By Aye Sandar, Shweproperty.com
Updated at 14 June 2021
မြန်မာလူမျိုးအချို့ ဗေဒင်နက္ခတ်များကို ယုံကြည်သက်ဝင်ကြသလို တရုတ်လူမျိုးအများစုသည်လည်း လွန်ခဲ့သော နှစ်ပေါင်း ၃,၀၀၀ ကျော်က အသုံးပြုခဲ့သော ဖုန်းရွှေ (Feng Shui) အယူအဆများကို ကံဇာတာကောင်းမွန်စေဖို့ရာ စနစ်တကျ လိုက်နာတတ်ကြပါသည်။ ဒီနေ့မှာလည်း ချီစွမ်းအားရဲ့ ခံတွင်းပေါက်ဟု တင်စားခေါ်နိုင်သော မိမိအိမ်တွင်း အခြွေအရံ၊ ဉစ္စာဓနပေါကြွယ်စေမယ့် ဖုန်းရွှေ နည်းလမ်းများကို လေ့လာတင်ပြအပ်ပါသည်။ စည်းစိမ်ဉစ္စာပေါကြွယ်စေနိုင်ပြီး ငွေဝင်ကြမ်းစေဖို့ အိမ်ရှေ့တံခါးပေါက်အပြင်အဆင်အရေးကြီးပုံ အိမ်ရှေ့တံခါးပေါက် ဖွင့်ရာတွင် အတွင်းဘက်ကိုသာ ဖွင့်လှစ်သင့်ပါသည်။ အဓိပ္ပာယ်မှာ အိမ်ရှေ့တံခါးကို အတွင်းမျက်နှာဘက်သို့ဖွင့်ခြင်းဟာ လာဘ်လာဘများကို ကြိုဆိုခြင်း သို့မဟုတ် ချီစွမ်းအားကို ဆွဲယူပေးခြင်းလို့ သတ်မှတ်နိုင်ပါတယ်။ ဆန့်ကျင့်ဘက်အားဖြင့် တံခါးများသည် အပြင်ဘက်သို့ ဖွင့်ထားတဲ့ပုံစံဖြစ်နေပါက ဖုန်းရွှေအစီအရင်ကို ဖျက်ဆီးနှောင့်ယှက်ရာ ရောက်ပါတယ်။ အိမ်ရှေ့တံခါးပေါက်ဟာ ရွှေငွေဉစ္စာများဝင်ရောက်ရာ လမ်းကြောင်းဖြစ်ပြီး သေချာဂရုစိုက်ဖို့လိုအပ်ပါမည်။ဖုန်းရွှေရှေ့တံခါးဟာ အလွန်ကြီးနေတာမျိုး၊ သေးငယ်တာမျိုး ဖြစ်မနေသင့်ပါဘူး။ အိမ်နေတိုက်ခန်းဟာ သေးငယ်နေပါစေ ဖုန်းရွှေတံခါးတစ်ချပ်ဟာဆိုရင်တော့ ပြည့်စုံတဲ့ အကျယ်အဝန်း ပမာဏ ရှိနေဖို့လိုအပ်ပါလိမ့်မည်။ အိမ်ရှေ့တံခါးပေါက်အချိုးအစားသည် ချီစွမ်းအင်ကို ဖိတ်ခေါ်ဖို့ရာ လုံလောက်တဲ့ အကျယ်အဝန်း မရှိပါက ကြေးမုံပြင်တပ်ဆင်ထားနိုင်ပါတယ်။ ကြေးမုံတပ်ဆင်ရာတွင် တံခါးဖွင့်ရာ လမ်းကြောင်းမှာ ချိတ်ဆွဲထားခြင်းဖြင့် ချီစွမ်းအားနဲ့ ဆုံတွေ့နိုင်ဖို့ရာ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်စေမှာပါ။ သတိထားရမည်မှာ ဉစ္စာဓနများ ဝင်လာရာလမ်းကြောင်းဖြစ်သည့် တံခါးချပ်တွင် ညစ်ပေစွန်းထင်နေတာမျိုး၊ လက်ကိုင်ဘုမှာ သံချေးတက်နေတာမျိုး၊ ရေညှိများကပ်နေတာမျိုးတွေ ဖြစ်မနေသင့်ပါဘူး။ မြန်မာအယူတွင်လည်း ရှောင်သင့်သည့် အိမ်တွင် လာဘ်ပိတ်စေနိုင်သော အယူအဆတွေရှိသလို ဖုန်းရွှေတို့တွင်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ တံခါးနဲ့ မျက်နှာကျက်ကြားမှာ လုံလောက်တဲ့ အမြင့်ရှိနေသင့်ပါသည်။ အိမ်တစ်အိမ်တွင် မျက်နှာကျက်နိမ့်နေခြင်းက ချီစွမ်းအားတွေ တံခါးပေါက် ဖြတ်သန်းဝင်ရောက်လာသည့်အခါမျိုးတွင် အားနဲ့ ဖိထားတဲ့ သဘောမျိုးဖြစ်နေတတ်ပြီး မိသားစုအတွက်ကောင်းမွန်တဲ့ နိမိတ်မျိုးဖြစ်စေမှာ မဟုတ်ပါဘူး။ ဒါဆိုရင် အိမ်ရှေ့တံခါးပေါက်ဟာ သင့်အိမ်ရဲ့ စီးပွားလာဘ်လဘအတွက် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာ သိကြလောက်ပြီထင်ပါတယ်။ အခုဆက်ပြောပြပေးမှာကတော့ အိမ်ရှေ့တံခါးကို အားကောင်းတဲ့ ဖုန်းရွှေတံခါးတစ်ချပ်ဖြစ်အောင် ဘယ်လိုဖန်တီးယူရမလဲဆိုတဲ့ အချက်ထဲက ၃ချက်ကို ပြောပြပေးပါမယ်။ ၁။ ကံကောင်းစေတဲ့ လာဘ်ပွင့်စေတဲ့ အပင်များကို အိမ်ဝင်ပေါက်ရဲ့ တစ်ဘက်တစ်ခြမ်းစီမှာ ထားရှိပေးပါ။ ၂။ အိမ်ဝင်ပေါက်နဲ့ ဧည့်ခန်းတိုက်ရိုက် မျက်နှာချင်းဆိုင်ကျရောက်နေအောင် ပြုပြင် ပြောင်းလဲထားခြင်းဟာလည်း ကျက်သရေတိုးပွားလာအောင် ပြုပြင်တဲ့နည်းတစ်နည်းလို့ မှတ်ယူနိုင်ပါတယ်။ ၃။ ခြူးတစ်စုံ ထားရှိခြင်းက အိမ်ကို ထိခိုက်စေတဲ့ မကောင်းတဲ့ စွမ်းအားရန်မှ ကာကွယ်စောင့်ရှောက်ပေးနိုင်ပါတယ်။ (အထက်ပါအကြောင်းအရာများကို စုတုပြုကာ တင်ပြထားခြင်းဖြစ်ပါကြောင်း) ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ သင့်ဇာတာမှာ ဘယ်လိုအိမ်မျိုးနဲ့နေရမလဲ ဒင်ကျမ်းအရ အိမ်ဆောက်ရက် ၊အိမ်ဆောက်လ ရွေးနည်း အိမ်မှာထားရင် ကံကောင်းခြင်းတွေ ရောက်လာစေတဲ့ ပစ္စည်း ၇ မျိုး အိမ်ဆောက်ရင် ဘေးအန္တရယ်ကင်းအောင် လှေကားထစ် ဘယ်နှထစ်ထားရမလဲ Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties