By News Week Journal, Shweproperty.com
Updated at 13 May 2015
မြန်မာနိုင်ငံကွန်ပျူတာအသင်းမှဦးစီး ၍ တည်ဆောက်ရန် ICTဇုန်အတွက် မြေနေရာညှိနှိုင်းနေကြောင်း အဆိုပါ အသင်းချုပ်ဥက္ကဠ ဦးခွန်ဦးမှ ပြောကြားကြောင်းသိရသည်။ ယင်းဇုန်ကို ယခုနှစ်အကုန်တွင် တည်ဆောက်ရန် ရည်မှန်းထားကြောင်း သိရသည်။
လက်ရှိတွင် မြေနေရာဝယ်ယူရန် မြေရှင်များနှင့် ညှိနှိုင်းမည်ဖြစ်ကြောင်း၊ယင်းဇုန်ကို မြေဧက (၃၀၀)အကျယ်တွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ အဆိုပါဇုန်တွင် စီးပွားရေး ဇုန်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် သင်တန်းထရိန်နင် စင်တာများ၊ Call စင်တာများနှင့် ဆောဖ့်ဝဲလ် စင်တာများလည်း ထည့်သွင်းထားကြောင်း သိရသည်။
အဆိုပါစီမံကိန်းကို ငါးနှစ်အတွင်း အလုပ်သမား(၆) သောင်းဖြင့် စတင်လုပ်ကိုင်မည် ဖြစ်ကြောင်း၊ နောက်(၅) နှစ် (၁၀) နှစ်အတွင်း ဝန်ထမ်းပေါင်း တစ်သိန်းကျော်ဖြင့် လည်ပတ်သွားနိုင်ရန် ခန့်မှန်းထားကြောင်း၊ Sofware Developer (၁) သိန်းကိုလည်း ခန့်ထားပြီး လုပ်ငန်းများလည်ပတ်သွားမည် ဖြစ်ကြောင်း အသင်းချုပ် အထွေထွေ အတွင်းရေးမှုးက ပြောပါသည်။
နည်းပညာခေတ်တွင် ကုမ္ပဏီတည်ထောင်ကာ စီးပွားရေးလုပ်ကိုင်လိုသည့် နည်းပညာရှင်များ ကုမ္ပဏီ ဖွင့်လှစ်နိုင်ရန် ချိုသာသော ဈေးနှုန်းဖြင့် ဆောင်ရွတ်သွားမည် ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှပ်နှံမည့် သူများကိုလည်း ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ယင်းကပြောသည်။
ယခုဆောင်ရွတ်မည့်အိုင်စီတီဇုန် စီမံကိန်းတည်ဆောက်ရာတွင် မြေညှိခြင်း၊ လျှပ်စစ်မီးသွယ်တန်းခြင်း၊ ရေပေးဝေစေနစ်များ စသည့်လုပ်ငန်းများ ဆောင်ရွတ်ရမည်ဖြစ်သောကြောင့် ပြီးစီးရန် ငါးနှစ်စောင့်ဆိုင်းရမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ရန်ကုန်မြို့ လှိုင်မြို့နယ်တွင်တည်ရှိသော မြန်မာအင်ဖိုလ်တက်ခ်ကို အိုင်စီတီလုပ်ငန်းများ စုစည်းလုပ်ကိုင်နိုင်မည့် နေရာအဖြစ် (၂၀၁၄) ခုနှစ်မှ စတင်ကာ တည်ထောင်ထားခြင်းဖြစ်ကြောင်း သိရသည်။
Ref : News Week Journal
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties