွားမှာ ဖြစ်ပါတယ်။ ၅။ အသစ်လဲလှယ်ပေးပါ ကျန်းမာရေးအတွက် ကိုယ်သုတ်ပုဝါ၊ မျက်နှာသုတ်ပုဝါတွေကို လစဉ်လဲလှယ်ပေးပါ။ သွားတိုက်တံကို ၃ လ တစ်ခါ လဲလှယ်ပေးပါ။ ရေချိုးခန်းက ထွက်ရင်သုတ်တဲ့ လက်သုတ်ပုဝါ၊ ခြေသုတ်ခုံ စတာတွေကိုလည်း လစဉ် လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။ မိသားစုကျန်းမာရေး ကောင်းစေဖို့ ရေချိုးခန်းသန့်ရှင်းရေးထိန်းသိမ်းစို့ ကျန်းမာတဲ့ပတ်ဝန်းကျင်ကို ကျန်းမာတဲ့အမူအကျင့်တွေနဲ့ မပျက်မကွက်ထိန်းသိမ်းရပါမယ်။ ဒါမှသာ ကျန်းမာတဲ့မိသားစုတွေ ဖြစ်လာမှာဖြစ်ပါတယ်။ ရေချိုးခန်းသန့်ရှင်းရေးဟာလည်း မိသားစုအတွက် ကျန်းမာတဲ့ပတ်ဝန်းကျင်ကို ဖြစ်စေနိုင်မှာမို့ ပိုးမွှားကင်းစင်ပြီး သန့်ရှင်းမွှေးပြန့်အောင် ထိန်းသိမ်းတာက အရေးကြီးတဲ့အတွက် လိုက်နာစရာနည်းလမ်းအသွယ်သွယ်ကို မျှဝေလိုက်ရပါတယ်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ သန့်ရှင်းဖို့လိုကို လိုအပ်တဲ့ အိမ်တွင်းပစ္စည်း(၆)မျိုး သင့်အိမ်မှာ ဒီအပင်တွေရှိရဲ့လား အိမ်သန့်ရှင်းရေး လုပ်ခြင်းကနေ ရလာနိုင်တဲ့ ကောင်းကျိုး (၅) မျိုး အိမ်မှာခိုအောင်းနေတဲ့ကြမ်းပိုးတွေကိုအပြတ်ရှင်းနိုင်မယ့် အလွယ်ကူဆုံးနည်းလမ်း(၅)သွယ် Credit By: DR.KKMM Posted By : Ra Wai, ShweProperty.com
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties